မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁ ရက်က
စတင်ပြုလုပ်ခဲ့သော တရားမ၀င် အလုပ်သမား ရှင်းလင်းရေး စီမံချက်ကြောင့်
အေးဂျင့်များ၏ အကူအညီကို
ရယူကာ လူတစ်ဦးလျှင် ရင်းဂစ် ၉၀၀ ပေးပြီးထိုင်းနိုင်ငံဘက် မှ ကုန်းလမ်း
ခရီးဖြင့် ပြန်လည် ရောက်ရှိလာသူ ၁၅၀ ခန့်အား မြ၀တီခရိုင်မှ တာဝန်ရှိ
သူများက စက်တင် ဘာ ၁၂ ရက်နံနက်တွင် ယာယီ ခရီးသွား ထောက်ခံစာ ပြုလုပ်ပေးပြီး
ရန်ကုန်ထိ မော်တော်ယာဉ်နှစ်စီး စီစဉ်ပေးခဲ့သည်။
မြန်မာအလုပ်သမားများသည် မြန်မာနိုင်ငံ၊ မြ၀တီမြို့သို့
စက်တင်ဘာ ၁၁ ရက် ည ၉
နာရီ၌ ရောက်ရှိလာပြီး မြ၀တီမြို့မှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်
တာဝန်ရှိသူများက အမှတ်(၁)ရပ်ကွက် ဓမ္မာရုံ၊ အောင်ဆုပန်ကျောင်းတို့ တွင်
နေရာချ ကူညီစောင့်ရှောက်ခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင်
နေထိုင်ခွင့်သက်တမ်း တစ်နှစ်ကျန်သေးသော်လည်း ဆက်လက်နေထိုင် လုပ်ကိုင်ရန်
မ၀ံ့ရဲသဖြင့် ထွက်ပြေးလာသူ ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ မချေက
''သွားတုန်းက တရားဝင်ပတ်စ်ပို့၊ ဗီဇာနဲ့သွားတာပါ။ သုံးနှစ်သက်တမ်း၊
နှစ်နှစ်ပဲ လုပ်ရသေးပါတယ်။ အေးဂျင့်ကို ငွေအကျေ ပေးထားပြီးပေ မယ့်
လုပ်ငန်းခွင်မှာ လစဉ်အဖြတ် ခံရပါတယ်။ မြန်မာအလုပ်သမား တွေဟာ တရားဝင်
သွားကြပေမယ့် လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး အေးဂျင့်တွေရဲ့ ခေါင်းပုံဖြတ်တာ
ခံရပါတယ်'' ဟု ပြောကြားခဲ့သည်။
''ကျွန်တော်တို့ ပြေးလာတာ
လူတစ်ထောင်လောက် ရှိပါတယ်။ ဘယ်ကို ရောက်သွားလဲတော့ မသိဘူး။ ကျွန်တော်တို့က
ဒီက တာဝန်ရှိသူတွေ ခေါ်လာလို့ ဓမ္မာရုံ ရောက်လာတာပါ'' ဟု မလေးရှားနိုင်ငံတွင်
ငါးနှစ်ကြာ အလုပ်သွားလုပ်ပြီး ပြန်ပြေးလာသူ လှမျိုးစေက ပြောသည်။
''ကျွန်တော်တို့ မနေရဲတော့ဘူး။ Over တွေကို လက်ခံထားတဲ့ သူဌေးကိုတောင်
ဖမ်းမိရင် ကြိမ်ဒဏ်၊ ထောင် ဒဏ်၊ ငွေဒဏ် ရိုက်မယ်ဆိုတော့
သူလည်းလက်မခံတော့ဘူးပေါ့။ ကိုယ့်နိုင်ငံကိုပြေးဖို့အတွက် အေးဂျင့်
ဆက်သွယ်ရတယ်။
တစ်ယောက် ရင်းဂစ် ၉၀၀ နဲ့ လာခဲ့ကြတာပါ။ မလေးနဲ့ ထိုင်းနယ်စပ်မှာ
တစ်ညအိပ်ရ တယ်။ ထိုင်းနယ်စပ်ရောက်တော့ ကားလေးထဲမှာ အရှေ့ခြောက်ယောက်
အနောက်ငါးယောက် အပေါ်မှာ အ၀တ်အိတ်တွေနဲ့ ဖုံးပြီးတင်လာတာ။ ထိုင်းနိုင်ငံ
အချုပ်မှာ တစ်ညအိပ်ရတယ်။ အချုပ်ကားနဲ့ တင်လာပြီး မဲဆောက်မှာတစ်ည။
နောက်သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ရပါတယ်'' ဟု မလေးရှားမှ ပြေးလာသူ
ကိုထက်အောင်က ပြောကြားသည်။
ဘီးလင်းမှ အမျိုးသမီး တစ်ဦးကလည်း
''အဖမ်းခံရတာ ထက်စာရင် ခုလိုထွက်ပြေးလို့  လွတ်မြောက်လာတာ ၀မ်းသာစရာပါ။
ဘာလို့လဲဆိုတော့ နောက်မှာပြေးလာတဲ့ ကားတစ်စီးကို မလေးရဲက လိုက်ဖမ်းတာ
မိသွား တယ်လို့ ကြားပါတယ်။ ဒီကတာဝန်ရှိတဲ့သူတွေ ကူညီပေးတဲ့ အတွက်လည်း
ကျေးဇူးတင်ပါတယ်'' ဟု ပြောကြားခဲ့သည်။
eleven media group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...