ကျွန်တော်တို့က ပြဿနာကောင်တွေလို့ ကင်ပွန်းအတပ်ခံရတဲ့ အထဲမှာ ပါတယ်။
ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတေ
ကို မဆိုင်သလိုမနေဘဲ ငြိမ်ငြိမ်မနေတတ်ကြဘူး။ ကျွန်တော် အကြောင်းကိစ္စရှိလို့
ရန်ကုန်ပြန် ရောက်တဲ့အခါမှာ ကျွန်တော်နဲ့ ရင်နှီးကျွမ်းဝင်မှုတော့ သိပ်မရှိပေမယ့် သိကျွမ်းနေတဲ့
ရဲသားလေး တစ်ဦးနဲ့တွေ့ တဲ့အခါကြတော့ သူ့မှာ ပြောစရာစကားလေးတွေ ရှိနေတယ်။ စကားပြော ကြရအောင်ပါတဲ့။
ခင်ဗျားတို့က ဖမ်းတဲ့ အမျိုး။ ကျုပ်ကကြောက်တယ်လို့ နောက်လိုက်မိတယ်။ ဟာဗျာ . . . ဟုတ်ပါဘူး။
ကျွန်တော်တို့မှာလည်း အခက်အခဲလေးတွေ ရှိတယ်ဗျ . . . . ဆိုပြီး ရင်ဖွင့်လာပါတယ်။
အများသိထားပြီးဖြစ်တဲ့ ရဲအကြောင်း နည်းနည်းပြန်ပြောကြရအောင်ပါ။
ရဲတပ်ရင်းတွေမှာ နယ်ထိန်း တွေက
ငွေရှာတယ်။ စခန်းမှူးကိုပေးရတယ်။ စခန်းမှူးကလည်း သူ့အထက်က
မြို့နယ်မှူးဆိုသူကို သူ့နေရာ နဲ့သူ
လစဉ်ပူဇော်ရတာမျိုးတွေရှိတယ်။ ဒီစကားတွေက ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေဆီက
ကြားသိရတာတွေ ပါ။
တလောကပဲ သမ္မတကြီးက လောင်းကစားမှုတွေဟာ ဆင်းရဲမွဲတေမှုပြဿနာအတွက်
အဓိကအကြောင်းအ
ရင်းလို့ ဆိုပြီး ပပျောက်အောင် ထိထိရောက်ရောက် အရေးယူမယ်ပြောလို့
လောင်းစကားမှုတွေ ပပျောက်
အောင်လုပ်လို့မရတဲ့အကြောင်း။ လောင်းကစားလုပ်ငန်းများ
ကန့်သတ်ချထားပေးခြင်းဆိုင်ရာ ဥပဒေပြဌာန်း
ဖို့ ရေးခဲ့မိပါသေးတယ်။
တစ်လုံး၊ နှစ်လုံး၊ သုံးလုံးလို့ နာမည်ကြီး အရပ်တကာ နယ်တကာမှာ
လုပ်ကိုင်နေတဲ့ လောင်းကစား လုပ်ငန်း
တွေမှာကိုပဲ စခန်းမှူးကြီးတွေ မြို့နယ်မှူးကြီးတွေက ဒိုင်တွေနဲ့ပါတနာတွေ
ဖြစ်နေတတ်ကြပါတယ်။ တစ်ခါ
ကဆို မှတ်မိပါသေးရဲ့။ တပ်ကြပ်ကြီးတစ်ယောက် နှစ်လုံးကိုင်ပြီး
ရော်စရာမရှိလို့ တိုင်ပတ်နေတဲ့ ကိစ္စ။ အဲဒီ
လိုအခါမျိုးမှာ ဘာဖြစ်သလဲဆိုရင် မရော်ဘဲထားလိုက်မယ်။ ဟိုလူ့ဖမ်းမယ်။
