
အရှင်ဝီရသူသည် မြန်မာနိုင်ငံ၏ (၉၆၉)ခေါ် ဗုဒ္ဓအစွန်းရောက်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ၄င်းသည် မူဆလင်ဆန့်ကျင်ရေးကို ပြင်းပြင်းထန်ပြုလုပ်ခြင်းကြောင့် အကျဉ်းကျခံခဲ့ရဖူးသူ တစ်ဦးလည်းဖြစ်သည်။ အရှင်ဝီရသူသည် အဆိုပါ မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှု များကြောင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ၄င်းတို့၏တာဝန်များ၊ ဆက်ဆံရေးများနှင့် အမိမြေများကို အစ္စလာမ်များ၏ စိုးမိုးမှု အန္တရာယ်များမှ ပိုမိုကာကွယ်နိုင်မည် ဖြစ်ပြီး မျိုးချစ်စိတ်များ နိုးကြားလာမည်ဟု ခိုင်မာစွာ ယုံကြည်ထားသူ တစ်ဦးလည်းဖြစ်သည်။
NBC-သတင်းဖြန့်ချီသူ Fiona MacGregor-၏ သတင်းအချက်အလက်များအရ အရှင်ဝီရသူ၏ မူဆလင် ဆန့်ကျင်ရေး တိုက်ပွဲ စတင်ပြီးနောက်တွင် ဗုဒ္ဓဘာသာ ဘင်လာဒင်ဟုလည်းကောင်း၊ ဗုဒ္ဓအကြမ်းဖက်သမားဟူ၍ တစ်ဖုံ ကမ္ဘာပေါ်တွင် လူသိများလာခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံရှိ မူဆလင်လူနည်းစု အပေါ် ပြင်းထန်စွာ ဆန့်ကျင်ရန်အတွက် အစ္စလာမ်များ၏ လူဦးရေ မြင့်တက်မှုမှာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပြီး၊ မြန်မာနိုင်ငံသားတို့၏ လူမျိုးနဲ့ဘာသာများကို ဝါးမျိုသွားနိုင်သည့် အခြေအနေရှိကြောင်းကို ဟောကြားနိုးဆော်ခဲ့သည်ဟု စွပ်စွဲမှုများလည်း ခံခဲ့ရသည်။
၂၀၁၂-ခုနှစ် ဇွန်လတွင် စတင်ဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်းတွင် လူပေါင်း(၂၀၀)ခန့် သေကြေခဲ့ရပြီး၊ ဆူပူသောင်းကျန်းသော လူစုများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်။ ဦးဝီရသူသည် ကိုယ့်ကိုယ်ကို အယ်ကိုင်ဒါ ခေါင်းဆောင်နှင့် နှိုင်းယှဉ်ပြီး ဟာသလုပ်ခဲ့ဖူးပြီး၊ အစ္စလာမ်အယူဝါဒသည် လူများကို မကောင်းသည့်ဘက်သို့ အားသာစေရန်၊ တွန်းအားပေးသည့် ဘာသာ တစ်ခုဖြစ်ကြောင်းလည်း ဟောကြားခဲ့သည်။ သို့သော် အဆိုပါ အသက်(၆၄)နှစ်ရှိပြီး ဖြစ်သော ဘုန်းကြီးသည် မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို ထောက်ခံခြင်းမရှိဟု အခိုင်အမာ ပြောဆိုလျက်ရှိသည်။
လွန်ခဲ့သည့် ဇွန်လ(၃၀)ရက်နေ့က ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများနှင့် အခြားယုံကြည်သူများသည် ဦးဝီရသူအား ဗုဒ္ဓအကြမ်းဖက်သူဟု ဖော်ပြခဲ့သည့် TIME-မဂ္ဂဇင်းအား ကန့်ကွက်ဆန္ဒပြခြင်းများကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြသည်။ အစ္စလာမ်သည် ဗုဒ္ဓဘာသာတစ်ခုတည်းကိုသာ ခြိမ်းခြောက်လာသည် မဟုတ်ဘဲ လူမျိုး၊ နိုင်ငံနှင့် ဘာသာရေးတို့ကိုပါ ခြိမ်းခြောက်အန္တရာယ်ပြုလျက်ရှိသည်ဟု ယုံကြည်ထားကြောင်း၊ ဦးဝီရသူမှ ပြောကြားခဲ့သည်။ ဗာဂျီးနီးယားရှိ စာသင်ကျောင်းထဲကို လူတစ်ဦးက