ပဲခူးတိုင်း ရွှေတောင်မြို့နယ်က ကျောင်းသားလေး သေဆုံးမှု ကိစ္စနဲ့ ပတ်သက်ပြီး
ပေးပို့လာတဲ့ စာတစောင်
ပါ။ တရားခံလို့ စွပ်စွဲ ခံထားရသူကို ရွှေတောင် တရားရုံးက ထောင်ဒဏ်
စုစုပေါင်း ၁ နှစ် နှင့် ၆ လ ပြစ်
ဒဏ်သာ ချမှတ်လိုက်တဲ့အတွက် သေဆုံးသူရဲ့ မိဘများဆီက အခုလို စာကို
ပေးပို့လာတာဖြစ် ပါတယ်။
ပဲခူးတိုင်းပြည်ခရိုင်၊ ရွှေတောင်မြို့နယ်
ရာဇာဝတ်တရားသူကြီး ဒေါ်လဲ့လဲ့ဝင်း (တ/၂၀၄၂)
တရားရုံးတင်၊ ၂၃-၁-၂၀၁၂ခုနှစ်၊
ပြစ်မှုကြီးအမှုအမှတ်(၃၂၇/၂၀၁၂)
တရားလို ဦးအေးဟုန် (သေဆုံးသူ -ကောင်းဆက်ပိုင် ၏ ဖခင်) နှင့်
တရားခံ (ရဲ) ဒု တပ်ကြပ် သဲမောင်မောင်တို့ ၏ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ -
၃၀၄(က)/ ၃၃၈ အရစွဲဆိုမှု။
ရုံးချိန်းပေါင်း (၆၀) (၁)နှစ်နှင့် (၈) လကြာခဲ့သည်။ သေဆုံးသူ အသက်(၁၆)နှစ်
မပြည့်သေးသောမောင်
ကောင်းဆက်ပိုင်နှင့် ဒဏ်ရာရရှိသွားသူ ကိုဇော်လင်းဦးတို့သည် ထိုနေ့က
ဆိုင်ကယ်စီး နင်းသွားလာ
နေစဉ် ဒု-တပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ဖြင့်လိုက်လာပြီး
နောက်မှထိုင်စီးသူ ကိုဇော်လင်းဦးကို
ဆွဲချခဲ့သဖြင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး၊ ဆိုင်ကယ်မောင်းနေသူ
မောင်ကောင်းဆက်ပိုင် ကိုလည်း
ခြေထောက်ဖြင့် ကန်လိုက်၍ ဆိုင်ကယ်လဲကျသေဆုံးသည်ဟု တရားလိုဘက်က တရားရုံးတွင်
တရား
စွဲဆို ထားသောအမှုဖြစ်သည်။
(၁၀-၉-၂၀၁၃) ရက်နေ့၊ မနက်(၁၁) ရွှေတော်မြို့နယ်တရားရုံး၊ တရားသူကြီးက
တရားခံ(ရဲ)ဒုတပ်ကြပ်
သဲမောင်မောင်အား ပုဒ်မ-၃၃၈ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၆) လကျခံစေ၊
ပုဒ်မ-၃၀၄(က)ကို အ
လုပ်ကြမ်းနှင့်ထောင်ဒဏ် (၁ နှစ်နှင့် ၆လ)ကျခံစေ၊ ပြစ်ဒဏ်များကို
တပြိုင်တည်းကျခံစေ ဟုအမိန့် ချ
မှတ် လိုက်သည်။
တရားခံသဲမောင်မောင်ကို ဓါတ်ပုံ - တွင်ပါသော
ရွှေတောင်တရားရုံးထဲတွင်ရပ်ထားသော ကားနံပါတ်
