စင်ကာပူ နိုင်ငံမှ
ကိုယ်အလေးချိန် ကီလိုဂရမ် ၂၀၀ ရှိသည့် ကုန်လှောင်ရုံ ၀န်ထမ်းတစ်ဦး ဖြစ်သူ
ဟောင်ဂူဟွာ ဆိုသူ အမျိုးသမီး တစ်ဦးသည်
အခြားသူတစ်ဦးက ၎င်းအား ပြုစားသည်ဟု ထင်မှတ်ပြီး ရေမန်းတစ်ခွက်ကို
သောက်ပြီးနောက် ၀မ်းဗိုက် ဖောရောင်ပြီး သေဆုံး ခဲ့ရကြောင်း သိရသည်။
ဟောင်ဂူဟွာသည် အဆိုပါ ရေမန်းကို သောက်ပြီးနောက် သူ၏၀မ်းဗိုက်မှာ
ဖောရောင် လာခဲ့သော်လည်း ဆေးရုံသွားရန် အမျိုးသား၏တိုက်တွန်းချက်
ကို
လက်မခံခဲ့ကြောင်း၊ နောက်ဆုံးတွင် မိသားစု ဆရာဝန်နှင့် ပြသ၍
ဆေးကုသ
ခဲ့သော်လည်း အသက် ဆုံးရှုံးခဲ့ရ ကြောင်း သူမ၏ အမျိုးသား
ဖြစ်သူ
ဟျူဘောင်လျူက ပြောကြားခဲ့သည်။
ဟောင်ဂူဟွာသည် မကွယ်လွန်မီ တစ်ရက်က သူမ အိမ်ထဲသို့ တစ်စုံ တစ်ယောက်က
ဖောက်ထွင်းဝင်ရောက် လာသည်ဟု ယူဆခဲ့ပြီး သူမကို ပြုစားသွားသည် အထင်ဖြင့်
ရေမန်းကို အငမ်းမရ သောက်သုံး
ခဲ့ကြောင်း၊ ထို့နောက် အိပ်ပျော်သွားပြီး
နောက်တစ်နေ့ နံနက် ၁၁ နာရီတွင် ဟောင်အား နှိုးကြည့်ရာ ၀မ်းဗိုက်မှာ
ဖောရောင်နေပြီး လက်များမှာ အေးစက်လာ၍ တောင့်လာခဲ့ကြောင်း၊ ဆေးရုံသို့
ပို့ဆောင် ခဲ့သော်လည်း ၀မ်းသွားခြင်းပင် မရှိဘဲ နောက်ဆုံးတွင် သေဆုံး
သွားခဲ့ကြောင်း အမျိုးသား ဖြစ်သူက ထပ်လောင်းပြောပြ ခဲ့သည်။
၎င်းတို့
ဇနီးမောင်နှံတွင် သားနှစ်ဦးနှင့် သမီးတစ်ဦးရှိကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...