၂၀၁၅ ရွေးကောက်ပွဲ
နီးလာသည်နှင့်အမျှ အခြေခံဥပဒေပြင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ
တင်မြှောက်ဖို့အရေးကိုပဲ NLD မှ အထူးအာရုံစိုက်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူမ သမ္မတဖြစ်လိုကြောင်း
အကြိမ်ပေါင်းများစွာ မရေတွက်နိုင်အောင် ပြောခဲ့ပြီးဖြစ်သလို ဒေါ်အောင်ဆန်း
စုကြည်ကို သမ္မတဖြစ်စေချင်တဲ့ မီဒီယာအများအပြားကလည်း အခြေခံဥပဒေ
ပြင်ဆင်ရေးကို ဇောင်းပေး ရေးလာကြပါတယ်။ အဓိကပြင်ချင်ကြတာကတော့ အခြေခံဥပဒေ
ပုဒ်မ ၅၉။ (စ) မှာပါတဲ့ ဒုတိယသမ္မတ လောင်း၏ မိဘ၊ သားသမီး နှင့် ခင်ပွန်း၊
ဇနီး များက နိုင်ငံခြားသား မဖြစ်စေရဟူသောဥပဒေ ဖြစ်ပါတယ်။ ပြင်ဆင်စေချင်တဲ့
ရည်ရွယ်ချက်ကလည်း ၂၀၁၅ နဲ့ ၂၀၂၀ ကာလ ကြား ၅ နှစ်တာကို ဒေါ်အောင်ဆန်း
စုကြည်ကို သမ္မတဖြစ်စေချင်တာကြောင့်ပါ။ ထို ပုဒ်မ ၅၉။ (စ) အချက်မျိုးကို
ဘယ်သူကစပြီး ဥပဒေထဲ ထည့်စေချင်တာလဲ၊ ၂၀၂၀ ကျော်သွားလျှင်ရော ဒီဥပဒေနဲ့
အဆင်ပြေပါ့မလား၊ ဒေါ်အောင်ဆန်းစုကြည်လို နိုဘယ်လ်ဆုရရှိထားတဲ့ အရည်အချင်းရှိ
ပုဂ္ဂိုလ်တစ်ယောက်ကရော သမ္မတထိုင်ခုံမှ ထိုင်ရမှ ပြည်သူ့အကျိုးကို
ဆောင်ရွက်နိုင်မှာလား ဆိုတဲ့ မေးခွန်းတွေလည်း မေးစရာရှိလာပါတယ်။
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၉။ (စ)
ပါ အချက်သည် သမိုင်းအခေါ် ဝံသာနုစိတ်ဓာတ်၊ နိုင်ငံရေးအခေါ် အမျိုးသားရေး
စိတ်ဓာတ်၊ ယနေ့ခေတ်အခေါ် ပြည်ထောင်စုစိတ်ဓာတ်ဖြင့်
အနာဂါတ်မြန်မာနိုင်ငံအတွက် ရည်ရွယ်ကာ လွတ်လပ်ရေးမရခင်ကတည်းက
ထည့်သွင်းထားသည့်အချက်ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ
အခြေခံဥပဒေရေးစွဲချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်
တိုင်းပြုပြည်ပြုလွှတ်တော်မှ ထည့်သွင်းခဲ့သော ဥပဒေ ဖြစ်ပြီး ထိုစဉ်က
မြန်မာခေါင်းဆောင်များနှင့် မြန်မာလူထု တစ်ရပ်လုံးက မြန်မာနိုင်ငံကို
မြန်မာစစ်စစ်၊ အခြား နိုင်ငံသားများနှင့် ပတ်သက်ဆက်နွယ်မှုမရှိသူကိုသာ
နိုင်ငံတစ်ခုလုံးကို ပုံအပ်ချင်နေချိန်ပါ။ သို့သော် လွတ်လပ် ရေးရပြီး ၆၅
နှစ်ကြာလာချိန်မှာ မြန်မာပြည်သူအချို့စိတ်ထဲမှာ ဝံသာနုစိတ်ဓာတ် (သို့)
အမျိုးသားရေးစိတ်ဓာတ် (သို့) ပြည်ထောင်စုစိတ်ဓာတ်တွေ ခေါင်းပါးလာကြပါတယ်။
လူ သန်းပေါင်း ၆၅ သန်းကျော်ရှိတဲ့ ပြည်ထောင်စုထဲက ပြည်ထောင်စုသား