ဒီလူ့ဖမ်းမယ်ဆိုတော့ ထိုးမိတဲ့
သူကလည်း အပြစ်ဖြစ်လာရောလေ သူတို့စားနေရသမျှတော့ ဘာပြဿနာမှ မရှိခဲ့ဘူး
ကံလေးထပြီး ပေါက်
ကွက်တိုးပြီဆိုမှ ပြဿနာတွေက တက်တာ။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးဆိုတာတွေက
ထိုးတဲ့သူတွေ အတွက်
အကာအကွယ်မရှိပေမယ့် ဒိုင်တွေအတွက်ကတော့ အကာအကွယ်ရှိပြီးသားပါ။ ဥပဒေတိတိကျကျ
ပြဌာန်း
ထားခြင်းမျိုးမရှိပေမယ့် နယ်တကာ အရပ်တကာမှာ နှစ်လုံး၊ သုံးလုံး
ရောင်းသူတွေဟာ ရဲကြေး တပ်ကြေး
ပေးပြီးလုပ်ကြရတာ ဖြစ်လို့ပါပဲ။
ရဲသားလေး ရင်ဖွင့်လာတာကို ပြန်ဆက်ရရင် ရဲသားလေးက “ကျုပ်တို့က
သာမန်ရဲသားအဆင့်ပဲ ရှိတယ်။
သွားတဲ့လာတဲ့နေရာမှာ လိုအပ်တဲ့ ဆိုင်ကယ်ဆိုတာကိုလည်း
ကိုယ့်ဖသာကိုယ်စီစဉ်ရတယ်။ အခု ဆိုင်ကယ်
မှာ မီးတိုင်တွေ တပ်ရမယ်ဆိုပြီး ညွှန်ကြားလာတော့လည်း ဘာမှ
ထုတ်ပေးတာမဟုတ်ဘူး။ ကိုယ်တိုင်ပဲ
လုပ်ကြရတာ။ ဆိုင်ကယ်ကို ဆေးအရောင်ပြောင်းတာကအစ မီတိုင်းတပ်ရတာရောဆိုရင်
၂၅၀၀၀ လောက်
ကြတယ်။” လို့ လက်ရှိ ရဲဆိုင်ကယ်တွေမှာ မီးတိုင်တပ်ထားရတာနဲ့ ပတ်သက်ပြီး
ပြောပါတယ်။ အဲဒီ မီးတိုင်
တပ်ထားတော့ မာဖီနဲ့ သွားပြီး စုံစမ်းစရာရှိလို့ စုံစမ်းရင်တောင်
ရဲမှန်းသိနေလို့ အဆင်မပြေဘူးလို့လည်း
ပြောပါသေးတယ်။ ဒါကတော့ သူတို့ကုန်ကျရတာနဲ့ သူတို့ရဲ့ အခက်အခဲကို ပြောတာပါ။
နောက်တော့ ငွေဖြတ်တဲ့ကိစ္စကို ဆက်ပြောတယ်။ “စခန်းမှာ ရဲတပ်သား ၈၀
လောက်ရှိတယ်။ လိုင်ခန်း က
၄၀ စာလောက်ပဲရှိတယ်။ ကျွန်တော်တို့ဆို အပြင်မှာပဲနေတယ်။
မိသားစုလည်းရှိတယ်ဗျာ လခက ၅၀၀၀၀
ကျော်ပေါ့။ ထောက်ပံ့ကြေးနဲ့ပါနဲ့ဆိုရင် ၁၁၀၀၀၀ ၀န်းကျင်လောက်ရတယ်ပေါ့ဗျာ။
တွက်ကြည့်ဗျာ တစ်နေ့
မှ ၃၀၀၀ကျော်ပဲ ရှိတယ်။ တာဝန်ထမ်းဆောင်ရတာက ၂၄ နာရီ စတန်းဘိုင်ဖြစ်နေရတာပါ။
အဲဒီလစာ ထဲ
