Pages

Wednesday, September 4, 2013

ကွာလာလမ်ပူမြို့လယ် မြန်မာ ဆိုင်တန်း အနီး ဖုန်း ဝယ်သူနှင့် ရောင်းသူ ပြဿနာဖြစ်

ကွာလာလမ်ပူ စက်တင်ဘာ ၃
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အတွင်း စက်တင်ဘာ ၂ ရက် ညနေ ၆ နာရီက မြန်မာဆိုင်တန်း 1+
3D ရှေ့တွင် အသစ် ဖွင့်ထားသော ဖုန်းအရောင်းဆိုင်မှ လိမ်ညာကာ ဖုန်းရောင်းသဖြင့် ဖုန်းဝယ်သူနှင့်
ရောင်းသူ ပြဿနာများ ဖြစ်ပွားခဲ့ရာ ရဲများရောက်လာခဲ့ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများ
၏ဆက်သွယ် သတင်းပေးပို့ချက်အရ သိရ သည်။

ကွာလာလမ်ပူ မြို့လယ်ကောင်တွင် မြန်မာနိုင်ငံသားများမှ မြန်မာကုန်ပစ္စည်းမျိုးစုံ ဖွင့်လှစ်ရောင်းချနေ
သော ဆိုင်များ ၅၀ ကျော်ရှိ နေကြောင်းနှင့် အခြားနိုင်ငံခြားသား များမှ ဖွင့်လှစ်ရောင်းချနေကြသော ဆိုင်များလည်း ရှိကြောင်း သိရပြီး ယခု လက်ရှိဖမ်းဆီးနေသော Enforcement 6P ၏ စီမံချက် (အော်
ပရာစီ) OPS 6P အရ တရား မဝင်နိုင်ငံခြား သားများ ဖမ်းဆီးလျက်ရှိသည့်နေရာတွင် ယင်းကဲ့သို့သော
နိုင်ငံခြားသားများ ဖွင့်လှစ်ထားရှိ သော ဆိုင်များ မှ ပြဿနာများဖြစ် ပေါ်ရခြင်းသည် အလုပ်လုပ်ကိုင်
နေကြ သော အခြားသူများအတွက်လည်း စိတ်အနှောင့်အယှက်များ ဖြစ်စေရကာ ၎င်းတို့အတွက်အ
ကြောင်းမဲ့ ဖမ်းဆီးခံရမည်ဆိုလျှင် နစ်နာကြရပါကြောင်းဖြင့် မလေးရှားေ ရာက် မြန်မာနိုင်ငံသားများက သုံးသပ် ပြောကြားခဲ့သည်။

(စိုးဝင်း-MLA)

NAWARAT2004@YAHOO.COM

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...