Pages

Wednesday, September 4, 2013

မုဒုံ NLD မှ ကျောင်းသားများကို ဂိုဏ်း၂ခုဖွဲ့စည်းပေးပြိး K တံဆိပ် စိတ်ကြွဆေးများရောင်းချပေးလို့ ရဲကဖမ်းလိုက်ပြီ

မွန်ပြည်နယ် မုဒုံမှာ k တံဆိပ်ပါ စိတ်ကြွဆေးပြားတွေကို အထက်တန်းကျောင်းသားတွေဆီကို ဖြန့် ဖြူးနေတဲ့ စိတ်ကြွဆေးရောင်းတဲ့သူဟာ မုဒုံအန်အယ်ဒီပါတီရဲ့ တာဝန်ခံ စိုးမင်းဖြစ်တယ်လို့ 
သိရပါတယ် ။ မုဒုံကျောင်းသားတွေကြားမှာ k (king of school ) နဲ့ vampire အဖွဲ့ ဆိုပြီး ဖွဲ့စည်းထားတယ်လို့ ကျောင်းသားတွေဆီကနေတဆင့် သိရှိရတယ် ။ မုဒုံအမှတ် ၁ အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးသာအေးပြောပြချက်အရ လူငယ်တွေက အန်အယ်ဒီလို အုပ်ထိန်းမှုမရှိတဲ့ ပါတီတွေကိုအားကျပြီး စိတ်ကြွဆေးတွေသောက် ရမ်းကားနေကြတာတွေတော့ရှိတယ်
 
 ကျောင်းသားနဲ့မဆိုင်တဲ့ ဒီမိုကရေစီဆိုတာတွေကိုပြောပြီး ကျောင်းမှာပညာရေးအသင်းတွေ ၊အားကစားအသင်းတွေဖွဲ့ ဖို့ မတွေးပဲ ဂိုဏ်းစတားဆန်ဆန် အသင်းအဖွဲ့ တွေ လုပ်လာကြတာတွေတွေ့ရတယ်လို့ ပြောပါတယ် ။လောလောဆယ် မုဒုံအန်အယ်ဒီတာဝန်ခံစိုးမင်းက မဟုတ်ကြောင်းငြင်းဆန်နေတယ်လို့ သိရပေမယ့် စိုးမင်းအိမ်ကိုရှာဖွေတဲ့အခါမှာ k တံဆိပ် စိတ်ကြွဆေးတွေကိုတွေ့ ရှိရတယ်လို့  မုဒုံရဲစခန်းကနေတဆင့်သိရှိရပါတယ် ။
အမှုကိုဆက်လက်စစ်ဆေးနေတုန်းဖြစ်ပြီး သတင်းရလျှင်ထပ်တင်ပေးပါ့မယ်
 
 
From: (မောင်ကျောက်ခဲ အဖွဲ့)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...