စိတ်ဓာတ်ကျတဲ့ ရောဂါဟာ အသက်အရွယ် မရွေးဖြစ်နိုင် ပါတယ်။ ကလေးငယ် တစ်ယောက် အနေနဲ့လည်း
သူ နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေမဖြစ်ဘဲ အကြောင်း
မျိုးစုံကြောင့် စိတ်ဓာတ်ကျတာမျိုးဖြစ်တတ်ပါတယ်။ ကလေးငယ်မှာ ဖြစ်ပေါ်နေတဲ့
စိတ်ကျ ဝေဒနာကို မိဘတွေ အနေနဲ့ ခပ်စော စော သိရှိနားလည်နိုင်ဖို့ လိုပါတယ်။
ဖော် ပြပါလက္ခဏာတွေက သင့်ကလေးငယ် အတွက် ကူညီနိုင် ပါလိမ့်မယ်။
ဝမ်းနည်းနေတတ်ခြင်း
ကလေးငယ်ဟာ အကြောင်းပြချက် တစ်စုံတစ်ရာ ခိုင်ခိုင်မာမာ မရှိဘဲ အ လိုလို
ဝမ်းနည်းပြီး အချိန်တိုင်း စိတ်အား ငယ်နေတတ်တဲ့ အပြုအမူ ရှိနေတတ် ပါတယ်။
စိတ်ဆိုးလွယ်ခြင်း
စိတ်ဆိုးဒေါသဖြစ်လွယ်ပြီး စကား နည်းနည်း မာမာပြောရင်တောင် ငိုလို့မ
ဆုံးနိုင်အောင် ဖြစ်နေတတ် ပါတယ်။ စိတ် တိုစရာ အကြောင်းကိစ္စ မဟုတ်ဘဲလည်း
စိတ်တိုလွယ်ပြီး၊ ဒေါသဖြစ် လွယ်နေတတ် ပါတယ်။ အချိန်တိုင်းလည်း စိတ်တိုနေ
တတ်ပါတယ်။
တစ်ယောက်တည်း နေတတ်ခြင်း
ကလေးငယ်ဟာ အမြဲတမ်းလိုလို မောပန်းနွမ်းနယ်တဲ့ အမူအရာဖြစ်နေ တတ်ပြီး
တစ်ဦးတစ်ယောက်တည်း သီး သန့်နေနေတတ်ပါတယ်။ မိသားစု တ ခြားညီအစ်ကို
မောင်နှမတွေနဲ့ စကားပြော ဆိုခြင်းမရှိဘဲ သီးသန့်နေတတ်ပါတယ်။
အိပ်စက်မှုပုံစံ ပြောင်းလဲလာခြင်း
ကလေးဟာ အိပ်စက်ချိန်ပုံမှန်အ တိုင်းမဟုတ်တော့ဘဲ အချိန်တိုင်းလိုလို
အိပ်ရာထဲက မထဘဲ အိပ်စက်နေတတ် ပါတယ်။ ဒါမှမဟုတ် လုံးဝမအိပ်တော့ဘဲ
အိပ်စက်ချိန် လျော့နည်းလာတတ်ပါတယ်။
အစာစားကျင့် ပြောင်းလဲလာခြင်း
ပုံမှန်စားနေကျထက်ပိုပြီး အစားအ သောက်ကို အလွန်အမင်း စားသုံးလာ
လာတာမျိုး ဒါမှမဟုတ် အစာလုံးဝမစား တော့တာမျိုးတွေနဲ့ အစာစားတဲ့ အမူအ
ကျင့်ပြောင်းလဲလာပါတယ်။
နာခံလိုစိတ်နည်းခြင်း
ဆုံးမပြောဆိုတဲ့ စကားတွေကို လိုက် နာမှုမရှိဘဲ အမြဲတမ်း ဆန့်ကျင်ပြောဆို နေတတ်ပါတယ်။
အကြောင်းပြချက်များခြင်း
အမြဲတမ်းလိုလို ခေါင်းကိုက်လိုက်၊ ဗိုက်အောင့်လိုက်၊ လည်ချောင်းနာလိုက်
စတဲ့အကြောင်းပြချက်တွေနဲ့ ဘာအလုပ် မှ ခိုင်းမရဘဲဖြစ်နေတတ်ပါတယ်။
စိတ်အာရုံ မစုစည်းနိုင်ခြင်း
တက်ကြွလန်းဆန်းမှုမရှိဘဲ လေးတိ လေးကန်ဖြစ်နေတတ်ပြီး၊ ကျောင်းကိစ္စနဲ့ တခြားလူမှုရေးကိစ္စတွေမှာ စိတ်ဝင်စားမှု နည်းလာတတ်ပါတယ်။