က မီးဖိုးဆိုပြီး ဖြတ်သေးတယ်။ ကျွန်တော် ပြောချင်တာက စခန်းထဲမှာနေလို့
လိုင်းခန်းမှာနေလို့ မီးဖိုးဆိုရ
င် ခံသာတယ်ဗျာ။ ကျွန်တော်တို့က အပြင်မှာ ငှားနေရတာလေ။ အဲဒါကို
ဘယ်လိုပြောလဲဆိုတော့ မင်းတို့
စခန်းထဲ လာရင် မီးရောင်အောက်မှာ မနေဘူးလား။ မင်းတို့ဖုန်းတွေ
အားမသွင်းဘူးလားဆိုပြီး ရှာကြံဖြတ်
တာ။ သူ့နေရာ နဲ့သူ နယ်ထိန်းဆိုတာတွေ ရှိတယ်ဗျာ။ အဲဒီက လောင်းကစားဒိုင်တွေ
ဘာတွေဆီက ရှာ
ကြံပြီး စခန်းမှူးကို ပေးကြရတာ။ နာမည်ထွက်လာရင် အဲဒီနယ်ထိန်းလည်း ပြုတ်။
ထောင်လည်းကျတယ်
ဗျ။ အထက် ကလူတွေကြတော့ ဘာမှ ဖြစ်တာမဟုတ်ဘူး။” လို့ ရင်ဖွင့်လာပါတယ်။
ရဲတပ်သားတစ်ဦးရဲ့ ရင်ဖွင့်ချက်ကတော့ ဒီမျှပါပဲ။ အောက်ခြေဆိုတဲ့ ဘ၀တွေဟာ
ဘယ်တော့မှ မသာယာ
ပါဘူး။ အမျိုးမျိုးသော အကြောင်းကြောင်းကြောင့် ဖိနှိပ်မှုတွေ
ရှိနေကြတဲ့အတွက် အခက်အခဲလေး တွေ
ရှိကြပါတယ်။ ၀န်ထမ်းလောကမှာဆိုရင် ၀န်ထမ်းတွေအတွက် ပြည့်ပြည့်၀၀ ရရှိမှ
အဂတိလိုက်စားမှုတွေ
ပပျောက်မယ်ဆိုတာလည်း အားလုံးသိကြပါတယ်။ အဲဒီအတွက်လည်း ဖြည့်တင်းပေးလာတာတွေ
ရှိပါ
တယ်။ ဘယ်သူစားရ စားရ ကျုပ်တို့ကတော့ ၀မ်းသာတဲ့အမျိုးပါ။ ကိုယ်စားရပြီးရော
သူတစ်ပါး ဖြစ်ချင်ရာ
ဖြစ် လုပ်တာ မျိုးမှ အပပေါ့။ အခုလည်း ရဲသားလေးတွေအတွက် ခိုင်းတဲ့နေရာမှာ
လိုအပ်ချက်တွေကို
ဖြည့်တင်းပေးဖို့က လည်း တစ်စိတ်တစ်ပိုင်းပါဝင်တယ်လို့ မြင်ပါတယ်။
သူ့တစ်သီးပုဂ္ဂလအတွက် မဟုတ်
ဘဲ တာဝန်ထမ်းဆောင် ရာမှာ လိုအပ်တဲ့ကိစ္စတွေကို နိုင်ငံတော်က စီမံမပေးရင်လည်း
စီမံပေးနိုင်အောင်
စခန်းမှူး အစရှိတဲ့ ပုဂ္ဂိုလ်တွေ က တင်ပြကြရပါမယ်။ ချထားပေးတာတွေကို
ကိုယ်တစ်ယောက်တည်း
တုတ်ပြီး တပ်သားလေးတွေကို ဖြစ်သ လို လုပ်ခိုင်းတာမျိုး မဖြစ်ဖို့လည်း
အရေးကြီးပါတယ်။
နောင်တော်လေး (ဘိုကလေး )
by Myanmar News Now
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...