မြန်မာ့ တပ်မတော်ရဲ့ တပ်ရင်းတပ်ဖွဲ့ရုံးတွေမှာ
ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အစဉ်အဆက်ခေါင်း
ဆောင်တွေရဲ့ ဓာတ်ပုံတွေကို စက်တင်ဘာလက စပြီး ချိတ်ဆွဲရမယ်ဆိုပြီး
ညွန်ကြားထားတယ်လို့
တပ်မတော်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဗိုလ်ချုပ်နေ၀င်း၊
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီး မင်း
အောင်လှိုင်စတဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့
လူတွေရဲ့ ပုံကို ချိတ်ဆွဲဖို့
ညွှန်ကြားလာတာလို့ တပ်နဲ့ နီးစပ်သူတွေက အတည်ပြုပြောကြားပါတယ်။
ဒါပေမဲ့ တပ်မတော်ရဲ့ သမိုင်းမှာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ်
အမြင့်ဆုံးတာဝန်ယူဖူးခဲ့တဲ့ ဗိုလ်
ချုပ်ကြီး စောမောင်နဲ့ ဗိုလ်ချုပ်ကြီး တင်ဦးတို့ရဲ့ပုံကို
ချန်လတ်ခဲ့တာတော့ မကောင်းဘူးလို့ တပ်
မတော်မှာ ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့
အမျိုးသားလွှတ်တော် ကိုယ်စား
လှယ် ဦးလှဆွေက ပြောပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တွေ တန်းစီမယ်ဆိုရင်တော့ အကုန်လုံးတန်းစီ
သင့်တာပေါ့ဗျာ။
ဗိုလ်ချုပ်အောင်ဆန်းကစပြီး အကုန်လုံး တန်းစီသင့်တယ်။ တစ်ယောက်မှာ
မချိန်ထားသင့်ဘူး။ သ
မိုင်းကို မြုတ်မထားသင့်ဘူး။ ထောင်ကျသွားတဲ့ လူပဲ ဖြစ်ဖြစ်၊ အတိုက်အခံ
ဖြစ်သွားတဲ့သူပဲ ဖြစ်ဖြစ်
ပေါ့။ ဗိုလ်ချုပ်ကြီး စောမောင်တို့ကိုလည်း ချန်မထားသင့်ဘူးလေ။
သူတို့လည်း တပ်မတော်သမိုင်း
မှာ ပါခဲ့တဲ့သူတွေပဲ။
အရင်စစ်အစိုးရတွေ လက်ထက်က ဗိုလ်ချုပ်အောင်ဆန်း ပုံကိုတောင်
ဖျောက်ဖျက်ထားခဲ့ရာကနေ
အခုလို စစ်ရုံးတွေမှာ ဗိုလ်ချုပ်ပုံကို ပြန်လည် ချိတ်ဆွဲမယ်ဆိုရင်
ကောင်းမွန်ပေမယ့် တချို့လူကို
ချန်ထားတာတော့ မလုပ်သင့်ဘူးလို့ ဗိုလ်ချုပ်အောင်ဆန်းခေတ်ကို မှီခဲ့တဲ့
ဝါရင့် နိုင်ငံရေးသမားကြီး
တစ်ဦး ဖြစ်တဲ့ ဦးသုဝေ ကပြောပါတယ်။
ဟိုတုန်းကဆိုရင် ဦးနုလို ပုဂ္ဂိုလ်တောင် သူတို့ ချန်ထားခဲ့တာပဲလေ။
အစပိုင်းမှာဆိုရင် ဗိုလ်ချုပ်
အောင်ဆန်းပုံကိုတောင် ဖျောက်ထားတာတွေရှိခဲ့တာပဲ။ သူတို့က
မလိုလားဘူးဆိုရင် ဒီလိုပဲ ချန်
ထားခဲ့တာတွေ ရှိတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို သူတို့က
စိတ်ဓာတ်ရေးရာမှာ ပျက်ပြားလို့
ဆိုပြီး အရေးယူတယ်လို့ ဟိုတုန်းက ပြောထားတာပေါ့ဗျာ။ ဒါတွေကြောင့်ပဲ
ဗိုလ်ချုပ်မှုးကြီးကို အ
သိအမှတ်မပြုတာလား ဘာလားဆိုတာ မပြောတတ်သေးဘူးပေါ့နော်။ အခု ချိတ်မယ့်ထဲ
မပါဘူး
ဆိုတော့။ သမိုင်းဆိုတာကတော့ ဖြစ်စဉ်အတိုင်း အမှတ်အတိုင်းကို
ရေးရမှာပဲကို။ ဖြစ်စဉ်အတိုင်း
မှတ်တမ်းတင်ရမှာပဲလေ။ ဥပမာအားဖြင့် ဦးစီးချုပ်တွေ အကုန် လုံးရဲ့ ပုံ
ကို ချိတ်မယ် ဆိုရင် ဦး
စီးချုပ်တွေ အကုန်လုံးပါသင့်တာပေါ့။
အရင်တုန်းကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ပုံတစ်ပုံထဲကိုသာ
စစ်ဖက်နဲ့ အရပ်ဖက် ရုံးတွေမှာ
ချိတ်ဆွဲခဲ့ရာက ခုလို အပြောင်းအလဲလုပ်မယ်ဆိုတဲ့
သတင်းထွက်ပေါ်နေတဲ့အကြောင်း ရေဒီယို
သြစတြေးလျ သတင်းထောက် မဝေစန္ဒာကျော် က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...