Pages

Saturday, September 7, 2013

NLD ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီဖွဲ့ပြီ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာ CEC တွေ တံခါးပိတ်
အစည်း အဝေး ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီကို ပုဂ္ဂိုလ် ၇ ဦးနဲ့
ဖွဲ့စည်းကြောင်း ယနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။



NLD ပါတီ CEC တံခါးပိတ်အစည်းအဝေးက ပြန်ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

NLD ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ မှာ ပါဝင်သူတွေကတော့ ဦးထွန်းထွန်း
ဟိန်၊ ဦးအောင်သိန်း၊ ဦးကျော်ဟိုး၊ ဦးကြည်ဝင်း ( လပွတ္တာ )၊ ဦးမောင်ဖေတင်၊ ဦးကိုနီ၊ ဦးဌေးဦးတို့
ဖြစ်ကြပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဦးဥာဏ်ဝင်း လက်မှတ်ရေးထိုး ထားတဲ့ ပါတီရဲ့ ထုတ်ပြန်ချက်ကို
အောက်မှာ ပူးတွဲ ဖော်ပြလိုက်ပါတယ်။


The Irrawaddy's Blog by အိမ့်သံစဉ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...