Pages

Monday, September 16, 2013

အိန္ဒိယမှ ခုနှစ်နှစ်သမီးလေး ငိုလိုက်သည့်အခါ မျက်ရည်များက ကျောက်သားဖြစ်သွား

အိန္ဒိယနိုင်ငံမှ ခုနှစ်နှစ်သမီးလေး ကူရာနီရှာသည် ငိုလိုက်သည့်အခါ မျက်ရည်များက ကျောက်သားကဲ့သို့ ဖြစ်သွားသောကြောင့် အိန္ဒိယနိုင်ငံမှ သမားတော်များ လွန်စွာ အံ့အားသင့်နေရကြောင်း Metro သတင်းဌာနက နိုဝင်ဘာလ ၁၇ရက်နေ့တွင် ဖော်ပြသည်။ လွန်ခဲ့သည့် သီတင်းနှစ်ပတ် အတွင်း ကူရာ၏ ညာဘက်မျက်လုံးမှ ယင်းကဲ့သို့ ကျောက်ခဲများထွက်လာ သော်လည်း ဆရာဝန်များက ယခုတိုင် အကြောင်းရင်းကို မဖော်ထုတ်နိုင်သေး သည်ဟုဆိုသည်။ အဆိုပါ မိန်းကလေး ငိုကြွေးခြင်းမှ နေ၍ တစ်နေ့လျှင် ကျောက်ခဲငယ် ၁၂ခဲမှ ၂၅ခဲထိ ရရှိသည်ဟုဆိုသည်။ ယင်းကဲ့သို့ ကျောက်ခဲများ ငိုချမှုကြောင့် နာကျင်မှုခံစားရသော်လည်း ယင်းကဲ့သို့ ကျောက်ခဲများအဖြစ် မငိုချမီ သူ၏ညာဘက်မျက်လုံးမှာ ရောင်ကိုင်း၍ လာသည်ဟုဆိုသည်။ မိန်းကလေးငယ်၏ မိဘများသည် အထူးကု ဆရာဝန်ပေါင်းများစွာ ပြခဲ့ပြီ ဖြစ်သော်လည်း မည်သူကမှ ယခုတိုင် အကြောင်းရင်းကို ဖော်ထုတ်နိုင်ခြင်း မရှိသေး ဟုဆိုသည်။
By ပြည်မြန်မာ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...