Pages

Tuesday, September 24, 2013

ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက် ဖောရောင်မှုမရှိစေရန်

ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်ဖောရောင်မှု အဖြစ်များပါတယ်။ ဒီလို ဖောရောင်မှု မဖြစ်စေဖို့ နေထိုင်မှု ပုံစံပြောင်းလဲ ပေးသင့်ပါတယ်။
 
အနေအထားပြောင်းပါ အကြာကြီး မတ်တတ်ရပ်တာမျိုးကို ရှောင်ပါ။ ထိုင်တဲ့အခါ ခြေထောက်တွေကို တတ်နိုင်သမျှ မြ§င့်ထားလို့ရအောင် ခုံပု တစ်ခုပေါ်မှာ တင်ထားပါ။ ခြေထောက်ဖောရောင်မှု သက်သာ စေဖို့ ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လှဲလျောင်းပါ။  
လှုပ်ရှားမှု လုပ်ပါ အနားယူပြီးတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ပါ။ ကိုယ်ဝန်ဆောင်ချိန်အတွင်း လေ့ကျင့်ခန်း အသင့်အတင့်လုပ်တာ ကြောင့် ခြေထောက်ဆီသို့ အရည်စီးဆင်းမှု လျော့ကျကာ ခြေ ထောက်ရောင်ရမ်းမှု လျော့ကျစေပါတယ်။ ရေကူးတာက ခြေထောက် ဖောရောင်မှုကို တွန်းလှန်နိုင်ပါတယ်။  
အရည်စုဆောင်းမှု မရှိစေရန် သတိထားပါ သောက်တဲ့ ရေများလေလေ၊ ကိုယ်တွင်း အထူးသဖြင့် ခြေကျင်း ဝတ်နဲ့ ခြေထောက်မှာ အရည်စုပုံနိုင်ခြေလျော့နည်းလေလေ ဖြစ် ပါတယ်။ တစ်နေ့မှာ ရေရှစ်ခွက်သောက်တာကြောင့် ဆီးသွားရာ က အညစ်အကြေး စွန့်ပစ်ပစ္စည်းတွေ ပါသွားနိုင်ပါတယ်။  
ဆားကို အရသာရှိရုံ သုံးပါ ဆားအသင့်အတင့်စားတာကြောင့် ခန္ဓာကိုယ်က အရည် ဓာတ်ကို ဟန်ချက်ညီအောင် ကူညီပေးနိုင်ပါတယ်။ ဆားအများ အပြားစားတာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် ခြေထောက် ဖောရောင်မှုကို ပိုဆိုးစေနိုင်ပါတယ်။  
သက်သောင့် သက်သာ ရှိသော ဖိနက်ကို စီးပါ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်နဲ့ ခြေကျင်းဝတ်ရောင် ရမ်းမှု သက်သာစေမယ့် ဖိနပ်ကို စီးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်တင်မက လက်နဲ့ မျက် နှာပါ ဖောရောင်နေရင် သတိထားပါ။ ဒါက သွေးတိုးနေသလား၊ သွေးဆိပ်တက်နေသလားဆိုတာ စမ်းသပ်ရမယ့် အခြေအနေ ဖြစ်တာကြောင့် ဆရာဝန်နဲ့ ပြသပါ။ 
 



ဇွန် By Good Health

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...