မြစ်ကြီးနား ၊ ၁၀-၉-၂၀၁၃
မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက် အတွင်း စက်တင်ဘာ ၇ ရက်နေ့ က ဧရာဝတီ
မြစ်ကမ်းနားလမ်း တွင်
ရပ်ထားသည့် ယာဉ်အား တိမ်းရှောင် မောင်းနှင်ရာမှ လမ်းမြေသား ပဲ့ကျကာ ယာဉ်မှာ
ဧရာဝတီမြစ်
အတွင်း ထိုးကျသွားပြီး ဦးခေါင်းတွင် ပါသည့် ယာဉ်မောင်းနှင့်
အတူပါသူနှစ်ဦးသေဆုံး သွားခဲ့ကြောင်း
သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်
မြစ်ဖျားဧရာ စက်လှေ
ဆိပ် (လဖဆိပ်)လမ်းတွင် တောင်မှမြောက် သို့ ကမ်းနားလမ်း အတိုင်း မောင်းနှင်
လာသော ၆က/၃ဝ၄၁
ဖိုးဝှီး အမျိုးအစား ခဲရောင် မော်တော်ယာဉ် အား စိုးမိုးအောင် (ခ) အရှည်ကြီး
မောင်းနှင်၍ ၄င်းနှင့်အတူ
အိုက်ပန် အတူစီးကာ ယာဉ်နောက်ပိုင်း တွင် စန်းမောင် ၊ ကျော်သူလှိုင် ၊
အောင်ကိုဝင်း နှင့် ကျော်ဘ (ခ)
မင်းရန်သိန်း တို့စီးလာသော မော်တော်ယာဉ် သည် စက်လှေဆိပ် အရောက်တွင်
လမ်းဘယ်ဘက်တွင်
ရပ်တန့်ထားသော သုံးဘီးယာဉ်အား ရှောင်တိမ်း မောင်းနှင် ရာမှ မြစ်ကမ်းဘေး
မြေသား ပဲ့ကျကာ ယာဉ်
မှာ ဧရာဝတီမြစ် အတွင်း ပြုတ်ကျ သွားခဲ့ပြီး ယာဉ်ဦးခန်း စီးနင်းသူ
စိုးမိုးအောင် (ခ) အရှည်ကြီး (၄၅)နှစ်
နှင့် အိုက်ပန် (၂၈) နှစ်တို့နှစ်ဦးမှာ သေဆုံး သွားခဲ့ပြီး
ယာဉ်နောက်ပိုင်း စီးနင်းသူ (၄)ဦးအား ရပ်ကွက်နေ
ပြည်သူများ၏ ဝိုင်းဝန်း ကူညီမှုကြောင့် အသက်ရှင် လျက် ကယ်တင် ရရှိခဲ့ကြောင်း
သိရှိရသည်။
ပြည်ချစ်သား

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...