မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ဖြစ်ပွားခဲ့သည့် ရဲအချင်းချင်း ပစ်
ခတ်မှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဝင်များအား လက်နက် ကိုင်ဆောင်မှုများကို စနစ်တကျ
ကြီးကြပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲ ရေး
ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
အဆိုပါတာဝန်ရှိသူက ''ရဲ တွေ လက်နက်ကိုင်ဆောင်မှုနဲ့ပတ် သက်ပြီး
စည်းကမ်းတင်းကျပ်မှု တွေ ပြန်
လည်လုပ်ဆောင်သွားဖို့ အစီအစဉ်တွေရှိတယ်''ဟု ပြော သည်။
ပြည်သူ့ဝန်ထမ်းရဲတပ်ဖွဲ့ဝင် အရာရှိများအနေဖြင့် အရေးတ ကြီးတာဝန်ချိန်မှအပ
ကျန်အချိန် များတွင်
လက်နက်ကိုင်ဆောင်ခြင်း မပြုရန်နှင့် ပြည်သူ့ဝန်ထမ်းရဲများ အနေဖြင့်
အရပ်ဝတ်ဖြင့် လက် နက်ကိုင်
ဆောင်ခြင်းများ တွေ့ရှိ ပါက အကြောင်း ကြားရန် စသည့် ကိစ္စများကို
အထူးကြပ်မတ်သွား မည်ဟု သိ
ရသည်။
ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာ ရှိ ဦးမျိုး
ဝင်းက ''ရဲတပ်ဖွဲ့တွေမှာ အရာရှိအဆင့်ပဲ ကျည်ဆန်နဲ့ သေ နတ်ကိုင်
ခွင့်ရှိတယ်။
အရာရှိမဟုတ် တဲ့ သာမန်အဆင့်ရဲတပ်ဖွဲ့ဝင်တွေ ဆိုရင်တော့ သေနတ်ပဲပေးထား တာ။
ကျည်မပေးဘူး။
လိုအပ်မှ ကျည်ဆန်ချပေးရတာ။ ရဲတွေ လက် နက်ကိုင်ဆောင်မှုနဲ့ ပတ်သက်ပြီး
ချမှတ်ထားတဲ့ ဥပဒေ
တွေ အများ ကြီး ရှိတယ်''ဟုပြောသည်။
ယင်းကဲ့သို့ ပြည်သူ့ဝန်ထမ်း ရဲတပ်ဖွဲ့ဝင်အချင်းချင်း သေနတ် ကိုင်ဆောင်ကာ
ပြဿနာဖြေရှင်း ခြင်း
သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အ နေဖြင့် လူအများပြောစရာကိစ္စ
တစ်ခုဖြစ်ကြောင်းကို တရားလွှတ် တော်
ရှေ့နေတစ်ဦးက ''ဒီကိစ္စက ရဲအချင်းချင်း ပြဿနာ ဖြစ် ရာက နေ စဖြစ်တာပေမယ့်
သေနတ်နဲ့ ဖြေ
ရှင်းတာကတော့ ဥပဒေမဲ့ရာ ကျလွန်းတယ်''ဟုပြောသည်။
မန္တလေးတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးတွင် စက်တင်ဘာ၂ ရက်က
ဒုရဲအုပ်မှရဲအုပ်တစ်ဦးအား သေနတ်
ဖြင့် တေ့ပစ်ခဲ့သော ကြောင့် ရဲအုပ်သေဆုံးခဲ့ရသည့် ဖြစ်ရပ်
တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကျော်မြတ်ဇံ
Yangon Media Group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...