နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် စက်တင်ဘာ ၇ ရက် နေ့လယ်အချိန်မှာပင်
လူငါးဦးက လူတစ်ဦးကို
သေနတ်ပြပြီး ကျင်စက်ဖြင့်တို့ကာ လူရောကားပါ ခေါ်ဆောင်သွားသည်။
ကယန်းပြည်သစ်ပါတီမှ စီးပွားရေးတာဝန်ခံ ကိုလင်းထိန်သည် စက်တင်ဘာ ၇ ရက်
မွန်းလွဲ ၂ နာရီက
နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်း (၇)လမ်းရှိ ကားဝပ်ရှော့တွင်
ကားပြင်နေစဉ် မတ်တူးကား
တစ်စီး၊ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာသူ ငါးဦးက သေနတ်ပြပြီး
ကျင်စက်ဖြင့်တို့ကာ လူရောကားပါ
ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများနှင့် ရဲမှတ်တမ်းတွင်
ဖော်ပြထားသည်။
ငါးဦးထဲမှတစ်ဦးက ကိုလင်းထိန်ကို သေနတ်ပြကာ ကျင်စက်ဖြင့်တို့ပြီး
ပျော့ခွေသွားချိန်တွင် လက်ဖြင့်
ရိုက်နှက်ကာ ကယန်းအဖွဲ့က ဖမ်းခိုင်းလိုက်သည်ဟု ပြောဆိုကာ ဖမ်းဆီးသွားပြီး
ကိုလင်းထိန်ပိုင် ပါဂျဲ
ရိုးကားကိုပါ မောင်းနှင်သွားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထိုကိစ္စကို နေပြည်တော်၊ ပျဉ်းမနားမြို့မရဲစခန်းသို့ ဖမ်းဆီးခံရသူ၏ဇနီး
မအေးအေးထွန်းက စက်တင်
ဘာ ၈ ရက်တွင် လာရောက်တိုင်ကြား အမှုဖွင့်ခဲ့သည်။ လာရောက်ဖမ်းဆီးသူများမှာ
မင်းမင်း(၃၀)နှစ်
ရေနီမြို့၊ ကိုလတ် (၂၈)နှစ် လွိုင်ကော်မြို့၊ ကျော်ကျော်(ခ)ငကျော်
(၃၀)နှစ်၊ ဦးသိန်းအောင် (၅၀)နှစ်၊
ကယန်းပြည်သစ်ပါတီတာဝန်ခံ (ဟောင်း)၊ လွိုင်ကော်မြို့တို့ဖြစ်သည်ဟု ဆိုသည်။
““အဲဒီအဖွဲ့ထဲမှာ ဦးစိုးသိန်းပါဝင်တယ်လို့ ၀ပ်ရှော့ကလူတွေဆီက သိရတယ်။
ဦးစိုးသိန်းဆိုတာကကျွန်မ
တို့လင်မယားကို အကြွေး သိန်း ၈၀ ပေးစရာရှိသေးတယ်။ အဲဒါနဲ့များ
ပတ်သက်နေမလားတော့ မပြော
တတ်ပါဘူး။ ဖြစ်တာကတော့ မနေ့ကပါ။ ကျွန်မလည်း မလုပ်တတ်၊ မကိုင်တတ်နဲ့
ဟိုစုံစမ်း၊ ဒီစုံစမ်းရင်းနဲ့
ဒီနေ့မှ အမှုလာဖွင့်ဖြစ်တာပါ””ဟု အဖမ်းခံရသော ကိုလင်းထိန်၏ဇနီး
မအေးအေးထွန်းက ဆိုသည်။
““သူတို့တွေမှာ လက်ထိတ်ရယ်၊ ကျင်စက်ရယ်၊ ပစ္စတိုသေနတ်ရယ်ပါတယ်။ သေနတ်အတုလား၊
အစစ်
လားတော့မသိဘူး။ ကျင်စက်နဲ့တို့ ထိုးကြိတ်ပြီး လက်ထိတ်ခတ်ခေါ်သွားတာ။
သူ့ကားပါ မောင်းသွား
တယ်။ ငါးယောက်ထဲက နှစ်ယောက်က ပြောက်ကျားအ၀တ်အစားတွေ ၀တ်ထားတယ်။ အဖွဲ့အစည်း
နာမည်သုံးသွားပေမယ့်လည်း ကျွန်တော်တို့က မယုံပါဘူး””ဟု
မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောဆို
သည်။
ကိုလင်းထိန်သည် ကယန်းပြည်သစ်ပါတီမှ စီးပွားရေးတာဝန်ခံဖြစ်ပြီး
လက်ရှိတွင်လည်း ကားပွဲစား
လုပ်ကိုင်နေကြောင်း မအေးအေးထွန်းက ပြောသည်။
အဆိုပါအမှုကို ပုဒ်မ ၃၈၆ ဖြင့် ပျဉ်းမနားရဲစခန်းတွင် အမှုဖွင့်ထားသည်။
အလားတူဖြစ်ရပ်မျိုး နေပြည်
တော်ဒေသတွင် လုံးဝမဖြစ်ဖူးသေးကြောင်းလည်း ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကယန်းပြည်သစ်ပါတီ (KNLP)ထံသို့ အစိုးရ၏
ဆက်သွယ်အကြောင်းကြား
မှုကို ရရှိထားကြောင်း ပါတီတွင်း စုံစမ်းစစ်ဆေးမှုများ
စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း KNLP
ဒုဥက္ကဋ္ဌ ဦးသန်းထက်က ပြောသည်။
““အတိအကျမသိသေးတော့ မပြောနိုင်သေးဘူး။ ပါတီဝင်တွေဟုတ်၊ မဟုတ်ဆိုတာကိုလည်း
စိစစ်နေ
တယ်””ဟု ၎င်းက ပြောသည်။ ပြဿနာဖြစ်ပွားရာတွင် ပါဝင်သူများသည်
၎င်းတို့ပါတီဝင်များဖြစ်ခဲ့
သည်ဆိုပါကလည်း ရဲက မှတ်တမ်းတင်သကဲ့သို့ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်းမှာ
မဖြစ်နိုင်ကြောင်း၊
၎င်းတို့ပါတီအနေဖြင့် မြို့ပေါ်တွင် သေနတ်ကိုင်ဆောင်ခွင့်မရှိကြောင်း
ဦးသန်းထက်က ပြောသည်။
7day daily

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...