ပဲခူးမြို့တွင် လွန်ခဲ့သည့်(၂၅.၃.၂၀၁၂)နေ့က တိုင်းတရားသူ ကြီးဟောင်း ယခု
(တိုင်းဒေသကြီး လွှတ်တော်
ဥက္ကဋ္ဌ) အိမ်တွင်ငှားရမ်း နေထိုင်သော ပဲခူးမြို့နယ် တရားသူကြီး
ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်
(၃၆-နှစ်)မှ ၄င်းအိမ်တွင် အိမ်ဖေါ်အဖြစ် အလုပ်လုပ်ကိုင်သူ
မအေးယုအောင်(၁၅-နှစ်)အားမီးပူနှင့် ထိုးခဲ့သ
ဖြင့် မအေးယုအောင်၏ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ဒါဏ်ရာများ
ရရှိခဲ့သည်ကိုအမှတ်(၃) ရဲစခန်းမှ တ
ဆင့်ပဲခူးမြို့နယ် တရားရုံး သို့ တိုင်တန်းခဲ့ရာတွင် (၉.၅.၂၀၁၃)နေ့တွင်
ပဲခူးမြို့နယ်တရားသူကြီး ဒေါ်ခင်မေ
ယုမှ တရားလိုနှင့် သက်သေများကို ခေါ်ယူစစ်ဆေးခဲ့ပြီး တရားခံဟု
စွပ်စွဲခံရသူသည် တရားရုံး၏ရှေ့
မှောက်သို့ ယနေ့အချိန်အထိ လာရောက်ဖြေရှင်း ဆောင်ရွက်မှု မရှိသေးသဖြင့်
ဒေါ်ဖြူဝင်းသက်အား ပဲခူး
မြို့နယ် တရားရုံးမှ တရားခံပြေး အဖြစ်ကြေငြာထား ကြောင်းသိရှိရသည်။
အလင်းရောင်
Myanmar News Now

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...