ဇူုလိုင်လ ၁၆ ရက် ၂၀၁၃
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးမှာ ရှိတဲ့ ကျောက်ပွဲစားတန်းဟာ ညနေ ၃ နာရီကျော်လောက်မှ စပြီး စည်ကားလာ တာပါ။ ကျောက် ဝယ်ရောင်းပွဲစားတွေက ဈေးအတွင်း လမ်းမတလျှောက် ပြည့်နေသလို အရောင်းအဝယ် လာလုပ်နေကြတဲ့ သူတွေလည်း မနည်းမနောမို့ ကြည့်ရတာ ပွဲဈေးတန်းတခုကို လျှောက်နေရသလိုပါပဲ။ ဒီဝိုင်းအတွင်းမှာ ရှိတဲ့ ကျောက်ပွဲစားတွေက
မနက်ပိုင်း မှာတော့ ရွှေဘုံသာလမ်းမှာရှိတဲ့ ရွှေငွေ ကျောက်ပွဲစားတန်းမှာ အရောင်းအဝယ် လုပ်ကြပြီး ညနေပိုင်းမှာတော့ ဗိုလ်ချုပ်ဈေး ကျောက်ဝိုင်းမှာ ရွှေ့ပြီး အရောင်းအဝယ် လုပ်ကြတာပါ။ မန္တလေး၊ မိုးကုတ်ဘက်က ကျောက်ကုန်သည်တွေ အပါအဝင် နယ်ကျောက် ပွဲစား တချို့က ရန်ကုန် ကျောက် ဝယ်ရောင်း ဈေးကွက် အခြေအနေနဲ့ ကျောက်လောက အခြေအနေကို လာပြီး လေ့လာကြ တာရှိသလို ရန်ကုန်ကျောက်ပွဲစား အများစုကတော့ လက်ဝတ်ရတနာဆိုင်တွေ၊ ကျောက်ကုန်သည်တွေနဲ့ ပေါင်းပြီး ကျောက် ဝယ်ရောင်း လုပ်နေကြတာပါ။
ဗိုလ်ချုပ်ဈေး ကျောက်ပွဲစားတန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးလောက်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အစိုးရက တရားဝင် ရောင်းဝယ်ဖောက်ကားခွင့် ပေးမထားပေမဲ့ နားလည်မှုနဲ့ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရနေ တယ်လို့ ကျောက်ဝယ်ရောင်း ပွဲစားတွေထံက သိရပါတယ်။ “တကယ်တမ်းကျတော့ ကျောက်ဝိုင်းအတွက် လိုင်စင်မရှိဘူး၊ တဦးနဲ့တဦး နားလည်မှုနဲ့လုပ်ကြတာ။ သက်ဆိုင်ရာက လာပြီး ဖမ်းဆီးတာတွေလည်း မရှိပါဘူး။ ဝိုင်းထဲမှာဆိုရင် ဘယ်သူမဆို လွတ်လပ်စွာ ရောင်းဝယ်ခွင့် ရှိကြတယ်ဗျ” လို့ နှစ်ပေါင်း ၂၀ ကျော် ကျောက်ပွဲစားလုပ်လာတဲ့ ဦးကျော်နိုင်က ရှင်းပြပါတယ်။ “ကျောက်ပွဲစား လုပ်ရတာက လောင်းကစား လုပ်နေရတာနဲ့တူတယ်။ ကိုယ့်ဆုံးဖြတ်ချက်ပေါ် မှုတည်ပြီး ဘဝပြောင်း သွားနိုင် တယ်။ ကျောက်ဝိုင်းထဲမှာကို မနေ့တနေ့ကလာပြီး တိုက်ဆောက် ကားစီးသွားနိုင်တာတွေ ရှိသလို ဆုံးဖြတ်ချက်မှားလို့ ဘဝပျက်သွား တာတွေလည်း အများကြီးပဲ” လို့ ဦးကျော်နိုင်က ပြောပြပါတယ်။ ဦးကျော်နိုင်ကတော့ ကျောက်အလိမ် ခံရဖူးတာတွေလည်း ရှိခဲ့သလို ကျောက်အောင်တာကြောင့် အမြတ် ၁၀ သိန်းကျော်အထိလည်း ရခဲ့ဖူးတယ်လို့ သူရဲ့ ကျောက်ပွဲစား ဘဝကို ပြောပြပါတယ်။