လက်နက်ကိုင်ပြီး လူသတ်အကြမ်းဖက်သွားသူကို ထောက်ချင့်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ မူဆလင်များမှာ လူနည်းစုဖြစ်ခြင်း မဖြစ်ခြင်းဆိုသည်မှ အရေးမပါတော့ကြောင်း ဦးဝီရသူမှ ဝေဖန်ထောက်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်ဘုန်းကြီးများသည် ၄င်းတို့၏ ဘာသာရေးနှင့်သက်ဆိုင်သည့် မြင့်မြတ်သော အယူဝါဒများကြောင့် ယုတ္တိဆန်သော အဖြစ်ထက် ပိုမိုယုံကြည်မှု လွန်ကဲလျက်ရှိပြီး၊ အဆိုပါ ကိစ္စရပ်များကြောင့် ဘုန်းကြီးများသည် ၄င်းတို့၏ကဏ္ဍထက် ကျော်လွန်ကာ နိုင်ငံရေး ပဋိပက္ခများတွင် ဝင်ရောက်နွယ်ယှက်လာကြသည်။ လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ မှတ်တမ်းကောက်ယူမှုများအရ ရခိုင်တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းတွင် ဗလီအများအပြား တိုက်ခိုက်ခံရပြီး၊ မူဆလင်ထောင်ပေါင်းများစွာမှာလည်း ပြောင်းရွှေ့နေရာချပေးခဲ့သည့် ဒုက္ခသည်စခန်းများတွင် ပိတ်မိလျက်ရှိပြီး၊ အဆိုပါ ဆူပူအကြမ်းဖက်မှုများပြီးနောက်တွင် လူပေါင်း(၂၀၀)ကျော်ခန့် သေကြေပျက်စီးခဲ့ရပြီး၊ ကျေးရွာများလည်း ဖျက်ဆီးခံရသည်ဟု သိရှိရသည်။
အရှင်ဝီရသူသည် (၉၆၉)ခေါ် ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးလှုပ်ရှားမှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူတစ်ဦး ဖြစ်ပြီး၊ အဆိုပါ (၉၆၉)အမှတ်တံဆိပ်သည် ၄င်းတို့၏ ဗုဒ္ဓဘာသာကို ပိုမိုထင်ရှားစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထိုအမှတ်တံဆိပ်ကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မူဆလင်ဘာသာများ လွှမ်းမိုးလာခြင်းကို ကာကွယ်ရန် ခွန်အားတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ထားကြသည်။ ဦးဝီရသူနှင့် အပေါင်းအပါများသည်(၉၆၉)တံဆိပ် ထီးရိပ်နောက်ကွယ်၌ မူဆလင်များကို သတ်ဖြတ်ခြင်း၊ မူဆလင်ဘာသာရေး အဆောက်အဦးများကို ဖျက်ဆီးခြင်း စသည်တို့ကို လျှို့ဝှက်စွာ လုပ်ကိုင်လျှက်ရှိပြီး၊ အများအမြင်တွင် အစ္စလာမ်များက ဗုဒ္ဓဘာသာများကို တိုက်ခိုက်သယောင် စွပ်စွဲပြောကြားလျက်ရှိသည်။
ထို့နောက်တွင် အဆိုပါ အကြမ်းဖက်မှုများ ပြုလုပ်ခြင်းဖြင့် ကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ အခိုင်အမာ ထွက်ဆိုလျက်ရှိသည်။ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်သည် ရှေ့ဆက်ရမည့် လမ်းမဟုတ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်များကို အကြမ်းဖက်အနေဖြင့် မူဆလင်များကို ကလှည့်စားချေသည်ကို မမြင်တွေ့လိုကြောင်း ဦးဝီရသူမှ ပြောကြားခဲ့သည်။
