Pages

Wednesday, September 4, 2013

ထမင်းဆိုင်တွင် ထမင်းကြော် စားစဉ် စကားများပြီး လူသတ်

ပဲခူးမြို့ ရွှေမော်ဓောဘုရားတောင်ဘက်မုခ်အနီး သနပ္ပင်လမ်းရှိ ထမင်းဆိုင်တစ်ဆိုင်တွင် စက်တင်ဘာ ၁
ရက် ည ၁၁ နာရီ မိနစ် ၄၀ က ထမင်းကြော်စားနေသူချင်း ရေနွေးအိုးယူသည့် ကိစ္စကို အကြောင်းပြု၍
စကားများရာမှ လူသတ်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပဲခူးမြို့ နန်းတော်ရာရပ်ကွက် ရွှေအောင် ရွေး(၁)လမ်းနေ ယာဉ်မောင်း ဦးမိုးဇော်(ခ)ဇော်မင်း
ထွေး (၃၄)နှစ်သည် စက်တင်ဘာ ၁ ရက် ည ၁၁ နာရီ မိနစ် ၄၀ တွင် ရွှေမော်ဓောဘုရား တောင်ဘက်
မုခ်အနီး သနပ္ပင်လမ်းရှိ “မယု” ထမင်းဆိုင်၌ ယာဉ်နောက်လိုက် စိုးသူမြတ်၊ ယာဉ်အမှတ် ဆ/---မှ ယာဉ်
မောင်း မင်းသိန်း ထွန်း (ခ) ချန်ဒူးဝမ် မြို့တွင်း ကြီးရပ်ကွက် ပဲခူးမြို့နေသူနှင့် ၎င်း၏ယာဉ်နောက်လိုက်
စန်းကိုဦး အလင်းရောင် (၁)လမ်း နန်းတော်ရာရပ်ကွက်နေ သူတို့နှင့်အတူ ထမင်း ကြော် စားနေကြသည်။

ထိုစဉ် ယာဉ်အမှတ် ၄က/--တိုယိုတာနက်ပြာရောင် အမှတ်(၅)ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်
လိုက်(အမည် မသိ)တို့ရောက်ရှိလာပြီး ထမင်းကြော်စားကြရာ မင်းသိန်းထွန်း(ခ)ချန်ဒူးဝမ်က ရေနွေးအိုး
ထယူရာ ၄က/---ယာဉ်မောင်း က “မင်းဘာထလုပ်တာလဲ”ဟု မေးသဖြင့် ချန်ဒူးဝမ်က ရေနွေးအိုးထယူ
ကြောင်း ပြောရာမှ တစ်ယောက်တစ်ခွန်း စကားများကြစဉ်၎က/--- ယာဉ်မှ ယာဉ်နောက်လိုက်ဖြစ်သူက
အရိုးအသွား တစ်ထွာခန့်ရှိ ဓားဦးချွန်ဖြင့် ချန်ဒူးဝမ်အား ထိုးသည်ဟုဆိုသည်။

ချန်ဒူးဝမ် ဝဲဘက်ရင်ဘတ်၊ ရင်ဘတ်အောက်၊ ယာမျက်လုံးအပေါ်တို့တွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီရ ရှိ
စဉ် စိုးသူမြတ်က ထဆွဲရာ စိုးသူမြတ်ကိုဓားဖြင့် ဆက်လက် ထိုးသဖြင့် ၎င်း၏ယာလက်မောင်း၌ ပြတ်ရှ
ဒဏ်ရာတစ်ချက် ရရှိသွားပြီး ၄က/---ယာဉ်မှာ ပြန်လည်ထွက်ခွာသွားသည်။ဒဏ်ရာများရရှိထားသော ချန်
ဒူးဝမ်နှင့် စိုးသူမြတ်တို့အား ပဲခူးဆေးရုံပို့ဆောင်ခဲ့ရာ မင်းသိန်းထွန်း (ခ) ချန်ဒူးဝမ်မှာ ရရှိသောဒဏ်ရာများ
ဖြင့် သေဆုံးသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမိုးဇော်(ခ)ဇော်မင်းထွေးက ပြစ်မှုကျူးလွန်ပြီး ရှောင်တိမ်းသွားသူ ၄က/--- အ
မည်မသိ ယာဉ်နောက်လိုက် (စိစစ်ဆဲ)ကို စုံစမ်းဖော်ထုတ်၍ ဥပဒေအရအရေးယူပေးပါရန် ပဲခူးမြို့မရဲစခန်း
သို့ လာရောက်တိုင် တန်းသဖြင့် (ပ)၅၀၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ အရ အမှုဖွင့်ပြီး စခန်းမှူး ဒုရဲမှူးလှ
သိန်းက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(နေထက်ဝင်း)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...