(၉ဂ/၈၃၇၄) ကားအဖြူလေးဖြင့် ခေါ်ဆောင်သွားသည်။ အမိန့်ချမှုနှင့်ပတ်သက်၍
တရားလိုဦးအေးဟုန်
က “ခုလိုစီရင်ချက်ချတဲ့အပေါ်မှာလုံးဝမကျေနပ်ပါဘူး။ တိုင်းတရားရုံးထိ
ဆက်တက်မယ်။
(၁၉၉၃)ခုနှစ် ကလေးသူငယ်ဥပဒေပေါ် အခြေမခံဘူး။ လောကမှာ လူ့အသက်လောက်ဘယ်ဟာက
အရေးကြီး ဆုံးလဲ၊ လူလို အသိအမှတ်မပြုတာတွေကြောင့် သေခဲ့ရတာ။ ကလေးတွေဟာ
တိုင်းပြည်
ရဲ့အနာဂတ်တွေပဲ။
အရည်အချင်းမရှိ၊ဆင်ခြင်တုံတရားမရှိ၊ ကျင့်ဝတ်မရှိတဲ့ သူကြောင့်သေခဲ့ရတာ၊
ကလေးသူငယ် အခွင့်
အရေး ကလေးသူငယ်ဥပဒေပေါ်မှာ ရပ်တည်မပေးခဲ့ဘူး။ ကလေးသူငယ်တွေဟာ
ထိခိုက်နစ်နာစေနိုင်
တဲ့ အနေအထားမှာရှိနေတယ်။
အထူး ကူညီယုယမှုနဲ့ ကာကွယ်စောင့်ရှောက်မှု လိုအပ်နေတာတွေကို အသိအမှတ်ပြုရမှာ။
ဒီလိုအဖြစ်
မျိုးနောက်နောင်ထပ်မံမဖြစ်ပွါးအောင် ရဲတပ်ဖွဲ့၊ အစိုးရ၀န်ထမ်း၊
ဥပဒေ၀န်ထမ်းတွေကလည်း လူ့အခွင့်
အရေး အကြောင်းတွေ သိထားဖို့အထူးအရေးကြီးတယ်။
ဒါမှလည်း အစိုးရတာဝန်ရှိသူတွေ အနေနဲ့
ပြည်သူ့တွေအပေါ်လူ့အခွင့်အရေးချိုးဖောက်တာမျိုး မလုပ်
နိုင်အောင် ကြိုတင်ကာကွယ် နိုင်မှာ။
အစိုးရလုပ်ငန်းတွေမှာလည်း ပြည်သူ့တွေအတွက် ဖြည့်ဆည်းပေးရမယ့်အရာတွေကို
လူ့အခွင့် အရေး
ရှုတောင့်ကနေ စဉ်းစားလုပ်ဆောင်နိုင်မှာ။ဲ ကလေးသူငယ်အခွင့်အရေးတွေကို
ဥပဒေနှင့်အညီလေးစားး
သင့်တယ်။ မလေးစားဘူး၊ ပစ်ပယ်တယ်၊ ငြင်းပယ်တယ်၊ အကြမ်းဖက်တယ်၊
အသိအမှတ်မပြုဘူး ခွဲခြား
ကန့်သတ်ခြင်းတွေမရှိအောင်ကလေးသူငယ်တွေကို
လူသားတစ်ယောက်အနေနဲ့အသိအမှတ်ပြုဖို့၊ အ
ရည်အချင်းရှိတဲ့ ကလေးသူငယ်အခွင့်အရေးသင်တန်းတွေကို ရဲတွေကိုပို့ချရမယ်။
အရည်အချင်း ရှိတဲ့ရဲတပ်ဖွဲ့ဖြစ်လာမှ ဒါမှ
ကျွန်တော်လိုမျိုးအဖြစ်ဆိုးမျိုးမဖြစ်မှာ၊ တိုင်းပြည် ရဲ့အနာဂတ်
တွေဖြစ်တဲ့ ကလေးတွေ ထပ်မံမဆုံးရှုံးမှာ ” ဟု တရား ဦးအေးဟုန်က
ပြောကြားခဲ့ပါတယ်။
ပုဒ်မ ၃၃၈-အခြားသူ
