၇-၉-၂၀၁၃နေ့ ယနေ့ နံနက်၀၉၀၀နာရီ အချိန်တွင် မော်လမြိုင် လေယာဉ်ကွင်းသို့
မဲဆောက်လေဆိပ်မှ
Nok Air လေကြောင်းလိုင်းဖြင့် လိုက်ပါ စီးနင်းလာသည့် ခရီးသည်(၉)ဦး
ဆင်းသက်ရာတွင် လေကြောင်း
ဗီဇာမပါတဲ့ ခရီးသည်တဦးကို စစ်ဆေးတွေ့ ရရှိကြောင်း Myanmar News Now မှ
သတင်းရရှိပါသည်။
အဆိုပါ လေယာဉ် ဆင်းသက်ရာတွင် လေယာဉ် ရဲတပ်ဖွဲ့စုမှူး
ရဲမှူးအောင်ဘုန်းကျော်၊ မော်လမြိုင်မြို့နယ်
ရဲတပ်ဖွဲ့မှ ဒုမြို့နယ်မှူး ဒုရဲမှူး
အေးမင်း ဦးစီး ရဲတပ်ဖွဲ့ဝင်များ၊ အထူး စုံစမ်းရေး ဦးစီး ဌာနမှ
စုံစမ်းရေးမှူး
မျိုမင်းစိန်၊ မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်ချစ်ကိုမြင့်နှင့်
တပ်ဖွဲ့ဝင်များ မော်လမြိုင် လူကုန်ကူးမှုအဖွဲ့မှ ရဲအုပ်
အောင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး
ဦးစီးဌာနမှ ဒုလ၀ကမှူး ထိန်းလင်းနှင့်အ
ဖွဲ့များ၊ အကောက်ခွန်မှ ဒုအကခမှူးကျော်ကိုဝင်းတို့မှ လုံခြုံရေး
ဆောင်ရွက်ပြီး ခရီးသည်များအားစစ်ဆေး
ရာတွင် ဂျာမဏီနိုင်ငံသား တစ်ဦးအား ဗီဇာမပါရှိကြောင်း စစ်ဆေးတွေ့ ရှိရခြင်း
ဖြစ်သည်။
ဗီဇာမပါတဲ့ ဂျာမဏီနိုင်ငံသား အား မော်လမြိုင်လေယာဉ်ကွင်းတွင် ဆင်းခွင့်
မရှိသဖြင့် အဆိုပါလေယာဉ်
ဖြင့် မဲဆောက်သို့ ပြန်လည်ထွက်ခွာ သွားစေကြောင်း သိရပါသည်။
by Myanmar News Now
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...