သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 1, 2013

WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ကျပ်သိန်းပေါင်း (၁၉၆၈ဝ)အား ဖမ်းဆီးရမိ

တာချီလိတ် ၊ ၁-၉-၂၀၁၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ်၊ မိုင်းဖုန်း(ခ) အုပ်စု ၊ ပါခုတ် စစ်ဆေးရေးဂိတ် တာဝန်ကျ တာချီလိတ် (မူးယစ်)မှ ရဲအုပ် ဇော်ဝင်းထွန်း နှင့် တပ်ဖွဲ့ဝင် တို့သည် ဝှေလေလန် ကျေးရွာဘက် မှ ဝမ်ပုံဘက်သို့ မူးယစ်ဆေးဝါး များ သယ်ဆောင် လာမည် ဖြစ်ကြောင်း သတင်းရရှိ သဖြင့် သြဂုတ် ၃၁ ရက်နေ့ ညနေ့ ၃ နာရီ ၃ဝ မိနစ်အချိန်တွင် တာချီလိတ် (မူးယစ်)မှ ရဲအုပ် ဇော်ဝင်းထွန်း ဦးစီးအဖွဲ့၊ ခရိုင် အထူးမှုခင်း နှိမ်နင်းရေး ဒုရဲအုပ် အေးလွင် ဦးစီးအဖွဲ့ ၊ နမစ(ဝမ်ပုံ) မှ ဒုရဲအုပ် သန်းစိုး ဦးစီးအဖွဲ့ ၊ သတရ မှ ဒုရဲအုပ် အောင်ကျော်ထွန်း ၊ ပါခုတ် ကျေးရွာ ပြည်သူ့စစ် ခေါင်းဆောင် ဦးတင့်ရွှေ တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ တာချီလိတ် မြို့နယ် မိုင်းဖုန်း(ခ) အုပ်စု ၊ ပါခုတ် ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် အသင့် စောင့်ဆိုင်း နေစဉ် ကြိုတင် သတင်း ရရှိထားသူ အိုက်အွမ် သည် ၄ဂ/၇၁၈၆ နံပါတ်ပါ တိုယိုတာ ဒိုင်နာ အမျိုးအစား အပြာရောင် မော်တော်ယာဉ် ဖြင့် တာချီလိတ်ဘက် မှ ပါခုတ် စစ်ဆေးရေး ဂိတ်သို့ မောင်းနင် လာသဖြင့် စစ်ဆေး ရှာဖွေရာ  ယာဉ်နောက်ဘက် ဘော်ဒီ ကြမ်းခင်း (၂)ထပ် အံဝှက်အတွင်း အဝါရောင် တိပ်ဖြင့် ပတ်ထားပြီး မှိုင်းခံစက္ကူဖြင့် ထုပ်လျက်ျွှ့ စာတမ်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား (၁)ထုပ်လျှင် (၆ဝဝဝ) ပြားစီပါ (၁၆၁၄)ထုပ် ၊ စုစုပေါင်း ဆေးပြား (၉၈၄ဝဝဝ) ၊ အလေးချိန် ၉၈ ဒသမ ၄ ကီလို၊ ကာလတန်ဖိုး ဆေးပြား (၁)ပြားလျင် (၂ဝဝဝိ/-)နှုန်းဖြင့် ကျပ်သိန်းပေါင်း (၁၉၆၈ဝ)သိန်းအား ရှာဖွေတွေ့ရှိသဖြင့် ရဲအုပ် ဇော်ဝင်းထွန်း မှ သက်သေများ ရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်း ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ အိုက်အွမ် ၃ဝ နှစ် (ဘ)ဦးအိုက်ဆွေ ၁၃/တခလ (နိုင်)ဝ၄ဝ၉၆ဝ  ယာဉ်မောင်း၊ ဝှေလေလန် ကျေးရွာ ၊ မိုင်းဖုန်း(ခ) အုပ်စု ၊ တာချီလိတ် မြို့နယ် နေသူအား တာချီလိတ် (မူးယစ်) ရုံးတွင် ကွင်းဆက် ဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။
 
 MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D