Pages

Tuesday, September 3, 2013

တပ်မတော်နှင့် ကေအိုင်အေ ဆွမ်ပရာဘွမ် အနီး တိုက်ပွဲ ဆက်တိုက်ဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၂
အပစ်အခတ်ရပ်စဲရေး သဘောတူနိုင်ရန် ဆွေးနွေးနေဆဲကာလတွင် တပ်မတော်နှင့် ကေအိုင်အေတို့
ပူတာအိုခရိုင် ဆွမ်ပရာဘွမ်အနီးတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ငြိမ်း
ချမ်းရေး အကျိုးတော်ဆောင်များထံမှ သိရသည်။

ပူတာအိုနှင့် ဆွမ်ပရာဘွမ်ကြား တပ်မတော် စစ်ကြောင်းနှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့်
အင်ခါးခါရွာတွင် နေထိုင်သူ ၁၀၀ ကျော် တောထဲတွင် ပုန်းအောင်းနေရကြောင်း၊ ၇၀ ကျော်ကို နောင်
ခိုင်ကျေးရွာ ကချင်နှစ်ခြင်း အသင်းတော်နှင့် မချမ်းဘော နှစ်ခြင်းအသင်းတော်က စောင့်ရှောက် ထား
ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဆရာဒေါက်တာခလမ်ဆမ်
ဆွန်က ပြောကြားသည်။

“ဒုက္ခသည်တွေ ထပ်တိုးနေတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်”
ဟု ၎င်းကဆိုသည်။

ကေအိုင်အေ တပ်မဟာ (၁) အောက်ရှိ တပ်ရင်း (၇) နေရာကို တပ်မတော်နှင့် ရဝမ်ပြည်သူ့စစ်တို့ ပူး
ပေါင်း၍ စစ်ကြောင်း ချီလာသည့်အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံအချို့နှင့် ဘာ
သာရေး ခေါင်းဆောင်များက ပြောကြားသည်။

ဒေသခံငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးကမူ “တပ်မတော်စစ်ကြောင်းကို ကေအိုင်အေက စ
ပြီးချောင်းပစ်တာ” ဟု ဆိုသည်။

တပ်မတော်နှင့် ကေအိုင်အေတို့သည် ၂၀၁၃ ခုနှစ်နှစ်ဆန်းပိုင်းမှ စတင်ကာ တိုက်ပွဲများရပ်ဆိုင်း ထား
သော်လည်း သြဂုတ်လကုန်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းလည်း ဖြစ်သည်။

တရုတ်-မြန်မာနယ်ခြားမှတ်တိုင် အမှတ် (၆) အနီးတွင်လည်း နယ်ခြားစောင့်တပ် (NDA-K ဖျက်သိမ်း၍
အသွင်ပြောင်းလိုက်သည့် ဦးဇခုန်တိန့်ယိန်း၏ လက်နက်ကိုင်အဖွဲ့) နှင့် ဒေသခံပြည်သူစစ်များ ပါဝင်
သည့် အဖွဲ့နှင့် ကေအိုင်အေတို့ သြဂုတ်လ တတိယပတ်က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အစိုးရအဖွဲ့နှင့် ကေအိုင်အိုတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို စက်တင်ဘာလအတွင်း ဆွေး
နွေးနိုင်ရန် ပြင်ဆင်ထားကြောင်း နှစ်ဖက်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...