တချို့ပွဲစားတွေကတော့ မသမာတဲ့နည်းသုံးပြီး ကျောက်အတု၊ အရည်အသွေးနိမ့် ကျောက်တွေနဲ့ နိုင်ငံခြားသားတွေကို အဓိက ပစ်မှတ်ထားပြီး ရောင်းချတာတွေ ရှိပေမဲ့ အဲ့ဒီလိုလူတွေကတော့ ကျောက်ဝိုင်းထဲမှာ တာရှည် မရပ်တည်နိုင်ဘူးလို့ သိရပါတယ်။ ပွဲစားအများစုမှာတော့ ချိတ်ဆက်ထားတဲ့ ပုံမှန်ဖောက်သည်တွေလည်း ရှိတယ်လို့ သိရပါတယ်။ “ကျောက်ဝိုင်းတွေမှာ ဝယ်တာက ဆိုင်တွေမှာ ဝယ်တာထက် ပိုပြီးတော့သက်သာတယ်။ ဆိုင်တွေမှာကာ ဆိုင်ခွန်၊ အလုပ်သမားခတွေကြောင့် ဈေးပိုများ တယ်လေ။ ပွဲစားအများစုကတော့ ကျောက်ကုန်သည်တွေနဲ့ ချိတ်ဆက်ထားပြီး အလုပ်လုပ်ကြတယ်။ ကိုယ့်အတွက် အမြတ် ကျန်အောင် တကွက်ချန် ရောင်းဝယ်ရတာပေါ့” လို့ ကျောက်ပွဲစားဦး ကျော်နိုင်က ရှင်းပြပါတယ်။ ပွဲစားတွေက ကျောက်ကုန် သည်တွေနဲ့ ဖောက်သည်တွေက အော်ဒါမှာထားတဲ့ ပစ္စည်းတွေကိုပဲ ရောင်းသူတွေထံက ဝယ်ကြပြီး ကြားဝင်ပစ္စည်း တွေဆိုရင်တော့အ ချင်းချင်းချိတ်ဆက်ပေးပြီး အမြတ်ယူ ဝင်ရောင်း၊ ဝယ်ပေးတာ ရှိတယ်လို့ သိရပါတယ်။
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည် ဖွင့်ပေးပြီးတဲ့ နောက်ပိုင်းမှာတော့ ရန်ကုန် ကျောက်ဈေးကွက်က အရင်ကထက် အခြေအနေ ကောင်းလာကြောင်း၊ ကျောက်ကုန်သည်ကြီးတွေ ကလည်း ပြည်ပနိုင်ငံတွေ ကို ကျောက်မျက်တွေ တင်ပို့ဖို့ တာစူလာကြကြောင်၊ ကျောက်ဈေးတွေလည်း တက်လာကြောင်း ကျောက်ပွဲစားတွေထံက သိရှိရပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေ မရှိတော့တဲ့ နောက်ပိုင်းမှာ ကျောက်ဈေးတွေ တက်လာတယ်ဆိုပေမဲ့ ပုံမှန်ဈေး ပြောလို့မရသလို ကျောက်အပွင့်လှပြီး ကျောက်ချော ကျောက်သန့်တဲ့ အပေါ်မှုတည်ပြီးတော့ ဈေးတွေ ကွာတယ်လို့လည်း သိရပါတယ်။
“ဈေးသိပ်မကွာပေမဲ့ မျက်စိပွင့်နားပွင့် ဖြစ်ချင်လို့ ရန်ကုန်ဆင်းလာပြီး အရောင်းအဝယ် လာလုပ်ကြည့်တာပါ။ မိုးကုတ်မှာ ကတော့ ကျောက်ပိုစုံသလို ထိုင်းနဲ့ တရုတ်ဘက်ကို သွားရောင်းလို့လည်း ရတယ်။ နိုင်ငံခြားသားတွေကတော့ လက်ဆောင်ပေးဖို့လောက်ပဲ ဝယ်ကြပြီး လေ့လာရုံသက်သက်ပဲ လာကြတယ်လို့ သိရပါတယ်” လို့ မိုးကုတ် ကျောက်ပွဲစားတန်းကနေ ရန်ကုန်ဘက်ကို အခြေချလာတဲ့ ကျောက်ပွဲစား မဇင်မင်းထွန်းက ဆိုပါတယ်။ လက်ရှိမှာတော့ ကျောက်တူးဖော်ရေး လုပ်ငန်းတွေမှာ အစိုးရနဲ့ အကျိုးတူ ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေကြောင့် ကျောက်တွေက အပြင်ဈေးကွက်ကို မရောက်လာတော့ဘဲ တနိုင်တပိုင် လုပ်ငန်းတွေ နည်းလာသလို ကျောက် ဝယ်ရောင်းလုပ်ဖို့ အတွက် ကျောက်တွေလည်း အပြင်ဈေးကွက်မှာ ရှားပါးလာတယ်လို့ သိရပါတယ်။
