မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား
သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)နှင့် MAI လေကြောင်းလိုင်းတို့
ပူးပေါင်းပြီး ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သီတဂူ
အထောက်အကူပြုအဖွဲ့၏ ဘဏ္ဍာရေးမှူး၊ မြန်မာပြည်တာဝန်ခံ ဒေါက်တာမြတ်သူက The
Daily Eleven သို့ ပြောကြားသည်။
မလေးရှားတွင် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေပြီး ဒုက္ခရောက်နေသည့်
မြန်မာ များအား လေယာဉ်လက်မှတ် အခမဲ့ဖြင့် MAI မှ ပြန်လည်ပို့ဆောင်ပေးရန်
စီစဉ်လျက်ရှိပြီး သီတဂူ အထောက် အကူပြု အဖွဲ့မှ လက်ရှိကောက်ခံ ရရှိထားသော
အလှူငွေများဖြင့် လေယာဉ်သုံးစင်းစာ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
အမှန်တကယ် ဒုက္ခရောက်သူတွေကို ဦးစားပေးအနေနဲ့ ပြန်လည်ပို့ပေး
သွားမှာပါ။ ကျန်းမာရေး မကောင်း သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးရှိတဲ့သူတွေ၊
အမျိုးသမီးတွေ အဲလိုလူတွေကို ဦးစားပေး ပြန်ခေါ် သွားပါမယ် . . . . .
"သီတဂူ ဆရာတော်ကြီးက လက်ရှိအလှူငွေ အမေရိကန်ဒေါ်လာ ၁၂၈၀၀၀ ခန့်
ရထားပြီးပြီ။ လေယာဉ်တစ်ခေါက်ကို လူ ၁၇၀ ကျော် ပါမယ်။ တစ်ခေါက်ကုန် ကျစရိတ်က
လေယာဉ်ခမပါ ဒေါ်လာလေးသောင်းလောက် ကုန်မယ်ဆိုတော့ သုံးခေါက်ပို့ပေး
သွားပါမယ်" ဟု ဒေါက်တာမြတ်သူက ပြောကြားသည်။
သီတဂူ အထောက်အကူပြုအဖွဲ့၏ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့မှ
စက်တင်ဘာ ၉ ရက်တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာ ၁၃
ရက်တွင် ပထမဆုံး အခေါက်အဖြစ် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
"အမှန်တကယ် ဒုက္ခရောက်သူတွေကို ဦးစားပေးအနေနဲ့ ပြန်လည်ပို့ပေး
သွားမှာပါ။ ကျန်းမာရေး မကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးရှိတဲ့သူတွေ၊
အမျိုးသမီးတွေ အဲလိုလူတွေကို ဦးစားပေး ပြန်ခေါ်သွားပါမယ်။
သြဂုတ်လကုန်ပိုင်း မလေးရှားမှာ စအဖမ်းခံ ရကတည်းက ဆရာတော်က ပြန်ခေါ်ဖို့
စီစဉ်နေတာပါ" ဟု ဒေါက်တာမြတ်သူက ဆက်လက်ပြောကြားသည်။
စက်တင်ဘာ ၁၃ ရက်တွင် ဆိုက်ရောက်မည့် ပထမဆုံးအကြိမ်တွင်
မြန်မာအလုပ်သမားများအား သီတဂူ ဆရာတော်ကိုယ်တိုင် လေဆိပ်၌
သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံတွင်း
တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁ ရက်မှ စတင်၍ လုပ်ဆောင်ခဲ့သည့်
အထူးစီမံချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေမှုကြောင့်
မြန်မာအလုပ်သမား ရာနှင့်ချီ၍ ဖမ်းဆီးခံနေရသည်။
မလေးရှားနိုင်ငံတွင်
တရားမ၀င် နေထိုင်နေသူဦးရေ အများဆုံးမှာ အင်ဒိုနီးရှား
နိုင်ငံသားများဖြစ်ကြပြီး မြန်မာနိုင်ငံသားများမှာ ဒုတိယအများဆုံး ဖြစ်သည်။
လက်ရှိအချိန်ထိ မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက်
၇၀၀၀၀၀ ခန့် ရှိနေပြီး ထိုအထဲတွင် ၈၀ ရာခိုင်နှုန်းမှာ တရားမ၀င်
အလုပ်သမားများ ဖြစ်နေကြောင်း သိရသည်။
From:Eleven

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...