အများအပြားရှိတဲ့အထဲမှာမှ နိုင်ငံခြားသားနှင့် လက်ထပ်ပေါင်းသင်း
နေသူတစ်ဦးတည်းသာ သမ္မတအဖြစ် ရွေးချယ်ဖို့ သမိုင်းထဲက ခေါင်းဆောင်များ
ရေးဆွဲထားတဲ့ ဥပဒေကို ပြင်ဆင်ကြမယ်ဆိုရင် အတိတ်က ခေါင်းဆောင်တွေလက်နဲ့
ရေးထားတာကို ခြေနဲ့ ဖျက်သလို ဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ အနာဂတ်လည်း
မကောင်းနိုင်ပေ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ၎င်း ရဲ့ ဖခင် ကိုယ်တိုင်
ဝံသာနုစိတ်ဓာတ်အပြည့်နဲ့ ထည့်သွင်းထားတဲ့ ဥပဒေကို နိုင်ငံခြားသားနဲ့
လက်ထပ်ထားတဲ့ သမီးက ပြန်ဖျက်ပြီး သမ္မတ လုပ်ရလောက်အောင်
မမိုက်မဲသင့်ဘူးထင်ပါတယ်။
မြန်မာလူထုအနေနဲ့ ၂၀၁၅ မှ ၂၀၂၀
ကာလအတွင်းကိုသာ မကြည့်ဘဲ ၂၀၂၀ ကျော်သွားချိန် ဒီဥပဒေ နဲ့ အဆင်ပြေပါ့မလား
ဆိုတာကို အလေးအနက်ထား စဉ်းစားဖို့လိုပါတယ်။ ဒီကနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ
နိုင်ငံခြားသားများ စိမ့်ဝင်ထိုးဖောက်မှုပြဿနာကို နိုင်ငံငယ်များသာမက
နိုင်ငံကြီးများကပါ ရင်ဆိုင်နေရပြီး ဖြေရှင်းဖို့ အသည်းအသန်ကြိုးစားနေရတာ
အားလုံးအသိပဲဖြစ်ပါတယ်။ အထူးသဖြင့် လူဦးရေ အများဆုံး နိုင်ငံကြီး (၂)
နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိကြားမှာရှိတဲ့ မြန်မာနိုင်ငံတွက်
ဒီအန္တရာယ်ကို ကြိုတင်ပြင်ဆင် ထားဖို့လိုပါတယ်။ လက်တလော ဘင်္ဂလားဒေ့ရှ်က
လူဦးရေအများအပြား စိမ့်ဝင်မှုကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊
မောင်းတောမှာ ရခိုင်တိုင်းရင်းသား မရှိသလောက် နေရဖယ်ပေးလိုက်ရပြီဖြစ်ပါတယ်။
လွှတ်တော်နိုင်ငံရေး အခင်းအကျင်းအရ ၎င်းကဲ့သို့သော ဒေသများကလည်း
လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်လာမှာဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်လိုက်ပါက
ဒုသမ္မတအရွေးခံကာ သမ္မတထိုင်ခုံပေါ်ထိ ရောက် သွားကြမှာပါ။ သမ္မတကို
လွှတ်တော်ကပဲ ရွေးခွင့်ရှိပြီး ပြည်သူတစ်ရပ်လုံးက ရွေးခွင့်မရှိတဲ့အတွက်
လွှတ်တော် ထဲမှာ ဘင်္ဂါလီ (သို့) မွတ်ဆလင် (သို့) နိုင်ငံခြားသားအထင်ကြီးသူ
အများအပြား ရောက်လာရင်တောင် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် အခြေခံဥပဒေ
ပြင်ဖို့ စိုင်းပြင်းနေကြသူတွေအနေနဲ့ ၅ နှစ်တာ ကာလ ကို မကြည့်ဘဲ
နောင်နှစ်ပေါင်းများစွာကို ကြည့်ဖို့လိုပါတယ်။