“တနိုင်တပိုင်က ကျောက်တွေက ဘယ်သူ့ရောင်းရောင်း ရပေမဲ့ အကျိုးတူတွေက ရသမျှကျောက် အကုန်သိမ်းကုန်တော့ ကျောက်တွေက အပြင်မထွက်တော့ဘူး၊ ရှားလာတယ်။ ကိုယ့်ဆီကလူတွေက လုပ်ငန်း ကြပ်ကုန်တာပေါ့” လို့ မဇင်မင်းထွန်းက ဆက်လက် ပြောပြပါတယ်။ မိုးကုတ် ကျောက်ပွဲစား တချို့ကတော့ ကျောက်အရိုင်းတုံးတွေကို ဝယ်ပြီး ကျောက်ပြန်သွေး ပြန်ရောင်း တာက ကျောက်အောင်ရင် အောင်သလို အမြတ်ရကြတယ်လို့ သိရပါတယ်။ ရန်ကုန် ကျောက်ဈေးကွက်ကတော့ နယ်ပယ် အစုံက ကျောက်တွေဝင်ပြီး မန္တလေးဘက်မှာက ကချင်ပြည်နယ် ဖားကန့်ဘက်က ကျောက်တွေဝင်ကြောင်း၊ မိုးကုတ်ကျောက်ဝိုင်း ဘက်မှာတော့ ကျောက်ဝိုင်း ၃ ဝိုင်းရှိပြီး ဒေသထွက် ကျောက်တွေဖြစ်တဲ့ ပတ္တမြား၊နီလာ ကျောက်မျက်တွေက အရောင်းအဝယ် ပိုဖြစ်တယ်လို့ ကျောက်ပွဲစားတွေက ဆိုကြပါတယ်။
ဧရာဝတီ
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့

မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Tuesday, July 16, 2013
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
-
▼
07/14 - 07/21
(219)
- ၂၀-၇-၂၀၁၃ပေါက်တောမြို့နယ်တွင် ကျွဲ(၄)ကောင်နှင့်အတူ...
- ၂၀-၇-၂၀၁၃ စယ်လီဗစ်တီတွေရဲ့... ဖြစ်ရပ်မှန် ဇာတ်လမ်း...
- ၂၁-၇-၂၀၁၃စေတီရှိအလှူခံပုံးမှန်အား ခွဲ၍ အလှူငွေခိုး...
- ၂၁-၇-၂၀၁၃ အိမ်နီးချင်း နိုင်ငံများက ရေတပ်အင်အား တု...
- အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ
- တပ်မတော် ခန်းမတွင် ကုန်စည်ပြပွဲနှင့် ကားပြပွဲကျင်းပ
- ထားဝယ် တိုင်းရင်း သားများ ပါတီ
- ၂၀၁၂ ခုနှစ် တရုတ် အစိုးရ အရာရှိများ အသုံးစရိတ် လျေ...
- သူရဦးရွှေမန်းနှင့် မိမိ သမ္မတအဖြစ် ယှဉ်ပြိုင်မည်ဆို...
- အခြေခံဥပဒေပြင်ပြီး အာဇာနည်ကြီးများကို ကျေးဇူးဆပ်ရန...
- NLD နှင့် ကြံ့ခိုင်ရေးသင့်မြတ်မှု အခြားပါတီများ မစိ...
- "ရွှေလုပ်ကွက် ကြွေးကျန်များအစိုးရထံသို့ ၂ဝ၁၅ အပြီးေ...
- ပြည်သူများအားကူညီမှုများ ထိရောက်စွာ ပေးနိုင်ရန် အင်...
- ရိုဟင်ဂျာလူကုန်ကူးမှုစုံစမ်းဖို့ ထိုင်းကိုအမေရိကန်တ...
- တရုတ်သိုင်း ရုပ်ရှင်မင်းသား Bruce Lee အမှတ်တရပွဲကျ...
- ၂၀၁၄ မြန်မာ့သန်းခေါင်စာရင်းကောက်ယူရေး ရန်ပုံငွေလို...
