သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, June 18, 2013

ပင်လယ်ရေကြောင်း ပို့ကုန်သွင်းကုန်များ ဇွန်လတွင်း စတင်စစ်ဆေးမည်

Tuesday, 18 June 2013
တရားမဝင် ကုန်သွယ်မှု ထိန်းချုပ် တားဆီးရေး အ တွက် ပင်လယ်ရေကြောင်း ဝင်ပေါက်၊ ထွက်ပေါ က် များနှင့် ပြည်တွင်း ဆိပ်ကမ်းများတွင် ဇွန်လနောက်
ဆုံးပတ်မှ စတင်၍ ကုန်ပစ္စည်းများကို စစ်ဆေးသွား မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူ ရေးရာဌာနမှ ဒုတိယ ညွှန်ကြားရေး မှူး ချုပ် ဦးညွှန့်အောင်က ပြောကြားသည်။ ပင်လယ်ေ ရကြောင်းမှ ကုန်သွယ်မှုသည် တစ်နိုင်ငံလုံး ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်း ရှိသဖြင့် ယင်းကဲ့သို့ စစ်ဆေးနိုင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပင်လယ်ရေကြောင်း ဝင်ပေါက်၊ ထွက်ပေါက်များကို စစ်ဆေးပြီးနောက်ပြည်တွင်း ဧရာဝတီ မြစ်ကြောင်းနှင့် ဆိပ်ကမ်းများတွင်လည်း တစ်ဆက်တည်း စစ်ဆေးရန် ရှိကြောင်း ဦးညွှန့်အောင်က ပြောကြားသည်။

“ကုန်သွယ်ရေး အဟန့်အတားဖြစ်အောင် စစ်တာတော့ မဟုတ်ပါဘူး။ တရားမဝင် ကုန်သွယ်ရေး ပပျောက်စေချင်လို့ပါ။ ဆိပ်ကမ်းတွေမှာ စစ်တယ်ဆိုရင်လည်း ပညာပေးကာလတွေ ထားရှိပေးမှာပါ”ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် မီးရထား ဘူတာရုံများ၊ အဝေးပြေး ယာဉ်ရပ်နား စခန်းများနှင့် ဧရာဝတီ ဆိပ်ကမ်းတို့တွင် တရားမဝင် ကုန်စည်များ စီးဆင်းမှု မရှိစေရေး စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။


“ခုလက်ရှိမှာလည်း မီးရထားရဲတွေက ကုနဝင်ကုန်ထွက် စာရင်းမှတ်နေတာပဲ။ မှောင်ခိုကုန်တွေ ရှိတော့ သယ်ယူပို့ဆောင်ရေးတွေ အလုပ်ဖြစ်တာပေါ့။ အဲဒါလိုက်စစ်တော့ နည်းနည်းတော့ ကုန်ဝင်ကျသွားတယ်” ဟု ရန်ကုန်-မန္တလေး ရထားကုန်စည် ပို့ဆောင်ရေး ကိုယ်စားလှယ်တစ်ဦးက တရားမဝင် ကုန်ပစ္စည်း စစ်ဆေးခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ကွန်တိန်နာများ စစ်ဆေးရန်အတွက် မူဆယ်နှင့် မြဝတီနယ် စပ်ဂိတ် တို့တွင် X-Ray စက်များ ထပ်မံတပ်ဆင်ပေးရန် အစီအစဉ် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းသို့ တပ်ဆင်ရန်အတွက် စင်ကာပူနှင့် ဆွစ်ဇာလန် နိုင်ငံသား ပညာရှင်များ လာရောက် လေ့လာ မည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ ထပ်မံသိရှိရသည်။


ရေးသားသူ © အမေ့အိမ်အဖွဲ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D