ပြီးခဲ့သည့် တနင်္လာနေ့က အသင်းနှစ်သင်းစလုံး၏ တာဝန်ရှိသူများ၊ ဒေသခံ
ရဲတပ်ဖွဲ့များ၊ ပရိသတ်ကိုယ်စားပြု ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး
အဖြေရှာခဲ့ကြသည်။ ယင်းကဲ့သို့ ညှိနှိုင်းဆွေးနွေးခဲ့ရာတွင် မီးခိုးဗုံး၊
မီးရူးမီးပန်းများကို အမဲလိုက်ခွေးများဖြင့် အနံခံရန်၊ လုံခြုံရေး
တာဝန်ကျသူများအနေဖြင့် အကာအကွယ် မျက်မှန်များ ၀တ်ဆင်ရန်၊ ပြိုင်ပွဲမစတင်မီ
ပြိုင်ဘက်အသင်းကို ထိခိုက်စေမည့် ဂရက်ဖစ်တီ ရေးဆွဲမှုများအား
ပိတ်ပင်ရန်စသည့် အချက်များ ထုတ်ပြန်ခဲ့သည်။
ထို့အပြင် မန်ချက်စတာမြို့ရှိ စားသောက်ဆိုင်များအနေဖြင့် ပရိဘောဂ၊
စားပွဲများအား ဖယ်ရှားထားရန်နှင့် ပလပ်စတစ်မှန်ကိုသာ အသုံးပြုရန်စသည့်
တားမြစ်ချက်များလည်း ပါဝင်ခဲ့သည်။ သို့သော် အဆိုပါပွဲစဉ်မတိုင်မီ
မန်ချက်စတာမြို့လယ်စင်တာတွင် အရက်သေစာ သောက်စားမှုကို ပိတ်ပင်မည့်ကိစ္စအား
ဖျက်သိမ်းခဲ့သည့်အတွက် ဘောလုံးပွဲကြည့်မည့် ပရိသတ်များအနေဖြင့် အရက်သေစာ
သောက်သုံးနိုင် မည်ဖြစ်သည်။ မန်စီးတီးနှင့် မန်ယူတို့မှာ ယခုလ ၂၂ရက်နေ့တွင်
မန်ချက်စတာဒါဘီပွဲ ကစားရမည်ဖြစ်သည်။
ဇော်ထွန်း(ရိုးရာလေး)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...