Pages

Saturday, September 7, 2013

မကဒတ မြောက်ပိုင်း ခေါင်းဆောင်များ အကျယ်ချုပ် ချ ခံနေရ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) ABSDF ခေါင်းဆောင်တ
ချို့ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က လက်နက်တွေသိမ်းဆည်းပြီး အကျယ်ချုပ်နဲ့ ထိန်းသိမ်း
ထားတယ်လို့ ဖေ့ဘုတ် အင်တာနက် လူမှုရေးစာမျက်နှာတွေမှာ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းကို ဆက်သွယ်မေးမြန်းရာမှာ မဟုတ်မမှန်ပါဖူး
လို့ ငြင်းဆိုပါတယ်။

အလားတူ လိုင်ဇာအခြေစိုက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အမည်မဖေါ်လိုတဲ့ တပ်မှူးတစ်
ဦးကလည်း မဟုတ်ကြောင်း RFA ကို သောကြာနေ့က ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။

ဒါပေမယ့် အစိုးရအရာရှိတစ်ဦးကတော့ အဲဒီသတင်းဟာ မှန်ကန်ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်း
စဉ်တွေနဲ့ ပတ်သက်ပြီး အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းခေါင်းဆောင်တွေနဲ့ ကေအိုင်အိုအကြား သ
ဘောထား မတိုက်ဆိုင်တာကြောင့် အခုလို ကျောင်းသားတပ်မတော် မြောက်ပို်င်းခေါင်းဆောင်တချို့ကို
ဖမ်းဆီးထိန်းသိမ်းထားတာလို့ သူတို့သိရှိရကြောင်း RFA ကို အမည်မဖေါ်ပဲ ပြောဆိုပါတယ်။

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအဖွဲ့ဟာ အစိုးရငြိမ်းချမ်းရေးဖော်
ဆောင်မှု ကော်မတီနဲ့ အချက် ၁၂ ချက်ပါ ပြည်ထောင်စုအဆင့် သဘောတူလက်မှတ်ရေးထိုးထားပြီ က
ချင်လွတ်မြောက်ရေးအဖွဲ့ KIO ကလည်း အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် (၇)
ချက်ကို သဘောတူလက်မှတ်ရေးထိုးထားပါတယ်။

RFA Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...