သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 15, 2013

'ကမ္ဘာ့ ငြိမ်းချမ်းအောင်' ဆင်းတုတော်မြတ်ကြီးအား ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု မြန်မာကျောင်းတော်ကြီးသို့ ပင့်ဆောင်ပူဇော်မည်

ရွှေတိဂုံစေတီတော်တွင် ရင်ငွေ့လှုံ အပူဇော်ခံလျက်ရှိသည့် ''ကမ္ဘာ့ငြိမ်းချမ်းအောင်'' ဆင်းတုတော်မြတ်ကြီး အား ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု မြန်မာကျောင်းတော်ကြီးသို့ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ပင့်ဆောင်ပူဇော်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင်းတုတော် မြတ်ကြီးအား ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့ မပင့်ဆောင်မီ ရန်ကုန်မြို့၊ ရွှေတိဂုံ စေတီတော် စနေထောင့်ရှိ ရခိုင်တန်ဆောင်းတွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ
၁၅ ရက်တိုင်တိုင် ရင်ငွေ့လှုံ အပူဇော်ခံလျက်ရှိကြောင်း သိရသည်။


''ဇူလိုင် ၁၅ ရက်အထိ ရွှေတိဂုံစေတီတော်မှာ ရင်ငွေ့လှုံ အပူဇော်ခံမှာ ဖြစ်ပါတယ်။ ဇူလိုင် ၂၀ ရက်ကျရင် တော့ ပါရီမြို့ရဲ့ ထေရ၀ါဒဗုဒ္ဓသာသနာပြု မြန်မာဘုန်းတော်ကြီး ကျောင်းကို ဆက်လက်ပင့်ဆောင် အပူဇော်ခံ မှာ ဖြစ်ပါတယ်'' ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောပြသည်။

အဆိုပါ ဆင်းတုတော်အား ဆင်းတုတော်မြတ်၊ ပလ္လင်တော်မြတ်နှင့် တံကဲတော်မြတ်တို့အား Quality ပြည့် ထူးကဲစကျင်ကျောက်တုံး တစ်တုံးတည်းဖြင့် မန္တလေးမြို့တွင်ထုလုပ်ထားပြီး ပါရီမြို့ရှိ ဗုဒ္ဓသာသနာထေရ၀ါဒ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင် အပူဇော်ခံမည် ဖြစ်သည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D