
လက်လှမ်းမမီသော ချင်းပြည်နယ်လို ဒေသများ၊ အဆက်အသွယ်မရှိသော မြို့ရွာများမှ အများပြည်သူများထံ မရောက်ရှိသည့်အတွက် တောင်းပန်စကားဆိုရပါမည်။
အဖွဲ့နှင့်ကောက်သူ။ တစ်ကိုယ်တည်းကောက်သူ၊ တစ်အိမ်တက်ဆင်းကောက်သူ။ တစ်ရွာဝင်တစ် ရွာ ထွက်ကောက်သူ၊ မဏ္ဍပ်ထိုး၍ကောက်သူ။ ဆွမ်းခံရင်းကောက်သူ၊ ကျောင်း မှာစုဝေး၍ကောက်သူ-စသည်ဖြင့်
ရဟန်းရှင်လူပြည်သူအများအားလုံးနီးပါး စိတ်အားတက်ကြွစွာပါဝင်ကူညီဆောင် ရွက်ကြသည်ကို တွေ့ ရ၍ ကျေးဇူးတင်ဝမ်းမြောက်မဆုံး ဂုဏ်ယူမဆုံးဖြစ်ရပါသည်။
ဦးပဉ္ဇင်း ဦးဝီရသူ၏ တာဝန်မှာ အထက်မြန်မာပြည်လက်မှတ်ကောက်ခံရေးသာဖြစ်၍ လက်မှတ်များ အပ်နှံပြီးနောက်ပိုင်း အင်းစိန်ရွာမ (ဗဟို) အဖွဲ့မှ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိစေအပ် ပါသည်။
ဦးပဉ္ဇင်းအနေဖြင့် ဥပဒေရေးဆွဲရာတွင် တစ်လုံးတစ်ပါဒမျှ ပါဝင်ရေးသားခြင်းမရှိသလို ဥပဒေ ရေးဆွဲသည့် ပညာရှင်များနှင့်လည်း ယနေ့အထိ အဆက်အသွယ်မရှိပါ။
သို့သော် အောင်မြင်လျှင် ဦးဇင်းကျေးဇူးဆိုကာ ဂုဏ်ပြုမည့်သူများ ရှိသလို၊ မအောင်မြင်လျှင် လက်ညှိုးထိုးမည့်သူများလည်း ရှိပါသည်။
ထို့ကြောင့် လက်ခုပ်-နှင့် လက်ညှိုး နှစ်မျိုးလုံးကို အပြုံးမပျက် ကြိုဆိုနိုင်ဖို့ ပြင်ဆင်ထားပါကြောင်း တင်ပြအပ်ပါသည်။
ဦးပဉ္ဇင်း
ဦးဝီရသူ (မစိုးရိမ်)
16.7.2013 (PM.10:17)
From:Wira Thu
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...