မိတ္ထီလာ၊ စက်တင်ဘာ ၁၅
မိတ္ထီလာမြို့၏ အခြေအနေ တည်ငြိမ်အေးချမ်းလာ၍ ညမထွက်ရ အမိန့်ကို စက်တင်ဘာလ ၁၅
ရက်
ညမှ စတင်၍ ည ၁၁ နာရီမှ နံနက် ၄ နာရီသို့ ပြင်ဆင်သတ်မှတ်ပေးလိုက်ကြောင်း
မိတ္ထီလာခရိုင်အုပ်
ချုပ်ရေးမှူး ဦးတင်မောင်စိုးက The Voice သို့ ပြောကြားသည်။
မိတ္ထီလာမြို့တွင် ပဋိပက္ခစတင်ဖြစ်ပွားခဲ့သော ယခုနှစ် မတ်လ ၂၀ ရက်မှ စတင်ကာ
ပုဒ်မ ၁၄၄ ထုတ်
ပြန်၍ ညမထွက်ရ အမိန့်ကို ည ၇ နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်ခဲ့သော်လည်း
မြို့၏ အခြေအ
နေ တည်ငြိမ်လာမှုပေါ် မူတည်၍ ညမထွက်ရ အမိန့်ကို တစ်နာရီစီ နောက်ဆုတ်ခဲ့ရာမှ
ယခုကဲ့သို့ ည
၁၁ နာရီအထိ ရောက်ရှိလာကြောင်း၊ ယနေ့ည စက်တင်ဘာလ ၁၅ ရက်ညတွင် မြို့နေလူထု
သိရှိစေ
ရန် မြို့တွင်းသို့ အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာပေးမည် ဖြစ်ကြောင်း
မိတ္ထီလာခရိုင် အုပ်ချုပ်
ရေးမှူးရုံးမှ သိရသည်၊
“ည ၁၀ နာရီ အထိတုန်းက ခရီးသွားတွေ အတွက်ကတော့ အခက်အခဲလေးတွေ ရှိပါတယ်။
တခြားမြို့
က မိတ္ထီလာကို ဝင်လာတဲ့ ခရီးသည်တင်ကားတွေက အကြောင်း အမျိုးမျိုးကြောင့်
မြို့ဝင် နောက်ကျ
တာတွေ ရှိပါတယ်။ ၁၀ နာရီထိုးကာနီးမှ ကားကွင်းထဲကို ကားရောက်လာရင်
မြို့အစွန် ရပ်ကွက်တွေ
မြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ရွာကို ပြန်ချင်သူတွေ အနေနဲ့ အခက်အခဲလေးတွေ
ရှိပါတယ်။
အဲဒီအချိန်ကျမှ တည်းခိုခန်း သွားရင်လည်း အဆင်မပြေကြဘူး။ ကားကွင်းထဲမှာ မနက်
၎ နာရီအထိ
စောင့်ကြရတယ်၊ အခုလို နောက်ဆုတ်ပေးလိုက်ခြင်းအားဖြင့် သွားလာရေးမှာ
ပိုပြီးအဆင်ပြေလာမှာ
သေချာပါတယ်” ဟု သီရိမင်္ဂလာ ရပ်ကွက်ရှိ အဝေးပြေး ယာဉ်ရပ်နားစခန်း အနီးတွင်
နေထိုင်သော
ဦးစိုးဝင်းက ဆိုသည်။
မိတ္ထီလာမြို့မဈေးတွင် မတ်လ ၂၀ ရက်နေ့က ရွှေဆံကုတ် ရောင်းရာမှ ဖြစ်ပွားသော
ပဋိပက္ခကြောင့်
လူ ၅၀ ကျော် သေဆုံးခဲ့ပြီး အိမ်ခြေ ၅၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
The Voice Weekly

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...