ကားတစ်စီးကိုလူတစ်ယောက်မောင်းလာပြီး
ဘေးမှာသူ့မိန်းမထိုင်လာပါတယ်... တစ်နေရာရောက်တော့
ယာဉ်ထိန်းရဲအရာရှိတစ်ယောက်ကတားတယ်...
ကျား။ ဘာပြဿနာရှိလို့ပါလဲ...
ရဲအရာရှိကြီးခင်ဗျား...
ရဲ။ ခင်ဗျားက
တစ်နာရီ ကီလို ၅၅ အောက်ပဲမောင်းရမယ့်နယ်မြေထဲမှာ အနည်းဆုံး
၇၅လောက်နဲ့မောင်းနေ တယ်...
ကျား။ မဟုတ်ပါဘူးဗျာ... ကျွန်တော် ၆၅ နဲ့ပဲ
မောင်းနေတာပါ...
မ။ အို ကိုကိုကလည်း ရှင် မောင်းနေတာ ၈၀ နဲ့လေ...
ယောက်ျားဖြစ်သူက သူ့မိန်းမကို ဘုကြည့်တစ်ချက်ကြည့်လိုက်ပါတယ်...
ရဲ။ ခင်ဗျားအချက်ပြမီးလုံးလည်းကွဲနေတဲ့အတွက် ခင်ဗျားကို
ဖြတ်ပိုင်းရေးမှရမယ်...
ကျား။ အချက်ပြမီးလုံးကွဲတယ်... ဟာဗျာ...
ကျွန်တော်လုံးဝကို မသိလိုက်ဘူးဗျာ...
မ။ ကိုကိုရယ်...
မီးလုံးကွဲနေတဲ့အကြောင်း ရှင်ပဲပြောပြောနေတာ
သုံးလေးပတ်တောင်ရှိနေပြီဟာကို...
ယောက်ျားဖြစ်သူက မိန်းမကို
ဘုကြည့်နောက်တစ်ခါထပ်ကြည့်လိုက်တယ်...
ရဲ။ ပြီးတော့ ခင်ဗျား seat
belt မပတ်ထားတာကိုလည်း ကျွန်တော်မှတ်ချက်ထဲ ထည့်ရေးမှရမယ်...
ကျား။
ဟာ.. ကျွန်တော်က ကျွန်တော်တို့ကားဆီ ခင်ဗျားလျှောက်လာတုန်းကမှ
ဖြုတ်လိုက်တာပါဗျ...
မ။ အို ကိုကိုကလည်း ရှင်ဘယ်တုန်းကမှ
မပတ်တဲ့ဟာကို...
ယောက်ျားဖြစ်သူက သူ့မိန်းမဘက်လှည်ပြီး
အော်လိုက်ပါတယ်...
ကျား။ "နင့်ပါးစပ်ကိုပိတ်ထားစမ်း!!!"
ရဲအရာရှိက အမျိုးသမီးဘက်ကိုလှည့်ပြီးမေးတယ်...
ရဲ။ အမကြီး...
ခင်ဗျားအမျိုးသားက ခင်ဗျားကို ဒီလိုပဲအမြဲပြောတာလား...
အမျိုးသမီးကပြန်ပြောတယ်...
မ။ မဟုတ်ပါဘူး အရာရှိကြီးရယ်...
သူအရက်မူးသောက်ထားတဲ့အချိန်မှ ဒီလိုပြောတာပါ..
Ref: Funniest
Video Ever
နှိုင်းရင့်နွေ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...