NLD ပါတီကတ၇ားဝင်ဖွင့်ထားတဲ့ (ကေတီဗွီ)ပြည့်တန်ဆာ(ဖာတန်း)တန်းတစ်ခု၏ တစ်ညတာဝင်ငွေဟာ သာမန်ဝန်ထမ်း တစ်ယောက်၇ဲ့ တစ်နှစ်စာဝင်ငွေနဲ့ ညီမျှပါတယ်။
တိုးတက်တာလား လူမှုဘ၀တွေ ပျက်စီးတာလား။ မိသားစုရဲ့မျက်ရည်တွေ ထည့်တွက်ကြည့်ကြပါ။ ယခင်ကရိုးသားတဲ့ တောင်သူလယ်သမားတွေဟာ ဘာကြောင့်
“နားပေါက်နဲ့ ခလောက်”ပဲကျန်တော့တာလည်း? တရားဝင် ပြည့်တန်ဆာတန်းရှိသင့် မရှိသင့်တော့မသိပါ။ ကျွတော်ရေးချင်နေတာ တော်တော်ကြာပါပြီ။ အခုတော့
NLD ပါတီကတရားဝင် ပြည့်တန်ဆာတန်း ဖွင့်ခွင့်တောင်းဆိုမယ်လို့ သတင်းဖတ်ရလို့ မြန်မြန်ရေးဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။
ကျွန်တော် မန္တလေးမှာမွေးဖွား ကြီးပြင်းခဲ့လို့ မြန်မာမှု ဓလေ့စရိုက်၊ ဘာသာတရား ကိုင်းရှိုင်းမှု၊ မြန်မာ့ယဉ်ကျေးမှု ပတ်ဝန်းကျင်နဲ့ ကြီးပြင်းလာခဲ့ပါတယ်။ ဆယ်တန်း
အောင်တော့ရန်ကုန်တက္ကသိုလ်မှာတက်ခဲ့တဲ့အတွက် အောက်မြန်မာပြည် ယဉ်ကျေးမှုကိုလည်းကြုံဆုံခဲ့တယ်။ မိခင်ဇာတိဖြစ်တဲ့ ယခုနေပြည်တော်မှာအခြေချတော့
မြန်မာပြည် အလယ်ပိုင်းရဲ့ မြန်မာ့ဓလေ့ ရိုးရာယဉ်ကျေးမှုကို ဆက်လက်တွေ့ကြုံ လေ့လာမိပြန်တယ်။
မြန်မာပြည် တစ်နံတစ်လျားမှာ မြန်မာ့ယဉ်ကျေးမှု၊ တိုင်းရင်းသား ယဉ်ကျေးမှု ဆိုတာ သူ့အ၇ပ်နဲ့ သူ့ဇာတ် ဆိုသလို ရှိကြပေမဲ့ ဗုဒ္ဓဘာသာမှ ဆင်းသက်လာတဲ့ ယဉ်
ကျေးမှု ဖြစ်လို့ ဘာသာတရား အယူဝါဒအောက်က သွေဖယ်ဆန့်ကျင်တဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တော့ မရှိဘူး။ ယခင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်လို့ သတ်
မှတ်ခဲ့တဲ့ မန္တလေးမြို့ဟာ လူမျိုးခြားတွေရဲ့ ယဉ်ကျေးမှုတွေ တစ်စတစ်စ ဖုံးလွှမ်းလို့ လာနေပြီ။ ကိုယ့်မြေ ကိုယ့်ယဉ်ကျေးမှုကို မကာကွယ်နိုင်တာ ကိုယ်ညံ့လို့ပါ။မြန်
မာနိုင်ငံ ကြီး ဆင်းရဲပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေနည်းပါးပါတယ် ဆိုတဲ့ကြားက လူမျိုးခြားတွေက ဘာကြောင့် မြန်မာနိုင်ငံမှာ အခြေချ နေထိုင်လာကြ
လည်း? လုပ်သလောက် အကျိုးခံစားခွင့် မရရင် ဘာကြောင့် သူတို့ ဇာတိကို စွန့်ပြီး သူများတိုင်းပြည်မှာ အခြေချ နေထိုင်နိုင်ကြသလည်း? ဘယ်လို နေကြပြီး ဘာ
တွေလုပ်ကြ သလည်း? ယှဉ်ကြည့်ကြပါ။
မြန်မာနိုင်ငံဟာ (ထေရ၀ါဒ)ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက် ယောင်္ကျား၊ မိန်းမ တန်းတူ အခွင့်အရေးရှိပါတယ်။ အခြားသော မဟာယန၊ ဗြဟ္မဏ၊ ဇင် ဗုဒ္ဓဘာသာများလို
မဟာဖိုဝါဒ( ယောင်္ကျားသာ အမြတ်ဆုံး)ဆိုတာ မရှိပါဘူး။ ဒါကြောင့် အမျိုးသမီးတွေကို ၁၉ ရာစုကကျွန်တွေလို စင်ပေါ်တင်ပြီး ဈေးခေါ်ရာင်းသလို ခိုင်းမစားကြပါ
ဘူး။ မြန်မာ့ ယဉ်ကျေးမှုအရပဲ ကြည့်ကြည့် ဘာသာရေး ရှုထောင့်ကပဲ ကြည့်ကြည့် အမျိုးသမီးတွေကို လိင်အလုပ်သမားအဖြစ် လုပ်ကိုင်ခြင်းရော ခိုင်းစေခြင်းကိုပါ
ဘယ်ခေတ် အခါကမှ အားမပေးခဲ့ပါဘူး။ အမေလိုနှမလိုစောင့်ေ၇ှာက် အလေးထားခဲ့ကြတဲ့ ယဉ်ကျေးမှုအားနွဲ့တဲ့ မိန်းမသားဆိုပြီး အထူးကာကွယ်ပေးခဲ့ကြပါတယ်။
ကိုယ့်အမျိုးသားချင်း လမ်းမှားရောက်နေရင်တောင် ကယ်တင်ကြတယ်။ လူမှုဘ၀တွေမှာလည်း မိန်းမကောင်းတစ်ယောက်နဲ့ မိန်းမပျက်တစ်ယောက်ကို ဘယ်သူအ
ရေးတယူ ဆက်ဆံမလည်း။ အဆင့်အတန်းဆိုတာ ခွဲစရာမလိုပါဘူး သူ့အလိုလို ကွဲသွားတာပါ။ အညာဒေသ မြန်မာလူမျိုးတွေရဲ့ စည်းလုံးတဲ့ ကိုယ့်အမျိုးကိုယ်ချစ်တဲ့စိတ်ကြောင့် အညာဓလေ့ ဆိုတဲ့ စကားပဲ ရှိပါတယ်။ အကြေဓလေ့ ဆိုတာ မရှိပါဘူး။အိမ်ထောင် တွေ ပျက်စီး သားသမီးတွေ စာရိတ္တတွေပျက်၊ အရင်ကောက်စိုက် သမလေးတွေက ကေတီဗွီမှာ အလုပ်ဆင်း၊နေစရာအိမ် လေးတွေပဲ ကိုယ်စီကျန်ပါတော့တယ် ခင်ဗျား။
FROM-MYANMAR PATRRIOTIC DRAGON YOUNGMEN GROUP
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...