အသက်ကို(သို့)လုံခြုံရေးကိုဘေးဖြစ်စေသောပြုလုပ်မှုတစ်ခုခုပြုခြင်းဖြင့်
အပြင်း
အထန် နာကျင်စေမှု (၅)နှစ်ထိထောင်ဒဏ်တမျိုးမျိုးအပြင်ငွေဒဏ်။
ပုဒ်မ၃၀၄(က)-အရမ်းပေါ့ရော့မှုဖြင့်သေစေမှု-(၇)နှစ်ထောင်ဒဏ်တမျိုးမျိုးအပြင်ငွေဒဏ်။
သေစေတန်
ရာသည်ကိုသိလျှက်နှင့်ပြုလုပ်လျှင်-(၁၀)နှစ်ထိထောင်ဒဏ်
တမျိုးမျိုးအပြင်ငွေဒဏ်။(အာမခံမပေးနိုင်)
(၁၉၉၃)ခုနှစ် ကလေးသူငယ်ဥပဒေ ပုဒ်မ (၃)ပုဒ်မခွဲ(ဂ) ကလေးသူငယ်များသည်
ယင်းတို့၏ အခွင့်အ
ရေး များ ကို ဥပဒေနှင့်အညီအပြည့်အ၀ခံစားနိုင်ရေး အတွက်
ကာကွယ်စောင့်ရှောက်ရန်။ ပုဒ်မ(၁၆)ပုဒ်
မခွဲ(က) ကလေးသူငယ်တိုင်း၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့်
လုံခြုံမှုကိုအကြောင်းမဲ့
ထိပါးခြင်း မခံရစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက ဥပဒေနှင့်အညီ
ကာကွယ်စောင့်
ရှောက်ရမည်။
ပုဒ်မ(၃၇)ပုဒ်မခွဲ(က)ရဲအရာရှိက ကလေးသူငယ်ကို
လက်ထိတ်ခတ်ခြင်း၊ကြိုးဖြင့်ချည်နှောင်ခြင်းမပြုရ။
ပုဒ်မခွဲ(ဂ)နှိပ်စက်ညှဉ်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်းမပြုရ၊
ကလေးသူငယ်အခွင့်အရေး အပိုဒ်(၄) ကလေး
အခွင့်အရေး များကို နိုင်ငံတော်အစိုးရကဘက်ပေါင်းစုံမှ
အစွမ်းကုန်ကာကွယ်ပေးခြင်း။
အပိုဒ်(၆) အသက်ရှင်ရပ်တည်ခွင့်၊ အပိုဒ်(၃၇) ရက်စက်၍ မတရား
လူဂုဏ်သိက္ခာငြိုးနွမ်းသေး သိမ်သော
ပြစ်ဒဏ် မျိုးမပေးရ။ ပြုမှုဆက်ဆံခြင်း မပြုရ။ ကလေးသူငယ်တိုင်း
အသက်ရှင်ရန်နှင့် ကာကွယ်စောင့်
ရှောက်မှု ရရှိရန် အခွင့်အရေးနှင့် ဥပဒေရှိ သည်။
ရွှေတောင်မြို့နယ်တရားရုံးဖုန်း- ၀၅၃ ၅၅၀၀၆ ရွှေတောင်မြို့နယ်ဥပဒေရုံး- ၀၅၃
၅၅၀၄၇ တရားလို ဦး
အေးဟုန် အမှတ်(၉/ခ)၊ ရတနာမာန်အောင်ကွက်သစ်၊ ပြည်မြို့။ (၃-၉-၂၀၁၃)ရက်နေ့
အမိန့်ချမည်။
ဖုန်း- ၀၉ ၄၃၀၀၆၂၇၂
The Irrawaddy's Blog by အိမ့်သံစဉ်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...