ဆီးရီးယား အစိုးရ အနေဖြင့် သူပုန်တပ်များကို ဓာတုလက်နက်များ အသုံးပြု
တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲ
မှုများ အားကောင်းနေချိန်တွင် သူပုန်တပ်များဘက်မှလည်း ရက်စက်လွန်းသည့်
လုပ်ရပ်များ ကျူးလွန်
နေကြောင်း မှတ်တမ်း အထောက်အထားများ ထွက်ပေါ်လာခဲ့သည်။
New York Times သတင်းဌာနက ဖော်ပြခဲ့သော ဗီဒီယို မှတ်တမ်း တစ်ခုတွင် သမ္မတ
ဘာရှာ အာဆက်ဒ်
၏ သစ္စာတော်ခံတပ်သား (၇)ဦးကို ဆီးရီးယားသူပုန်များက သတ်ဖြတ်နေပုံကို
တုန်လှုပ် ခြောက်ခြားဖွယ်
တွေ့ရှိရသည်။
ဆီးရီးယား စစ်သားများကို အဝတ်အစားများချွတ်ကာ မြေကြီးပေါ် တွန်းလှဲပြီး
သူပုန်တပ်ဖွဲ့ဝင် အများအ
ပြားက ၎င်းတို့ကို ကန်ကျောက် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။
ယင်းစစ်သားများအနက် အချို့သည် ကျော
ဘက်နှင့် လက်မောင်းတို့တွင် ဆိုးဆိုးရွားရွား ဒဏ်ရာများ ရရှိထားသည်ကို
တွေ့ရသည်။
အဆိုပါ စစ်သည်များ၏ ဦးခေါင်းကို သေနတ်ဖြင့် တေ့ကာ ပစ်မသတ်မီတွင်
ဦးလေးကြီးဟု အများက ခေါ်
ဝေါ်သည့် သူပုန်အဖွဲ့ခေါင်းဆောင် အက်ဘ်ဒူလ်ဆာမက်ဒ် အစ်ဆာက ရိုးရာ
ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ခဲ့
သည်။
ထို့နောက် ပထမဆုံး ကျည်ဆန်ကို ၎င်းကိုယ်တိုင် ပစ်ခတ်ခဲ့သည်။
"နှစ်ပေါင်း(၅၀)လောက် ကြာညောင်း
အောင် သူတို့တွေဟာ အကျင့်ပျက် ခြစားမှုရဲ့ နောက်လိုက်တွေ ဖြစ်ခဲ့ကြတယ်။
ကျုပ်တို့ဟာ ဘုရားသခင်
ကို တိုင်တည်တယ် ကျမ်းကျိန်တယ် ကျုပ်တို့ လက်စားချေမယ်"ဟုလည်း ၎င်းက
ပြောကြားခဲ့သေးသည်။
အဆိုပါ ခြောက်ခြားစရာ ဖြစ်ရပ်သည် (၂၀၁၂)ခုနှစ်၊ ဧပြီလက ရိုက်ကူးထားသည့်
မှတ်တမ်း ဗီဒီယိုထဲမှ
ပုံရိပ်လည်း ဖြစ်သည်။ ယခုဗီဒီယိုကို သူပုန်တပ်ဖွဲ့ဝင်ဟောင်း
တစ်ဦးကိုယ်တိုင်က မိမိအနေဖြင့် ယင်း
ရက်စက် ကြမ်းကြုတ်မှုများကို စိတ်ပျက်ကြောင်း ဝန်ခံပြီး New York Timesသို့
လက်လွှဲပေးခဲ့ခြင်း ဖြစ်
သည်။
ပစ်သတ်ခံရသော ဆီးရီးယား စစ်သားများ၏ အလောင်းများကိုမူ ရေတွင်းဟောင်း
တစ်ခုထဲတွင် စွန့်ပစ်
ခဲ့ကြသည်။ အစ်ဆာသည် ယခုသုတ်သင်မှုကို ဗီဒီယို ရိုက်ကူးထားရန် ကိုယ်တိုင်
ညွှန်ကြားခဲ့ပြီး ထိုဗီဒီ
ယိုကို ပြသကာ တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေရန် ရည်ရွယ်ခဲ့ကြောင်း
သိရသည်။
ဆီးရီးယား အစိုးရသည် မိမိတို့၏ စစ်သားများကို သူပုန်များက ရက်စက်စွာ
သတ်ဖြတ်နေခြင်းကို နိုင်ငံတ
ကာက သိရှိနိုင်မည် မဟုတ်ဟု ဝေဖန်ခဲ့ဖူးသလို ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးက
မိမိတို့၏ လေတပ်
ပိုင်းလော့ တစ်ဦးကို ခေါင်းဖြတ်ကာ ဆီပူအိုးထဲ ထည့်ကြော်သည့်
ဗီဒီယိုမျိုးကို ကြည့်ရှုဖူးကြောင်း ပြော
ကြားခဲ့ဖူးသည်။
ယခင်ကလည်း ဆီးရီးယား သူပုန်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးသည် စစ်သားတစ်ဦး၏
အလောင်းကို ဓား
တစ်ချောင်းဖြင့် လှီးဖြတ်ကာ အသည်းနှလုံးထုတ်ပြီး တစ်ဖဲ့ယူစားပြဖူးသည့်
စက်ဆုပ်ဖွယ်ရာ ဗီဒီယို မှတ်
တမ်းမျိုး ထွက်ပေါ်ခဲ့ဖူးသည်။
Planet Myanmar Network
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...