သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, July 14, 2013

ထိုင်းနိုင်ငံရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြန်လည် လွှဲပြောင်းပေးအပ်

အမှတ်(၁)ချစ်ကြည်ရေးတံတားထိပ် ရှိ မြန်မာနိုင်ငံ တာချီလိတ်မြို့အ၀င်ဂိတ်
တာချီလိတ် ၊ ၁၄-၇-၂၀၁၃

တာချီလိတ် - မယ်ဆိုင် အမှတ်(၁) ချစ်ကြည်ရေး တံတားပေါ် ၌ ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ထိုင်းနိုင်ငံ မယ်ဆိုင် ခရိုင် လူဝင်မှု ကြီးကြပ်ရေးရုံး မှ ဦးစီးအရာရှိ ရဲဗိုလ်ကြီး နတ်ထ၀ပ်
ဆဲန်ဒူးအန်း ဦးစီး အဖွဲ့ဝင် ၄ ဦးတို့က မြန်မာ အလုပ်သမား အမျိုးသား ၁၂ ဦး ၊ အမျိုးသမီး ၃ ဦး ၊ ပေါင်း ၁၅ ဦးတို့အား တရားဝင် လွှဲပြော်ငး ပေးခဲ့ရာ တာချီလိတ် လူဝင်မှု ကြီးကြပ်ရေး ဌာန ၊ မြို့နယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှ ဦးစီးအရာရှိ ဦးမိုးဇက် နှင့် အဖွဲ့ဝင် များက လက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်သမား များအား တာချီလိတ်မြို့ ၊ မဟာမြတ်မုနိ ဘုန်းကြီးကျောင်း အတွင်း ခေတ္တ နေရာချထား ပေးပြီးနောက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ၄င်းတို့အား နေရပ် အသီးသီးရှိ မိဘဆွေမျိုး များထံ ပြန်လည် ပို့ဆောင် နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

ပြန်လည် လွှဲပြောင်းခြင်း ခံရသူများ သည် ထိုင်းနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက် ခဲ့ပြီး နေထိုင်ခွင့် ကတ်ပြား မရှိခြင်း ၊ နယ်စပ် ဖြတ်သန်းခွင့် ၇ ရက်ကျော်လွန် ခြင်းတို့ကြောင့် ရှောင်တခင် စစ်ဆေးချက် အရ ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း နှင့် လူကုန်ကူး ခံရမှု မရှိကြောင်း စစ်ဆေးချက် များအရ သိရသည်။


ယခု အကြိမ် လွှဲပြောင်း ပေးအပ်ခြင်းသည် ၂၄၀ ကြိမ်မြောက် ဖြစ်ပြီး ၂၀၁၀ ခုနှစ် ၊ နိုဝင်ဘာလ ၁၉ ရက်မှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့အထိ ထိုင်းနိုင်ငံက ပြန်လည် လွှဲပြောင်း ပေးအပ် ခဲ့သည့် မြန်မာ အလုပ်သမား အမျိုးသား ၄၇၀၇ ဦး ၊ အမျိုးသမီး ၁၆၀၄ ဦး ၊ စုစုပေါင်း ၆၃၀၈ ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D