Pages

Sunday, September 15, 2013

ရခိုင် စားသောက်ကုန်များ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှုရပ်

မောင်တော၊ စက်တင်ဘာ ၁၃
အိန္ဒိယနိုင်ငံမှ ကုန်စည်များ အလုံးအရင်း ဝင်ရောက်မှုကြောင့် ရခိုင်ပြည်နယ်မှ ကြွက်သွန်နီ အပါအဝင်
စားသောက်ကုန်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေမှု ရပ်ဆိုင်းသွားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ
တက္ကနာမြို့ဘောင်ဒို ကုန်သွယ်ရေးဆိပ်ကမ်းမှ ကုန်သည်များက ပြောကြားသည်။

သြဂုတ်လ နောက်ဆုံးပတ်ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အိန္ဒိယမှ ကြက်သွန်နီနှင့် တခြားစားကုန်များ
အလုံးအရင်း ဝင်ရောက်လာပြီး ကုန်ဈေးနှုန်းများ ကျဆင်းနေသဖြင့် ရခိုင်ပြည်နယ်က တင်ပို့ကုန်များ
ရပ်ဆိုင်းထားရခြင်း ဖြစ်ကြောင်း မောင်တောမြို့ ကုန်သည်များထံမှ သိရှိရသည်။

သြဂုတ်လအတွင်းက တစ်ရက်လျှင် ကြက်သွန်နီကီလို ၄၅၀,၀၀ ခန့် ဘောင်ဒို ကုန်သွယ်ရေး ဆိပ်ကမ်း
သို့ တင်ပို့ခဲ့ကြကြောင်း၊ ယခုလဆန်းပိုင်းမှစ၍ စားသောက်ကုန် တင်သွင်းမှု မရှိသလောက် နည်းသွား
ကြောင်း ဘောင်ဒို ကုန်သွယ်ရေးဂိတ်မှ ကုန်သည် ဦးထွန်းဦးကျော်က ဆိုသည်။

“ဆိပ်ကမ်းမှာ ကုန်ကျန်လောက်ပဲ ရှိတယ်” ဟု ၎င်းကပြောကြားသည်။

ကြက်သွန်နီ တစ်ကီလိုကို ဘင်္ဂလားဒေ့ရှ် တာကာ ၉၀ (၁ ဒသမ ၁၆ ကန်ဒေါ်လာ) ဈေးနှုန်းဖြင့် ယခင်
လက ရောင်းချရသော်လည်း ယခုလတွင် တာကာ ၆၀ ဖြင့်သာ ရောင်းချနေရကြောင်း၊ ကြက်သွန်နီ
တစ်ကီလို ဝယ်ဈေးမှာ ၆၃ တာကာ ပေးဝယ်ယူရသဖြင့် အရှုံးပေါ်နေကြောင်း မောင်တောမြို့မှ ကုန်
သည်တစ်ဦးဖြစ်သူ ဦးညီညီက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စားကုန်ပစ္စည်းများသည် အိန္ဒိယနှင့် မြန်မာတို့မှ အဓိကတင်သွင်းနေကြပြီး အိန္ဒိ
ယမှစားကုန်များ ဝင်ရောက်မှု အားကောင်းလျှင် ရခိုင်ပြည်နယ်က ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်ရ
ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ်မြို့မှ ဒေသခံ ဦးသံသာမောင်က သုံးသပ်သည်။

ရခိုင်ပြည်နယ်က တင်သွင်းသည့် စားသုံးကုန် ပစ္စည်းများမှာ ပြည်တွင်းရှိ အခြားဒေသများမှ ဝယ်ယူ
တင်သွင်းရသည့် ကုန်ပစ္စည်းများဖြစ်၍ မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် သယ်
ယူပို့ဆောင်စရိတ် များပြားကြောင်း ကုန်သည်များထံမှ သိရှိရသည်။

(ခင်မောင်အေး)
The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...