- မိထ္ထီလာခရိုင် အရေးပေါ်အမိန့်ရုပ်သိမ်း
- မြန်မာ့ တပ်မတော် အရာရှိ ၃၀ ကို ခေါ်ယူ လေ့ကျင့်ပေးရန...
- သမ္မတဦးသိန်းစိန်၏ ခရီးစဉ် အကျိုးအမြတ်အဖြစ် မြန်မာက...
- လူမျိုးသုဉ်း သတ်ဖြတ်နေသည် ဆိုသော စွပ်စွဲချက်များသည...
- ရခိုင်ဒုက္ခသည်များကို လုံးချင်းအိမ်များသို့ နေထိုင်...
- အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီး...
- မျိုးစောင့် ဥပဒေ ပြဌာန်းရေး ထောက်ခံ လက်မှတ် ၂ သန်း...
- ရန်ကုန်မြို့တော်စည်ပင် မှ ခိုင်ခံ့မှုအတွက် အသိအမှတ်...
- မွေးမြူရေး နှင့် ရေလုပ်ငန်း ၀န်ကြီးဌာန သို့ ငွေကျပ...
- မြန်မာ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ ၁၅၃ ရုံကို ဒစ...
- ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် လက်နက် ကိုင်ဆောင...
- မိုင်းတုံမြို့ အဝင် စစ်ဆေးရေး ဂိတ်တွင် တရားမဝင် ဝင...
- ရေနံချောင်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ရေးမူစာအုပ်ြ...
- ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဂိတ်ပေါက်...
- ပြည်မြို့ မြင်းစီးရုပ်တုမှာ ပန်းခွေချခွင့်မရလို့ ပ...
- ခြေလေးချောင်းပါ ကလေးငယ်၏ ဒုတိယအဆင့် ခွဲစိတ်မှု တစ်လ...
- ကလေးအဖေဘယ်သူလဲ
- ပြည့်တန်ဆာနှင့် ဥပဒေ
- လူ့ အခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒေါ်ဘောက်ဂျာအား ဖမ်...
- ဖန်တီးသူ
- ၁၉-၇-၂၀၁၃ အာဇာနည်နေ့ အခမ်းနားမြင်ကွင်းပုံများ
- ထိုင်းမှ သက်တမ်း အရင့်ဆုံး ဟွာဆင် ဟန်းရွှေဆိုင် လာဖ...
- ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဇုန်ဝင်ကြေးများ မြ...
- ယခုနှစ်တွင် ပြည်ပ ပို့ကုန်များ၌ သဘာဝ ဓာတ်ငွေ့ကိုပိ...
- မြောက် ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ခေ...
- ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့်...
- မန္တလေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ်ပွဲကျင်းပ
- လားရှိုးမြို့ရှိသုံးဘီးယာဉ်များပေါ်တွင် လောင်းကစားပြ...
- Password Lock ကျနေသော Lumia 920 ကို Hard Reset လုပ...
- (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လွှတ်တော်ကိ...
- မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ ကြီးသည့်ကာလ၌ မြေသ...
- လှေစီးပြေးဒုက္ခသည် Australia မှာ လက်ခံတော့မည်မဟုတ်
- အာဇာနည်နေ့ နယ်မြို့တွေမှာ ကျင်းပ
- အာဇာနည်နေ့ ရန်ကုန်မှာ ထူးထူးခြားခြားဂုဏ်ပြု
- Sexy အနမ်းပါဝင်သည့် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရ...
- သမီးရည်းစား ချိန်းတွေ့ရာမှ အလိုမတူပြုကျင့်မှုဖြစ်ပွား
- အခွင့်အလမ်းတွေ ကုန်ဆုံး အဆုံးသတ်ရတော့မည့် Nld
- ဒေါ်စု သမ္မတလုပ်မည်ဟု အာဏာရူးကာ ကြုံးဝါးနေချိန် ၂၀၁၅...
- ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဦးရွှေမန်း ပူးတွဲသတင်းစာရှ...
- ပြင်သစ်ရောက်သမ္မတ ဦးသိန်းစိန် ရင်းနှီးမြှပ်နှံရေး ...
- မာဖီးယားဂိုဏ်းချုပ် နေဆန်းညီနောင်တို့ ကတိဖောက်ဖျက်...
- "ဆရာတော် ဦးဝီရသူနှင့် စကားစစ်ထိုးလိုသည်ဟု ပြည်ပရော...
- တေးသံရှင် ဆိုတေး နိုင်ငံခြား သွားရောက် ဆေးကုသရန် မ...
- ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်ဟောင်း တစ်ဦး...
- ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရန် ဂျပန် ကူညီမည်
- နောက်ကြောင်းပြန် လှည့်ရန်နောက်ကွယ်မှ ကြိုးကိုင်နေသ...
- " အိမ်အပြန်"
- သစ္စာရှိသော သခင်
- ဆော်ဒီက ရိုဟင်ဂျာ များအရေး
- ဗိုလ်ချုပ်က ကုလားကို ကုလားလို့ ခေါ်ခဲ့တယ်
- ကွန်စတင်တီနီုပလ် အဖြစ်မျိုး မကြာခင်ကြုံလာရတော့မယ့်...
- ဗိုလ်ချုပ်နှင့်ဒေါ်စု အပေါ် ကျွန်တော့် အမြင်
- ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျောက်မျက် ရတနြာ...
- မန္တလေးမြို့တွင် ကျောက်စိမ်းအချောနည် လုပ်ငန်းများ လ...
- ဗေဒါလမ်း (၂) – မယ့်လမ်းပါတဲ့
- ဘုရားရှင်မှ ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ
- ၁၉-၇-၂၀၁၃ ၆၆ကြိမ်မြောက် ၁၉ဇူလှိုင် အာဇာနည်နေ့ အမှတ်...
- ဧပြီမှ ဇူလိုင် လဆန်းပိုင်း အထိ ပဲမျိုးစုံ တင်ပို့မ...
- ငြိမ်း ချမ်းရေး ဆွေးနွေးပွဲ များတွင် ဒေါ်အောင်ဆန်း ...
- ကွန်ဒိုမီနီယံ ဥပဒေ ပြင်ဆင်ရေး ဆွဲရေး အပြီး မသတ်နို...
- ဖေ့ဘွတ် အကောင့်များ အဟက် ခံထားရပြီး ရေးသား ခံနေရသေ...
- " သမိုင်း တွင်ခဲ့ သည့် အာဇာ နည် ခေါင်းဆောင်ကြီး မျ...
- အာဇာ နည်နေ့ မှာ ရင်သိမ့် သိမ့်တုန်အောင် ၀မ်းနည်းခြ...
- မန်းကျုံး တွင် လူသေ အလောင်းတွေ့ပြန်
- ရွန်နီ အတွက် ကမ်းလှမ်းခဲ့ ပါတယ်----ချဲလ်ဆီး အသင်း ...
- ပေါ်စခိုးလ် နဲ့ တွဲဖက် ကစား ဖို့ အခွင့် အရေး
- သမ္မတကြီး ဦးသိန်းစိန် နှင့် ဟာဂျီ ဒေါ်စုတို့အပေါ် မြ...
- အသုံးချခံ မြေယာပြဿနာ
- ရေနွေးပူလောင်းခံရသည့် ကရင်မိန်းကလေး ခွဲစိတ်မှုအောင်...
- အမျိုးစောင့် ဥပဒေသာရှိခဲ့လျှင်
- သမ္မတ ဦးသိန်းစိန် နဲ့ ဘီဘီစီ မေးမြန်းခန်း ၂
- စစ်တွေ ဘောဒူဘ ကုလားဒုက္ခသည်စခန်းတွင် ကုလားဒုက္ခသည်ဆိ...
- “လူနည်းစုတဲ့လား”
- မြန်မာနိုင်ငံ၏ လူမျိုးစုသမိုင်းတွင် ရိုဟင်ဂျာလုံးဝ...
- လေးစားရပါသော လူထုခေါင်းဆောင် ဒေါ်စုကြည် ခင်ဗျား
- မိတ္တီလာ အရေးပေါ်အခြေအနေ ဇူလိုင် ၂၀ တွင် ရုပ်သိမ်းမည်
- ၂၀၁၅ မှာ မြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှု ပပျောက...
- စနိုးဒင်ကို နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွ...
- ဆိုတေး၏ အလုံးစုံ ကိစ္စအားလုံး ဆိုတေး အဖေ ဖြစ်သူရဲ့ ...
- အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုဂါရဝ အစီအစဉ်မ...
- အီဂျစ်လိုဖြစ်လာနိုင်သလား
- နှစ်လနာရီ ခါရာသီရွေ့ပေမယ့် ....
- အာဇာနည်နေ့ ဥသြသံ ရယူသူ ၈၀၀ ကျော်ရှိပြီ ဟုဆို
- ခရစ္စမတ်ကျွန်းနား လှေမှောက် ခိုလှုံခွင့်တောင်းလိုသူ...
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...