အတန်းစာကို စိတ်မဝင်စားခြင်း
ကလေးငယ်ဟာ အတန်းထဲမှာ သင်ခန်းစာတွေကို စိတ်ဝင်စားမှုနည်းလာ ပြီး ဆရာ၊
ဆရာမတွေအပေါ်မှာလည်း အကြောင်းမျိုးစုံပြပြီး ကျောင်းစာကို စိတ် မဝင်စားဘဲ
ဖြစ်နေတတ်ပါတယ်။ အလှအပကို
စိတ်မဝင်စားခြင်း
မိန်းကလေးပဲဖြစ်စေ၊ ယောက်ျား လေးပဲဖြစ်စေ တစ်ကိုယ်ရေသန့်ရှင်းမှု
အားနည်းလာပြီး ပြင်ဆင်ချင်စိတ်နည်း လာတတ်ပါတယ်။ နေ့စဉ်ပြုလုပ်နေကျ ဖြစ်တဲ့
တစ်ကိုယ်ရေသန့်ရှင်းမှုတွေကို တောင် စိတ်ပါလက်ပါ လုပ်ဆောင်ဖို့
ခက်ခဲနေတတ်ပါတယ်။
အပြစ်ကျူးလွန်တတ်ခြင်း
ပစ္စည်းတစ်ခုခုကို ခိုးယူဝှက်ထား တာမျိုး၊ သိတတ်စအရွယ်တွေမှာဆိုရင်
မူးယစ်ဆေးဝါး၊ ဆေးလိပ်နဲ့ တခြားလိင်မှု ကိစ္စတွေကို စိတ်ဝင်စားတာမျိုးစတဲ့
အပြု အမူတွေ ဖြစ်ပေါ်နေတတ်ပါတယ်။ တစ် နေ့မဟုတ်တစ်နေ့ ပြဿနာတစ်ခုမဟုတ်
တစ်ခုကို အမြဲပြုလုပ်လေ့ရှိလာပါတယ်။
ပျင်းရိနေတတ်ခြင်း
အလုပ်တစ်ခုခုကို ခိုင်းရင်တောင် မလုပ်ချင်၊ မကိုင်ချင်နဲ့
အကြောင်းပြချက် မျိုးစုံပေးပြီး ပျင်းရိနေတတ်ပါတယ်။ အမြဲ လိုလို
တမှိုင်မှိုင် တတွေတွေနဲ့ ဖြစ်နေ တတ်ပြီး ကလေးငယ်ဟာ ပျင်းရိနေတတ် ပါတယ်။
အိမ်မှထွက်ပြေးရန် ကြံစည်ခြင်း
အမြဲတမ်းနေအိမ်ကနေ ထွက်ပြေး ဖို့ ကြိုးစားနေတတ်တာမျိုး၊ အိမ်ကမိ
သားစုဝင်တွေကို ရန်သူလိုသဘောထား ဆက်ဆံတာတစ်မျိုး၊ လူတစ်ဦးတစ် ယောက်ကို
အငြိုးထားပြီး စကားပြောဆို နေတတ်တာမျိုးစတဲ့ ထူးဆန်းတဲ့ အပြု
အမူမျိုးတွေကို ပြုလုပ်လာတတ်ပါတယ်။ အိမ်မှာမနေချင်ဘူးဆိုတဲ့စကားမျိုးကို
အိမ်သားတွေမသိတဲ့အချိန်မျိုးမှာ ပြောဆို နေတတ်ပါတယ်။
သတိထားသင့်သော အခြေအနေ
ဖော်ပြပါ အခြေအနေတွေနဲ့ အတူ ကလေးငယ်ဟာ ကိုယ့်ကိုယ်ကိုယ်သေ
ကြောင်းကြံစည်မှုတွေ အထိ ဖြစ်လာမယ် ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့
တိုင်ပင်ပြီး ကုသမှုခံယူဖို့ လိုအပ်လာပါပြီ။ ကလေးငယ်ရဲ့ ထူးဆန်းတဲ့
အပြုအမူတွေ ဟာ အချိန်ကြာလာတာနဲ့ အမျှပိုပြီး ထူး ဆန်းစွာဖြစ်ပေါ် လာတတ်ပြီး
ကလေး ငယ်ကျန်းမာရေးကို ပိုမိုထိခိုက်လာနိုင် တယ်ဆိုတာကို ကလေးအုပ်ထိန်း
သူမိဘ တွေအနေနဲ့ နားလည် သဘောပေါက် ထားသင့်ပါတယ်။
သဲသဲ
By Good Health
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...