Pages

Tuesday, September 10, 2013

မီးနီဖြတ်မောင်းသော ပြိုင်ကား အငှားယာဉ်တိုက်

ရန်ကုန်၊ စက်တင်ဘာ ၉
လမ်းမတော်မြို့နယ် သရက်တော ကျောင်းတိုက်အနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုန်းကြီးလမ်းမီးပွိုင့်
တွင် စက်တင်ဘာလ ၈ ရက်နေ့ ည ၁၂ နာရီခွဲခန့်က မီးနီကိုဖြတ်၍ အရှိန်ပြင်း မောင်းနှင်လာသော ပြိုင်
ကားနှင့် အငှားယာဉ်တစ်စီးတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း လမ်းမတော် မြို့နယ် မြို့မရဲစခန်းမှ ရဲအ
ရာရှိတစ်ဦးက ပြောကြားသည်။

“ဘာဖြစ်မှန်းတော့ မသိဘူး။ အုန်း၊ ဆိုတဲ့အသံကြီးကြားလို့ ဆင်းကြည့်တာ ပြိုင်ကားထဲက ဆင်းလာတဲ့လူ
က တော်တော်မူးနေပုံရတယ်။ သူက အငှားယာဉ်ကို ကွေ့ပြီးတော့ကို တိုက်လိုက် တာ” ဟု မျက်မြင်တွေ့
ရှိသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ ပြိုင်ကားမှာ အခြားသော အငှားယာဉ်တစ်စီးကို အလုံလမ်းရှိ Summit Parkview ဟိုတယ်ရှေ့မှစ
၍ လိုက်လံတိုက်ရာမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုန်းကြီးလမ်း မီးပွိုင့်တွင် လိုက်တိုက်ခံရသော အငှား
ယာဉ် လွတ်မြောက်ခဲ့သော်လည်း အခြားသော အငှားယာဉ်ကို တိုက်မိ ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ယာဉ်
တိုက်မှုကို မျက်မြင်တွေ့ရှိခဲ့သူ အငှားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

အဆိုပါ ပြိုင်ကားမောင်းနှင်သူ ဒဏ်ရာရရှိသည်ကို မတွေ့ရကြောင်းလည်း မျက်မြင်တွေ့ရှိရသူ အချို့ထံမှ
သိရသည်။

စမ်းချောင်းဘက်မှ ပြည်လမ်းအတိုင်း မောင်းနှင်လာသော Mazada RX-8 ပြိုင်ကားယာဉ်သည် ဗိုလ်ချုပ်
အောင်ဆန်းလမ်းနှင့် ဘုန်းကြီးလမ်း မီးပွိုင့်တွင် မီးနီဖြတ်မောင်းရာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ မောင်းနှင်
လာသော တိုယိုတာ အငှားယာဉ်ကို တိုက်မိခဲ့သဖြင့် အငှားယာဉ်မောင်း ဦးထွန်းထွန်းမှာ ဘယ်ဘက်နား
ရွက်၊ ဦးခေါင်းငယ်ထိပ်တို့တွင် ပွန်းပဲ့ဒဏ်ရာများ နှင့် ညာဘက် မျက်ကွင်းဖူးရောင် ညိုမည်းဒဏ်ရာ ရရှိခဲ့
ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ဒဏ်ရာရရှိသူ အငှားယာဉ်မောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ကုသခဲ့ပြီး
အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဒဏ်ရာရရှိသူ တက်ရောက် ကုသနေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ စက်တင်ဘာ ၉ ရက် မွန်းလွဲ ၃
နာရီခန့်က သွားရောက် စုံစမ်းခဲ့သော်လည်း လူနာစာရင်းတွင် မရှိကြောင်း ဆေးရုံ၏ စုံစမ်းရေးဌာနမှ
ဆေးရုံဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ပြိုင်ကားမောင်းနှင်သူ ကံမင်းလှိုင်ကို ယာဉ်(ပ)/၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ ဖြင့် လမ်းမတော်မြို့နယ်
မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...