Pages

Friday, September 13, 2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အစိုးရပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်းအထိ လျှော့မည်

အစိုးရကသာ ရာနှုန်းပြည့် ထိန်းချုပ်ထားသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ၂ နှစ်အတွင်း အစိုးရပိုင် ဆိုင်မှု ၁၀ ရာခိုင်နှုန်းထိ လျှော့ချမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက် အလက်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

နေပြည်တော်တွင် ပြုလုပ်သည့် Myanmar Connect 2013 အခမ်းအနား ဒုတိယနေ့ စက်တင်ဘာလ ၁၁ ရက်၌ ဒုတိယဝန်ကြီးက အထက်ပါအတိုင်းပြောကြားခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိကပိုင် ပြုလုပ်ရန် ကမ္ဘာ့ဘဏ်၏ အကူအညီ ရယူသွားမည်ဖြစ်ပြီး ပြည်ပကုမ္ပဏီများနှင့်လည်း ဆွေးနွေးနေကြောင်း ဦးသောင်းတင်က ပြောဆိုသည်။

လက်ရှိပြည်တွင်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့က မြန်မာနိုင်ငံ၌ ပြည်ပမှ နည်းပညာနှင့် အရင်းအနှီးများ လာရောက် ရင်းနှီး မြှုပ်နှံကြရန် ဖိတ်ခေါ်ထားသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...