သာကေတမြို့နယ် (၄)ရပ်ကွက် တောင်ပိုင်းတွင်ရှိသော မြကန်သာ သောက်ရေကန်တွင်
အဆိပ်ခတ်
သည် ဟု ကောလာဟလဖြန့်သူကို ဥပဒေနှင့်အညီ တရားစွဲဆိုရန်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါကောလဟာလ ဖြန့် သူဦး---မှာ ၄/မြောက်ရပ်ကွက် မြို့မ
(၉)လမ်းတွင်နေထိုင်သူဖြစ် ပြီး ယင်း
ကိုရပ်ကွက်အုပ်ချုပ်ရေး မှူးက တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ''ရေ ကန် အဆိပ်ခတ်တယ် ဆိုပြီး ၄/ တောင်ရပ်ကွက်
အုပ်ချုပ်ရေးမှူး က အ
ကြောင်းကြားတော့ ဌာနဆိုင် ရာတွေက သွားကြည့်ကြတယ်။ ရေကို
မြို့နယ်ကျန်းမာရေးကနေ တစ်
ဆင့် ဓာတ်ခွဲခန်းကိုပို့ပြီးစစ် ဆေးတော့ ရေမှာအဆိပ်သင့်တဲ့ လက္ခဏာ
မတွေ့ရဘူးလို့ စစ်ဆေး ချက်
အဖြေထွက်လာတယ်။ အခု ၄/ တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုပြီး
ကောလာဟ လဖြန့်
တဲ့သူကို ဥပဒေနဲ့အညီအ ရေးယူဖို့ဆောင်ရွက်နေတယ်။ ဒါ ဟာ
နောက်ထပ်ဒီလိုမျိုးတွေ မဖြစ် ရ
အောင် ကြိုတင်သတိပေးလိုက် တဲ့သဘောပါ'' ဟု မြို့နယ်အုပ်ချုပ်
ရေးမှူးဦးစန်းမင်းက ပြောသည်။
ဩဂုတ် ၂ရရက် မွန်းလွဲ ၁ နာရီတွင် မြကန်သာသောက်ရေ ကန်ပေါ်မှ အမည်မသိသူ
သုံးဦး ဆင်းလာ
သည်ကို ဦး---ကတွေ့မြင် ပြီး ယင်းတို့အနက်တစ်ဦးမှာ လုပ် ပြီးပြီလားဟုမေးရာ
ကျန်နှစ်ဦးမှ လုပ်ပြီး
ပြီဟုဖြေဆိုသဖြင့် ရေကန် ပေါ်သို့သွားရောက်ကြည့်ရာ အ
စိမ်းရောင်ဆေးများတွေ့သဖြင့် ၎င်းကိုယ်
တိုင် ကန်အတွင်းသို့ဆင်း ၍ ရေများကိုခပ်ထုတ်ခြင်း၊ ပတ်
ဝန်းကျင်သို့အဆိပ်ခတ်သည်ဟု ပြောသဖြင့်
လူစုလူဝေးဖြစ်ပွား သွားကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ် သက်၍
သက်ဆိုင်ရာဌာနများမှ ကန်ရေကိုစစ်
ဆေးရာအဆိပ်ဖြစ် စေသော ဓာတုဆေးများမတွေ့ ရှိရကြောင်း ဓာတုဗေဒဝန်ရုံးမှ
စစ်ဆေးချက်အရသိ
ရသည်။
''အဲဒီနေ့က ဦးတို့ဒီအကြော် တဲမှာ ထမင်းစားနေတဲ့ အချိန်မှာ ဖြစ်တာပါ။
မိန်းမတစ်ဦးလာပြီး ဦးတို့ကို
ပြောသွားတယ်။ ကန်ပေါ် မှာ ဆေးပုံးတွေလာချ သွားတာ တွေ့တယ်လို့ပြောပြီး
ဥက္ကဋ္ဌကို သွားပြောပေး
ဖို့ ပြောတယ်။ ဦးလဲ ဥက္ကဋ္ဌကိုသွားပြောတော့ သူက ကန်ထဲကရေတွေကို ခပ်ထုတ်ဖို့
ပြောလို့ ဦးကခပ်
ထုတ်ပေးရတာ ပါ။ အဲဒီသတင်းကတဖြည်းဖြည်း ပျံ့သွားပြီး လူတွေစုလာတယ်။
ဦးကသူတို့ကို အဆိပ်
ခတ်တယ်လို့ တော့မပြောဘူး။ ဆေးရည်တွေ တွေ့တယ်လို့ပဲပြောတာ။ စေတနာ နဲ့
ဥက္ကဋ္ဌကိုသွားပြော
ပေးတာပဲ ရှိတယ်။ အဲဒီအချိန်က ကျွန်တော် လဲအရက်နည်းနည်းမူးနေတယ်။
ဒါနဲ့ပတ်သက်ပြီး တရား
စွဲမယ်လုပ် ထားတာကိုလဲ မသိသေးပါဘူး''ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက
တရားစွဲဆိုရန်စီစဉ်နေသည့်
ယင်း ရပ်ကွက်မြို့မ (၉)လမ်းတွင် နေ ထိုင်သူကပြောသည်။
ယင်းအမှုကို ၄/ တောင်ရပ် ကွက် အုပ်ချုပ်ရေးမှူးမှ တရား လိုပြုလုပ်၍
တရားစွဲဆိုရန် ဆောင် ရွက်နေ
ကြောင်း သိရသည်။ ''မြို့နယ်အေးချမ်း သာယာ ဖို့အတွက် ဥပဒေအတိုင်းဆောင်
ရွက်ရမှာပဲ။ ကောလာ
ဟလက ဖြစ် တတ်ပါတယ်။ ပြဿနာတစ်ခု ဖြစ်လာရင် အရေးယူဖို့ထက် ကြို တင်ကာကွယ်တာက
ပို
ကောင်း တယ်။ ဒီမြို့နယ်က ဧရိယာကျဉ်း တော့ တစ်ခုခုဖြစ်ရင် လူစုတာမြန် တယ်။
ဒါကြောင့်ဥပဒေနဲ့
အညီ ကြိုတင်ကာကွယ်ရမှာပဲ''ဟု မြို့ နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
Yangon Media Group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...