Pages

Wednesday, September 11, 2013

ရန်ကုန်တွင် ကိုယ်ပိုင်နှင့် အငှားယာဉ် ရပ်နားခွင့် မရှိသော လမ်းများစာရင်း ထုတ်ပြန်

ရန်ကုန်မြို့ရှိ လမ်းပေါင်းသုံးဆယ်ခန့်ကို ခရီးသည် ယာဉ်မှအပ အခြားကားမရပ်ရလမ်းအဖြစ် ယာဉ်စည်း
ကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက သတ်မှတ် လိုက်သည်။
ရန်ကုန်မြို့တွင် အဓိကလမ်းမကြီးနှင့် ခြောက်လမ်း သွားလမ်း ၂၇ လမ်းကို ယာဉ်မရပ်ရလမ်းများအဖြစ်
ကော် မတီမှ သတ်မှတ်လိုက်ခြင်းဖြစ်ရာ အဆိုပါနေရာများ၌ ယာဉ်ရပ်ပါက မော်တော်ယာဉ်ဥပဒေအရ
အရေးယူသွား မည်ဟု သိရသည်။

ရန်ကုန်မြို့၌ ယာဉ်အစီးရေ များပြားလာမှုကြောင့်ယာဉ်ကြောပိတ်ဆို့မှုများဖြစ် ပွားနေသဖြင့် လမ်းမကြီးများ
တွင် ယာဉ်မရပ်ရန် တင်းကျပ်စွာဆောင်ရွက်ရန် စီစဉ် ရခြင်းဖြစ်ကြောင်း ကော်မတီမှ သိရသည်။

ကိုယ်ပိုင်ယာဉ်များနှင့်အငှား ယာဉ်များ ရပ်နားမှုကို အရေးယူမည် ဖြစ်ပြီး ခရီးသည်တင် ယာဉ်များမှာလည်း
ယင်းနေရာများ၌ ရပ်၊ တင်၊ ထွက်စနစ် ကို ကျင့်သုံးရ မည်ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု
ကော်မတီက ယနေ့တွင် သတိပေးနှိုးဆော်စာထုတ် ပြန်လိုက်သည်။

ယာဉ်မရပ်နားရသည့် လမ်းမများ မှာ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊
ဗဟို လမ်း၊ အင်းစိန်လမ်း၊ လေးထောင့် ကန် လမ်း၊ ဗညား ဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့ရွှေဂုံတိုင်လမ်း၊
အနောက်ရွှေဂုံ တိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာ လမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီ လမ်း၊ သံသု
မာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန် သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရ ထာလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီ
လမ်း၊ ဗားကရာလမ်း၊ သမိုင်းဘူတာရုံ လမ်း၊ လှည်းတန်းလမ်းနှ င့် အောက်ပုဇွန် တောင်လမ်းတို့ ဖြစ်သည်။

အဆိုပါလမ်းများရှိ ဖြူနီကျား သုတ်ထားသော နေရာများ၌ ယာဉ် ရပ်တန်ပါက မော်တော်ယာဉ်ဥပဒေ ပုဒ်မ
၁၅၃ (ဈ) အရဒဏ်ငွေ နှစ်သောင်း တစ်ထောင့်ငါးရာနှင့် ဖြူနီကျား မသုတ်ထားသော နေရာများ၌ ရပ်တန့်
ပါက ပုဒ်မ ၁၃၄ (က) အရ ဒဏ်ငွေ တစ်သောင်း တစ်ထောင့်ငါးရာ ပေးဆောင်ရ မည်ဟု သိရသည်။ယင်း
ကို ပြစ်မှု ကျူး လွန်သူ ကိုယ်တိုင်တရားရုံး ၌ ပေးဆောင် ရမည် ဖြစ်သည်။

ကိုယ်ပိုင်ယာဉ်များနှင့် အငှားယာဉ် များရပ်နားမှုကိုအရေးယူမည်ဖြစ်ပြီး ခရီး သည်တင် ယာဉ်များမှာလည်း
ယင်းနေ ရာများ၌ ရပ်၊ တင်၊ ထွက်စနစ်ကို ကျင့် သုံးရမည် ဟု ယာဉ်စည်းကမ်းထိန်းသိမ်း ရေးကြီးကြပ်မှု
ကော်မတီက ယနေ့တွင် သတိပေးနှိုးဆော်စာထုတ်ပြန်လိုက်သည်။

ယာဉ်မရပ်နားရသည့် လမ်းမများ မှာ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊
ဗဟို လမ်း၊ အင်းစိန်လမ်း၊ လေးထောင့် ကန် လမ်း၊ ဗညား ဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့ရွှေဂုံတိုင်လမ်း၊
အနောက်ရွှေဂုံ တိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာ လမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီ လမ်း၊ သံသု
မာလမ်း၊မင်း နန္ဒာလမ်း၊ ကုန် သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရ ထာလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီ
လမ်း၊ ဗားကရာလမ်း၊ သမိုင်းဘူတာရုံ လမ်း၊ လှည်းတန်းလမ်းနှင့် အောက် ပုဇွန် တောင်လမ်းတို့ ဖြစ်သည်။

အဆိုပါ လမ်းများရှိဖြူနီကျားသုတ်ထားသော နေ ရာများ၌ ယာဉ်ရပ်တန့်ပါက မော်တော် ယာဉ်ဥပဒေ ပုဒ်မ
၁၅၃ (ဈ) အရဒဏ် ငွေကျပ် ၂၁၅ဝဝ နှင့် ဖြူနီကျား မသုတ် ထားသောနေရာများ၌ရပ်တန့်ပါက ပုဒ်မ ၁၃၄
(က) အရ ဒဏ်ငွေကျပ် ၁၁၅ဝဝ ပေးဆောင်ရမည်ဟုသိရသည်။ ယင်းကို ပြစ်မှုကျူးလွန်သူ ကိုယ်တိုင်တ
ရားရုံး၌ ပေးဆောင်ရမည် ဖြစ်သည်။

ဝေမာထွန်း
Popular Myanmar News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...