ပဲခူးတိုင်းဒေသကြီးပြည်မြို့နဝဒေးရပ်ကွက်တွင်အလုပ်မှပြန်လာသောပွဲရုံလုပ်သားတစ်ဦးအားလှည့်ကင်းလှည့်လာသောရဲတပ်ဖွဲ့ဝင်နှစ်ဦးကခေါ်ယူစစ်ဆေးရိုက်နှက်ခဲ့သဖြင့်ဒဏ်ရာအများအပြားရရှိကာဆေးရုံတက်ရောက်ကုသမှုခံယူနေရသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။ဦးလှသောင်းပဲနှမ်းပွဲရုံမှပွဲရုံလုပ်သား
ဦးတင်ဇော်၃၉နှစ်သည်စက်တင်ဘာ၆ရက်ည၈နာရီခွဲတွင်အလုပ်မှအိမ်သို့ပြန်လာစဉ်ပြည်မြို့နဝဒေးရပ်ကွက်ပွဲရုံတန်းနယ်မြေရှိရွိုင်ရယ်စတားစားသောက်ဆိုင်အနီးအရောက်တွင်လှည့်ကင်းလှည့်လာသောနဝဒေးရဲကင်းမှ
ရဲတပ်သားနှစ်ဦး နှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။
ရဲတပ်သားနှစ်ဦးက ဦးတင် ဇော်အား ခေါ်ယူစစ်ဆေးပြီး မှောင် ရိပ်ခိုမှုဖြင့်
ရဲကင်းသို့လိုက်ခဲ့ရန် ခေါ်ရာ
ဦးတင်ဇော်ကမိမိသည်အလုပ်မှပြန်လာခြင်းဖြစ်ကြောင်း၊အပြစ်မရှိသဖြင့်မလိုက်နိုင်ကြောင်း
ငြင်းဆန်သဖြင့်
လက်သီးနှင့်ထိုးပြီးလက်ထိတ်ခတ်ကာနံပါတ်တုတ်ဖြင့်ရိုက်နှက်ခဲ့ကြောင်းသိရသည်။ထိုသို့ရိုက်နှက်မှုကြောင့်
ဦးခေါင်းတွင်ဖူးရောင်ဒဏ်ရာ၊ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ဘယ်တင်ပါးချုပ်ရိုးနာကျင်ဒဏ်ရာနှင့်ဘယ်ဘက်ခြေသလုံးပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်။ရရှိဒဏ်ရာများမသက်သာသဖြင့်စက်တင်ဘာရရက်နံနက်၁ဝနာရီခန့်တွင်
ပြည်မြို့
ပြည်သူ့ဆေးရုံကြီး၌တက် ရောက်ကုသမှုခံနေရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား မျက် မြင်တွေ့ရှိရပြီး ကိုယ်တိုင်အာမခံ လိုက်ပါဆောင်
ရွက်ပေးရသူတစ်ဦး က ''ကျွန်မက ကျွန်မညီမလင်မ ယားရန်ဖြစ်တယ်ထင်
လို့ သွားကြည့် တာ။ ဟိုရောက်တော့ ကိုတင်ဇော် ကို ရဲနှစ်ဦးက လက်ထိတ်ခတ်ပြီး
ရိုက်နေ တာတွေ့ ရတယ်။
ကိုတင် ဇော်ခေါင်းမှာလဲ သွေးတွေနဲ့။ ဒါ ကြောင့် ကျွန်မကမလုပ်ကြပါနဲ့
တော်ကြပါတော့လို့ ပြောတော့မှရိုက်တာရပ်ပြီးနဝဒေးရဲကင်းကိုခေါ်သွားပါတယ်''ဟု
ပြောသည်။
ရဲကင်းရောက်မှ ဒဏ်ငွေ ၁၅၀၀၀ ဆောင်ရမည်ဟု ပြောကာ ပြန်
လွှတ်ပေးလိုက်သည်ဟု သိရသည်။ အရိုက်ခံရသည့် ဦးတင်ဇော် က ''ကျွန်တော်တို့က
ကောင်း ရောင်းကောင်းဝယ် လုပ်စားတာ ပါ။ ဒါကို အလုပ်ကပြန်အလာ
မှောင်ရိပ်ခိုမှုဆိုပြီး အတင်း ဖမ်း ပြီးလုပ်တာပါ။ သူတို့က ပုဒ်မမဖွင့် ဘဲ
ဒဏ်ငွေ ၁၅၀၀၀ ဆောင်ခိုင်း တယ်။ ဒါပေမဲ့ ကျွန်တော်မဆောင်
ပါဘူး''ဟုပြောကြောင်း သိရသည်။
ကျော်ကျော်
Yangon Media Group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...