သံ ဃာတော်များ ရေးဆွဲထားသော မျိုးစောင့်ဥပဒေကြမ်းပါ အချက် အလက်များနှင့်
၁၉၅၄ လက်ထပ်
ထိမ်းမြားခြင်း ဥပဒေပါအချက် အလက်တို့ကိုပေါင်းစပ်၍ဥပဒေ တစ်ခုရေး ဆွဲကာ
လွှတ်တော်တင် သွား
မည် ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က
ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွန့်က
''၁၉၅၄ခုနှစ် ဥပဒေ ဟာ ခေတ်
ကာ လနဲ့ မလျော် ညီ တော့တဲ့အတွက် ပြောင်းကိုပြောင်း ရမယ်။ သံဃာတော်တွေ ရဲ့
စေ တနာတွေကို
လဲ ဖြည့်စွက်ပေး ချင် တယ်။ ဒါကြောင့် လူ့အခွင့်အရေး လို့ ကြွေးကြော်နေတဲ့
ပုဂ္ဂိုလ်တွေ လဲ မေးခွန်းမ
ထုတ်နိုင်အောင် ၁၉၅၄ ဥပဒေနဲ့ သံဃာတော်တွေ ရေးဆွဲတဲ့ ဥပဒေကြမ်းတို့ကို လို
အပ်သလို ပေါင်းစပ်ပြီး
ဥပဒေ တစ်ခုကိုတင်သွားမယ်''ဟုပြော သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေပါ အခန်း(၈) ပုဒ်မ ၃၆၁ အရ နိုင်ငံတော်သည်
ဗုဒ္ဓဘာသာ သာသနာတော်
ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာ ဖြစ်သော
ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ
သာသနာ ဖြစ်သည်ဟု နိုင်ငံတော်ကအသိ အမှတ်ပြုသည် ဟူ၍ လည်းကောင်း ပုဒ်မ-၃၆၂ အရ
နိုင်ငံတော်
သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာ သနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်
ကိုး
ကွယ်သော ဘာသာ တို့ကို ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာ တည်သောနေ့၌
နိုင်ငံတော်တွင် ရှိနေကြ
သော ကိုးကွယ် ရာဘာ သာများဟူ၍ အသိအမှတ်ပြု သည်ဟူ၍ ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ၂၀၀၈ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း (၈) ပုဒ်မ-၃၆၁
နှင့် ၃၆၂ တို့ အရ ရဟန်း သံ
ဃာများ၊ ပြည်သူ များလည်း ထောက်ခံနိုင်သော လူ့ အခွင့်အရေး
စံနှုန်းများဖြင့်လည်း ထောက်ပြ၍မ ရနိုင်
သော ဥပဒေ တစ်ခုဖြစ်ရန်အတွက် ယင်းဥပ ဒေနှင့်ဥပဒေကြမ်းနှစ်ခုကို ပေါင်း
စပ်ကာ ဥပဒေ တစ် ခုပေါ်
ပေါက် လာရန်ကိုင်တွယ်သွားမည်ဟု ဦး သိန်းညွန့်က ပြောသည်။
မျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင် ရေးအတွက် ပါဝင်ဆောင်ရွက် ပေးနေသည့်
သံဃာတော်တစ်ပါး ဖြစ်သော မ
ကွေး ဆရာတော် ဦး ပါမောက္ခက ''ဦးဇင်းတို့မှာ ရည် ရွယ်ထားတဲ့ အချက်လေးချက်
ရှိပါတယ်။ ဒီအချက်
လေး ချက် ကို ပါဝင်အောင်ရေးဆွဲပေးနိုင် မယ်ဆိုရင် ဘယ်လွှတ်တော်ကိုယ်
စားလှယ်ပဲတင်တင် လက်ခံ
မှာ ပါ။ ဦးသိန်းညွန့်တို့ပါတီရဲ့ စေ တနာ မေတ္တာ၊ ဘာသာချစ်စိတ်၊
လူမျိုးချစ်စိတ်ကိုလက်ခံပါတယ်'' ဟု
မိန့်ကြား သည်။
သံဃာတော်များရည်ရွယ် ထားသောအချက်လေးချက်မှာ (၁)လက်ထပ်ထိမ်းမြားခြင်းဥပ ဒေ၊
(၂)တစ်
လင်တစ် မယားစနစ် ဖြစ်စေမည့်ဥပဒေ၊ (၃)သားဖွား နှုန်းကို ထိန်းချုပ်မည့်ဥပဒေ၊
(၄) ဘာသာ ကူး
ပြောင်းခြင်း ဆိုင်ရာ ဥပဒေတို့ဖြစ်ကြောင်းနှင့် ၁၉၅၄ ဥပဒေမှာ
ပစ္စည်းဥစ္စာကိုသာ ကာ ကွယ်ပေး ခြင်း
ဖြစ်ပြီး သံဃာတော် များ ရေးဆွဲသောဥပဒေမှာ ပစ္စည်း ကိုသာမက လူမျိုးပါ
ကာကွယ်ပေး နိုင်မည့်ဥပ
ဒေဖြစ်သောကြောင့် ၎င်းတို့နှစ်ခုပေါင်းစပ်လိုက်မည် ဆိုပါက
အဆင်ပြေနိုင်ကြောင်း ဆက်လက်မိန့်သည်။
Yangon Media Group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...