“ မီဒီယာတွေ ပေါ်မှာတော့ သူတို့မလုပ်ဘူး လို့ငြင်းနေတယ်။ သိုသော် တစ်ကယ်ကတော့ အောက်ခြေနဲ့ KIO ဗဟို ကဘယ်လောက် အဆက်အသွယ် ရှိလဲ၊ အောက်ခြေက လုပ်ရပ် အပေါ်မှာ KIO ဗဟိုက ဘယ်လောက်အထိ့ သိလဲ ၊ ဘယ်လောက်အထိ တာဝန်ခံနိုင် မလဲကျွန်တော် တို့မသိပါဘူး”ဟု ပြန်ကြားရေး ဒုတိယ၀န်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က မီဒီယာသမားများကို ရှင်းပြခဲ့သည်။
KIO(Kachin Independence Organization) ပြောရေးဆိုခွင့်ရှိသူ ဦးလနန့် ကတော့ တပ်မတော်သားအရာရှိကို KIO သတ်သည်ဆိုသည်မှာ မြန်မာ့ တပ်မတော်၏ တစ်ဖက်သတ် စွပ်စွဲချက်များသာဖြစ်ကြောင်းနှင့် တိုက်ပွဲဖြစ်စဉ်ကို ထုတ်ပြန်ကြေငြာရန် မရှိကြောင်း ယခုလ ၁၉ ရက်ထုတ် ပြည်တွင်းသတင်းဂျာနယ် တစ်စောင်ဖြစ်သည့် Venus News သို့ ပြောကြားခဲ့သည်။
“နှစ်နှစ်တိုက်ပွဲကာလအတွင်း မိမိဘက်က ဖမ်းဆီးရမိတဲ့သုံ့ပန်းတွေကို လူ့ယဉ်ကျေးမှုနဲ့အညီ ပြုမူဆက်ဆံခဲ့တာ အားလုံးအသိဖြစ်တယ်” ဟု ဦးလနန့်က Venus News သို့ အီးမေးလ်မှ တစ်ဆင့်ပြန်ကြား ခဲ့သည်။
မြန်မာအစိုးရစစ်တပ်မှ အင်ခါဂါးကျေးရွာဒေသခံများကို ရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့ပြီး ယခုဖြစ်စဉ်သည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အတားအဆီးဖြစ်စေကြောင်း ဦးလနန့်ကပြောသည်။
ဦးရဲထွဋ်က ယခုကဲ့သို့ကိစ္စများကို အကောင်းဆုံးဖြေရှင်းနိုင်ရန် ပူးတွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ အမြန်ဆုံးဖွဲ့စည်းပြီး အောက်ခြေအထိ လေ့လာကွင်းဆင်း၍ ဖြေရှင်းရန် ကြိုးစားနေကြောင်း အစိုးရ၏လုပ်ငန်းစဉ်များကိုရှင်းပြခဲ့သည်။
သြဂုတ်၂၈ ရက်က ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း နယ်မြေစိုးမိုးရေးအတွက် ဆောင်ရွက်နေသော တပ်စုတစ်စုနှင့် KIO တို့ တိုက်ပွဲဖြစ်ပြီး တပ်မတော်အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးပျောက်ဆုံးကာ အင်ခါးဂါကျေးရွာအနီးတွင် ခေါင်းဖြတ်သတ်၍ မြှုပ်နှံထားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့သည်။
From : .. YPI
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...