ရန်ကုန်မှ စာအုပ်ရောင်းချသူ တစ်ဦးဖြစ်သော ဌေးမောင်ကျော်က "ဘုန်းကြီး ဝီရသူက ငြိမ်းချမ်းရေးကို လိုလားတဲ့ သူပါ။ အကြမ်းဖက်တစ်ဦးမဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းကို ကြည့်ကြည့်လိုက်ပါ အာဖဂန်နစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံတွေကိုပဲ ကြည့်ပါ။ သူတို့က အဓိကပြဿနာဖြစ်အောင် ဖန်တီးတဲ့ လက်သည်တွေပဲ။ ဒါဆို အကြမ်းဖက်ဝါဒလို့ ခေါ်မလား၊"ဟု ပြန်လည်မေးခွန်းထုတ် ပြောကြားခဲ့သည်။ အဆိုပါ ကိုဌေးမောင်ကျော်သည် UK-၌ ပညာသင်ကြားခဲ့ပြီး ယခင်ထဲကပင် ဒဿနကျွမ်းကျင် ပညာရှင်အဖြစ် မိမိကိုယ်ကိုယ် ဂုဏ်ယူခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
ထို့အပြင် အရှင်ကုမာရကလည်း မူဆလင်များသည် မြန်မာနိုင်ငံအား သိမ်းပိုက်ရန် လျှို့ဝှက်ကြံစည်နေသည်ကို ယုံကြည်ကြောင်း၊ ပြောဆိုခဲ့သည်။ "အရှင်ဝီရသူ အကျဉ်းကျခဲ့ရတယ်ဆိုတာ အမှန်ပါပဲ။ ၂၀၀၃-ခုနှစ် စစ်အစိုးရလက်ထက်မှာ မူဆလင်ဆန့်ကျင်ရေး လှုပ်ဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကျဉ်းချခံခဲ့ရတာပါ။ အရှင်ဝီရသူက လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် အနစ်နာခံပြီး၊ ရုန်းကန်နေတဲ့သူပါ။"ဟု အရှင်ကုမာရက ၄င်း၏ထင်မြင်ချက်ကို ပြောကြားခဲ့သည်။ လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာကူညီစောင်မမှုအသင်း တည်ထောင်သူ တစ်ဦးလည်းဖြစ်သော ကိုမိုးဆိုသူမှ "အရှင်ဝီရသူအပေါ်ကို အချို့နေရာတွေမှာ လူတွေက အထင်အမြင်လွဲမှားနေကြတာပါ။ အရှင်ဝီရသူက လူတွေကို အစ္စလာမ်အပေါ် တိုက်ခိုက်ကြပါလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ ကိုယ့်အမျိုးဘာသာနှင့် လူမျိုးကို ကာကွယ်စောင့်ရှောက်ကြပါလို့ တိုက်တွန်းပြောကြားရုံသက်သက်ပဲ ရှိတာပါ။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းတောင်ပိုင်းတို့ကိုပဲ ကြည့်ပါ။ အားလုံးနီးပါး မူဆလင်တွေ ဖြစ်ကုန်ပြီ၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်က ဘယ်လောက်တောင် စိုရိမ်စရာကောင်းနေလဲ ဆိုတာ ဥပမာပါဘဲ"ဟု သုံးသပ်ပြောကြားခဲ့သည်။ ကိုမိုး၏ မိခင်ဘက်မှ တော်စပ်သော အဖိုးဖြစ်သူသည် မူဆလင်တစ်ဦးဖြစ်ပြီး၊ ကိုမိုး၏ အဖွားဖြစ်သူကို ဗုဒ္ဓဘာသာမှ မူဆလင်ဘာသာသို့ အတင်းအကြပ် ဖိအားပေး၍ ဘာသာပြောင်း ကိုးကွယ်ခိုင်းခဲ့ကြောင်း၊ ကိုမိုးမှ ထုတ်ဖော်ပြောကြားခဲ့သည်။ မူဆလင်ဘာသာဝင်တစ်ဦး၏ ပြောကြားချက်အရ ယခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှ လူတစ်ချို့က ဘာသာရေး ဗန်းပြပြီး နိုင်ငံရေး အာဏာလိုချင်လို့ အကွက်ထွင်နေလျက်ရှိကြောင်းနှင့် မူဆလင်လူမျိုးများမှာ မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်လောက်ကတည်းက နေထိုင်ခဲ့သည့် လူမျိုးများလည်း ဖြစ်ကြောင်း၊ သိရှိရပါသည်။
From:Wira Thu


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...