သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ရပ်မှန်ဇာတ်လမ်းကို မြန်မာနိုင်ငံရုပ်ရှင်
အစည်းအရုံးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်တို့
ပူးပေါင်းကာ‘လွတ်လမ်းမရှိ’ အမည်ဖြင့် ဇာတ်ကားရိုက်ကူးမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း က ပြောကြားသည်။
အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့်(၄၉)
ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့် အနေနှင့် ၂၀၀၁
ခုနှစ်တွင်ရွှေပြည်သာမြို့နယ်၌ ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှု
အကြောင်းကို ရိုက်ကူးမည် ဖြစ်ကြောင်း ယင်းအမှုသည် အချိန် ၅ နှစ်ခန့်ကြာမှ
တရားခံကို ပြန်လည်ဖော်ထုတ်နိုင်ကြောင်း၊ ယင်းဇာတ်လမ်းတွင် အဓိက
ပညာပေးလိုသည်မှာ လူယုံသတ်၍သေနိုင်သည်ဆိုသော အကြောင်းဖြစ်ပြီး ပထမဆုံး
ဇာတ်လမ်းအဖြစ် ဖော်ပြခြင်းခံရ၍ ဝမ်းသာကြောင်း အဆိုပါ ဇာတ်ကားအတွက်
ဝတ္ထုဇာတ်လမ်း ရေးသားသူ ရဲအုပ်မောင်မောင်အေး (ငြိမ်း) စုံထောက်မောင်ရေခဲက
ပြောကြားသည်။
“ဒီဇာတ်လမ်းမှာ အေးမြတ်သူက ရဲမေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ။
ဒီဇာတ်လမ်းက အစ်မ အတွက် ပထမဆုံး ဂုဏ်ပြုဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက်
အရမ်းဝမ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ အခုလို ဒီမိုကရေစီ လမ်းကြောင်းကို
သွားနေတဲ့ခေတ်မှာ ပြည်သူတွေကို အကျိုးပြုတဲ့ ရဲတပ်ဖွဲ့ကိုဂုဏ်ပြုရတဲ့အတွက်
ဝမ်းသာပါတယ်” ဟု သရုပ်ဆောင်အေးမြတ်သူက ပြောကြားသည်။
ယင်းဇာတ်လမ်း ရိုက်ကူးရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လိုအပ်သည်များကို
ဖြည့်ဆည်းပေးမည် ဖြစ်ပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးရန်အတွက်
အကောင်းဆုံး ရိုက်ကူးသွားမည် ဖြစ်ကြောင်း၊ ယခု ရိုက်ကူး မည့် ဇာတ်လမ်းသည်
ပညာပေးဇာတ်လမ်း ဖြစ်သောကြောင့် ပြည်သူများထံသို့လောင်းကစားနှင့် ပတ်သက်
သည့် အသိတစ်ခု ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း ဒါရိုက်တာမီးပွားက
ပြောကြားသည်။
အဆိုပါဇာတ်လမ်းကို ဝတ္ထုဇာတ်လမ်း စုံထောက် မောင်ရေခဲက ရေးသားထားပြီး
ဇာတ်ညွှန်းမြမြင့်မိုရ်၊ ဒါရိုက်တာမီးပွားနှင့်
သရုပ်ဆောင်ဖြိုးငွေစိုး၊ အေးမြတ်သူ၊ သားညီတို့က အဓိကပါဝင်
ရိုက်ကူးမည်ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် ရုပ်သံလိုင်းများမှ
ထုတ်လွှင့်ပြသမည် ဖြစ်သည်။
The Voice Weekly

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...