Pages

Thursday, October 23, 2014

ရုံးပြန်နောက်ကျသူ အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့အဓမ္မကျင့်သူ ငါးဦး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရ

အိန္ဒိယနိုင်ငံတွင် ၂၀၁၀ ခုနှစ်က ဖုန်းလက်ခံဖြေကြားသည့် ဌာနမှ အမျိုးသမီးဝန်ထမ်း တစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သူ ငါးဦးအား အောက်တိုဘာ ၂၀ ရက်တွင် တရားရုံးတစ်ခုက ထောင်ဒဏ်တစ်သက်စီ ချမှတ်လိုက်သည်ဟု သိရသည်။

၂၀၁၀ ပြည့်နှစ်က အသက် ၃၀ အရွယ် အမျိုးသမီးသည် မြို့တော်နယူးဒေလီ အနောက်တောင်ပိုင်းတွင် ရုံးပြန်နောက်ကျသွားပြီး အိမ်သို့ အဖော်တစ်ဦးနှင့်အတူ လမ်းလျှောက်ပြန်လာကြစဉ် အမျိုးသားများက သေနတ်ထောက်၍ အဓမ္မခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အိန္ဒိယ PTI သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမျိုးသားများက သူမကို ထရပ်ကားတစ်စီးဖြင့် တင်ခေါ်သွားကြပြီး ကားမောင်းနေစဉ် အမျိုးသားများက သူမအား တစ်လှည့်စီ မုဒိမ်းပြုကျင့်ခဲ့ကြပြီး သူမအား လူသူအရောက်အပေါက်နည်းသည့် နေရာတစ်ခုတွင် ထားသွားခဲ့ကြခြင်းဖြစ်သည်။

ယင်းအမှုတွင် အဓမ္မပြုကျင့်ခံရသူ အမျိုးသမီး၏ ထွက်ဆိုချက်နှင့် ဆေးစစ်ချက် အထောက်အထားများအပေါ် အခြေခံ၍ ကျူးလွန်သူ ငါးဦးကို အိန္ဒိယ
တရားရုံးတရားသူကြီး ဗီရမ်ဒါဘက်က ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ချမှတ်လိုက်ခြင်းဖြစ်သည်။

“ ဒီအမှုမှာ ကျူးလွန်သူတွေအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းဆိုတာ ထိုက်တန်ပါတယ်။ဒါ့အပြင် ဒဏ်ငွေ ရူးပီး ၅၀,၀၀၀ ကိုလည်း သူတို့
ပေးဆောင်ရမှာပါ” ဟု တရားသူကြီး ဘက်၏ ပြောကြားမှုကို PTI သတင်းဌာနက ကိုးကားရေးသားခဲ့သည်။ ယခုကိစ္စတွင် ကျူးလွန်ခဲ့ကြသူများသည် အသက် ၂၄ နှစ်မှ ၂၉ အကြား လူငယ်များဖြစ်ကြပြီး တရားဥပဒေစိုးမိုးမှု အားနည်းနေသော မီဝက်ဒေသမှ နွားသူခိုးဂိုဏ်းတစ်ခု၏ အဖွဲ့သားများဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဖြစ်ပွားခြင်းကြောင့် နိုင်ငံရှိ လုပ်ငန်းများတွင် ညပိုင်း အလုပ်ပြန်ချိန် နောက်ကျလေ့ရှိသောအမျိုးသမီး ဝန်ထမ်းများအတွက်
လုံခြုံရေးဆိုင်ရာ အစီအစဉ်များကို အိန္ဒိယအစိုးရက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအဖြစ်အပျက် ဖြစ်ပွားပြီး ၂၀၁၂ ဒီဇင်ဘာလတွင်လည်း နယူးဒေလီ၌ ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရခြင်းကြောင့်
တစ်နိုင်ငံလုံးရှိ ပြည်သူများအမျက်ဒေါသထွက်ခဲ့ကြပြီးနောက် ထိုကဲ့သို့ နိုင်ငံတွင် အမျိုးသမီးများကို ရက်စက်စွာ ဆက်ဆံခံရမှုများအပေါ် ပြည်သူများက ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

From: Mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...