Pages

Friday, September 20, 2013

ယာဉ်မောင်းများ အရည်အချင်း ပြည့်ဝမှု မရှိခြင်းကြောင့် ယာဉ် မတော်တဆ ဖြစ်မှု များပြားလာ

ရန်ကုန်မြို့တွင် ယာဉ်အစီးရေ များပြားလာသည့်နည်းတူ အရည်အချင်းမပြည့်ဝသည့် ယာဉ်မောင်းများ
aကြာင့် ယာဉ်မတော်တဆ ဖြစ်ပွားမှု ပိုမိုများပြားလာနေကြောင်း “မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း”မှ
ပညာရှင်များ၏ ပြောကြားချက်အရ သတင်းရရှိသည်။

“ဒီနောက်ပိုင်း ၀င်လာတဲ့ မော်တော်ယာဉ်တွေက အဆင့်မြင့်လာတယ်၊ Auto ကားတွေဆိုတော့ ဘရိတ်နဲ့
လီဗာနဲ့ပဲ ပါတော့တယ်၊ တချို့ဖြစ်ရပ်တွေမှာ လီဗာနဲ့ ဘရိတ် မှားနင်းပြီး ဖြစ်တဲ့ ဖြစ်စဉ်တွေကို တွေ့ရ
တယ်၊ နီးစပ်ရာကနေ ယာဉ်မောင်းသင်ပြီး မောင်းနေကြတာဆိုတော့ သဘောတရားတွေကို စနစ်တကျ
မတတ်မြောက်ကြဘူး”ဟု “ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာန”မှ ညွှန်ကြားရေးမှူး(ငြိမ်း)တစ်
ဦးက ဆိုသည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လအထိ ခုနစ်လတာ ကာလအတွင်း ရန်ကုန်မြို့၌ ယာဉ်မတော်တဆမှု
ပေါင်း ၁,၀၉၇ မှု ရှိခဲ့ပြီး သေဆုံးသူ ၂၀၅ ဦး၊ ဒဏ်ရာရသူ ၁,၆၀၁ ဦး ရှိခဲ့ကာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊
ဇန်န၀ါရီလမှ ဒီဇင်ဘာလ တစ်နှစ်တာလုံးတွင် ယာဉ်မတော်တဆမှု ၁,၂၄၂ မှု၊ သေဆုံးသူ ၂၉၁ ဦး၊ ဒဏ်
ရာရရှိသူ ၁,၈၆၉ ဦး ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

Automobile Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...