မြန်မာ့နိုင်ငံရေး
သမိုင်းအဆက်ဆက်ကို လေ့လာကြည့်ပါက ဒီကနေ့ နိုင်ငံရေး အခြေအနေက အားရ စရာ
အကောင်းဆုံး အခြေအနေလို့ပြောလို့ရပါတယ်။ အစိုးရနဲ့ အတိုက်အခံပူးပေါင်းပြီး
နိုင်ငံတိုးတက်အောင် လုပ်ဆောင်နေကြသလို လွှတ်တော်ထဲမှာလည်း
တိုင်းရင်းသားပေါင်းစုံပါဝင်ကာ ဥပဒေပြုရေးလုပ်ဆောင်နေ တာကြောင့်
တစ်ကမ္ဘာလုံးက ချီးကျူးနေကြတာ သက်သေဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို အရည်
အချင်းရှိသူတစ်ဦးကလည်း လွှတ်တော် နာယက ဖြစ်မှ၊ သမ္မတ ဖြစ်မှ မဟုတ်ပါဘူး၊
ဘယ်လိုအခြေအနေမဆို ပြည်သူ့အကျိုး ဆောင်ရွက်နိုင်မှာပါ။ ကမ္ဘာပေါ်မှာလည်း
အခြားငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အများအပြားက သမ္မတမလုပ်ပဲ
လူထုအကျိုးဆောင်ရွက်နေကြသူတွေ အများပြားရှိပါတယ်။
အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း
သမ္မတလုပ်မည့်အစား သမ္မတအကြံပေးတစ်ဦးအဖြစ် တာဝန် ထမ်းဆောင် ကာ
ငယ်ရွယ်ထက်မြတ်တဲ့ ပြည်ထောင်စုသားတစ်ဦးကို သမ္မတထိုင်ခုံပေါ်
ထိုင်ခိုင်းရင်လည်း သင့်တော်ပါတယ်။
အချုပ်အားဖြင့် ယခု
တစ်ကြိမ်ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်မယူဘဲ နေလိုက်ခြင်းဖြင့် လူတိုင်းလည်း
အခြေခံဥပဒေကို လေးစားလာမည်ဖြစ်သလို နောက်နောင် ဘယ်နိုင်ငံခြားသား
မျိုးနွယ်ဝင်များ ကလည်း မျှော်မှန်းရဲမည်မဟုတ်တဲ့အပြင်
ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ပိုမိုလေးစားပြီး သမိုင်းကောင်း ကျန်ခဲ့မှာပါ။
အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲထားတဲ့အချက်ကို သမီးဖြစ်သူက
သမ္မတလုပ်ချင်လို့ ဖျက်မယ်ဆိုပါလျှင် အနာဂါတ်မှာ ဥပဒေပြင်ဖို့ ခက်ခဲသွားပြီး
ဒေါ်အောင်ဆန်းစုကြည်လည်း သမိုင်းတရားခံ ဖြစ်သွားပါလိမ့်မယ်။
နိုင်ငံတစ်နိုင်ငံ၊ အထူးသဖြင့် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်အစဉ်အလာ
ကြီးမားတဲ့ ထေရဝါဒဗုဒ္ဓဘာသာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတစ်ခုလုံးကို
စိတ်တိုင်းကျ စီမံအုပ်ချုပ်ပိုင်ခွင့် ပေးရမည့်သူတစ်ယောက်အတွက်
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းကမ်းချက်လေး (၇) ချက်လောက် ကိုတော့
ပြည့်စုံကိုက်ညီသင့်ပေသည်။
www.MyanmarExpress.net

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...