သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, July 14, 2013

ဆန္ဒပြမှုတွေကြောင့် တရုတ် ယူရေနီယံ စီမံကိန်း ဖျက်

တရုတ်နိုင်ငံမှာ ယူရေနီယံသတ္ထုသန့်စင်တဲ့ စက်ရုံတည်ဆောက်မယ့်ကိစ္စကို လူထုရာနဲ့ချီပြီး ကန့်ကွက်လို့ အစိုးရက အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါ တယ်။

တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်း CNNC ရဲ့ ဒေါ်လာ သန်း ၆ ထောင်တန် စီမံကိန်းကို ရပ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတောင်
ပိုင်းက Guangdong ပြည်နယ် Heshan မြို့တော်ဝန် က သူတို့မြို့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ကြေညာထားပါတယ်။


ဘေးအန္တရယ်ကင်းရှင်းရေးအတွက် စိတ်မချရလို့ ဒေသခံတွေက စက်ရုံဆောက်လုပ်မယ့်ကိစ္စကို ကန့်ကွက်နေကြတာပါ။

ဒါကြောင့် သောကြာနေ့တုန်းကပဲ ကန့်ကွက်တဲ့စာတန်းတွေ ကိုင်ဆောင် ကြွေးကြော်သံတွေ ဟစ်အော်ပြီး လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့
ကြတာပါ။

ဆန္ဒပြပွဲတွေကြောင့် အစပိုင်းမှာ အရာရှိတွေ ညှိနှိုင်းမှုကာလကို ၁၀ ရက် တိုးခဲ့ရပြီး စနေနေ့ကျတော့ ဒီ အစီအစဉ်ကို ဖျက်သိမ်းဖို့ နောက်ဆုံး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ CNNC ကော်ပိုရေးရှင်းဘက်က ချက်ချင်းတုံ့ပြန်မှု မရရှိသေးပါဘူး။

Voice of America by noreply@voanews.com (ဗွီအိုအေ (မြန်မာဌာန))

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D