Pages

Thursday, October 23, 2014

ပါကစ္စတန်နိုင်ငံတွင် မော်လဝီဆရာမှ ၁၂ နှစ် သမီး ကျောင်းသူအား မုဒိမ်းကျင့်ပြီး သတ်


စနေ(အောက်တိုဘာ ၁၈)နေ့က ပါကစ္စတန်နိုင်ငံ၊ ဘာဒင်နယ်တွင် အစ္စလာမ်ဘာသာရေးဆရာတစ်ဦးမှ ဗလီအတွင်း၌ ၎င်း၏တပည့် အသက် ၁၂ နှစ် အရွယ် ကျောင်းသူတစ်ဦးကို မုဒိမ်းကျင့်ပြီး အမှုဖျောက်ရန်အလို့ငှာ လက်စတုံးသတ်ပစ်လိုက်သောအမှု ပေါ်ပေါက်ခဲ့သည်။

မိန်းကလေးသည် ဗလီအတွင်း၌ ဖွင့်လှစ်သော အစ္စလာမ်ဘာသာရေးသင်တန်း၌ တက်ရောက်သင်ကြားနေသူဖြစ်သည်။ ထိုနေ့က အတန်းပြီးချိန်တွင် မော်လဝီ ဂူလဟမ် မာတာဇာမှ အခြားအတန်းသားများကို ကျောင်းလွှတ်ပေးခဲ့လင့်ကစား သူမကိုမူ ချန်လှပ်ကာ နေရစ်ခိုင်းခဲ့သည်။


မော်လဝီမှ ရွာထဲရှိ လူ ၃ ဦးအား ခေါ်ခဲ့ပြီး ဗလီအတွင်းရှိ အခန်းတစ်ခု၌ မိန်းကလေးအား လေးဦးသား မုဒိမ်းကျင့်ခဲ့ကြသည်။

ထိုနောက် ယင်းမုဒိမ်းမှု မပေါ်ပေါက်စေရန်အတွက် ၎င်းတို့ ၄ ဦးစလုံးမှ မိန်းကလေးအား လည်ပစ်ညှစ်သတ်လိုက်ကြသည်။

မိန်းကလေး၏ မိဘများမှ ၎င်းတို့၏ သမီးသတင်း ကြားကြားချင်း မိန်းကလေးအား ကယ်တင်နိုင်ရေး အပြေးလာခဲ့ကြသော်လည်း အခါနှောင်းသွားခဲ့သည်။ ၎င်းတို့ ရောက်ရှိချိန်တွင် မိန်းကလေးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

မိန်းကလေးသည် ပထမ ပြင်းထန်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံခဲ့ရသည်၊ ထို့နောက်တွင် အသတ်ခံလိုက်ရသည် ဟု ဆရာဝန်မှ အတည်ပြုခဲ့သည်။

ဆရာဝန်မှ မုဒိမ်းမှုအား အတည်ပြုပြီးနောက် ရဲမှ မော်လဝီဆရာအား ဖမ်းဆီး အမှုဖွင့်ထားသည်။ သို့သော် ကျန်အပေါင်းပါ တရားခံ ၃ ယောက်မှာမူ ထွက်ပြေးနေဆဲ ဖြစ်သည်။

http://dunyanews.tv/…/218600-Badin-Mosque-Imam-rapes-kills-…

From: မျိုးမင်းသန့်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...