Pages

Monday, September 16, 2013

KIO နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ မြစ်ကြီးနားတွင်တွေ့ဆုံ

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)ရဲ့ အလုပ်အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့် ဆွေးနွေးရေးအတွက် စက်တင်ဘာ ၁၆ ရက် နေ့က ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ ကြိုတင် ဆွေးနွေးနေကြပါတယ်။ ဒီတွေ့ဆုံမှုဟာ အခုရက်ပိုင်းအတွင်း အစိုးရတပ်ဘက်က အရာရှိတဦးကို ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (ကေအိုင်အေ)က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဒီကနေ့ ၂ ဖက်အလုပ် အဖွဲ့တွေ မြစ်ကြီးနားမြို့မှာ ဆွေးနွေးညိနှိုင်းကြတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကိစ္စတွေ၊ အစိုးရနဲ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွေ နောက်တကြိမ်ကျင်း ပဖို့ ကိစ္စနဲ့ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေကိစ္စတွေ ဆွေးနွေးဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်သူတဦြးုဖစ်တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ နှစ်ဘက် စစ်တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ညိနှိုင်းဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။ ဒီသမ္မတဦးသိန်းစိန်က အောက်တိုဘာလကုန်ကျရင် နေပြည်တော်မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုကိုဆောင်ရွက်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ စတင်မယ်လို့ ကြေညာထားတာဖြစ်ပါ တယ်။ လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့အနက် ၁၄ ဖွဲ့နဲ့ အပစ်ရပ်ထားပြီး ကချင်လွတ်လပ်ရေးအဖွဲ့နဲ့  တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တွေက ဆက်လက် ဆွေးနွေးဆဲဖြစ်ပါတယ်။

From : ..dvb

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...