ကရင်ပြည်နယ် မြဝတီမြို့က လောင်းကစားဂိမ်းရုံ ၂၄ ရုံကို မြဝတီခရိုင်
ရဲတပ်ဖွဲ့က လောင်းကစား
စက်ပစ္စည်းတွေအပြင် ဆိုင်ရှင် ၂ ဦးကိုပါ ဖမ်းဆီးလိုက်တယ်လို့
မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးက ဒီနေ့
ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်အတွင်းကတည်းက
လောင်းကစားရုံတွေအားလုံး
ကို ပိတ်သိမ်းဖို့ စီမံချက်နဲ့ ဆောင်ရွက်နေတာဖြစ်တယ်လို့ မြဝတီခရိုင်
ရဲတပ်ဖွဲ့မှူး ရဲမှူးဦးမင်းနောင်
က ပြောပါတယ်။
“ကျနော်တို့က ၂ ရက်နေ့ကနေစပြီးတော့ သတိပေးထားပါတယ်၊ အဲဒီနေ့ကစပြီးတော့
တော်တော်
များများ ပိတ်သွားပါတယ်၊ ပိတ်သွားပြီးတဲ့နောက် ၁၃ ရက်နေ့
လောင်းကစားပစ္စည်းတွေ လာအပ်
ဖို့ အချိန်ပေးထားပါတယ်၊ လာအပ်ကြပါတယ်၊ ၁၄ ရက်နေ့မှာတခါ
အစည်းအဝေးလုပ်ပြီးတော့ သ
တင်းရတာနဲ့ လောင်းကစားဒိုင်တစ်ခု၊ လောင်းကစားအိမ်တစ်ခု ထပ်ဖမ်းပါတယ်”
ဒီလိုဖမ်းဆီးရာမှာ လောင်းကစား ဂိမ်းစက် ၁၂၉ လုံးကို သိမ်းယူထားပြီး
လောင်းကစားရုံပိုင်ရှင်အား
လုံးကို ခံဝန်ချက် ထိုးခိုင်းတယ်လို့ သိရပါတယ်။
ဒီလိုလောင်းကစားရုံတွေ ဖမ်းဆီးပိတ်သိမ်းမှုကို ကရင်ပြည်နယ်
တစ်ခုလုံးအတိုင်းအတာနဲ့ ဆောင်
ရွက်နေတာဖြစ်ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ဒီလို
အရေးယူဆောင်ရွက်မူ
တွေကို သဘောတူတယ်လို့ သိရပါတယ်။
RFA Burmese
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...