သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 10, 2013

ခင်ဝင့်ဝါ စာချုပ်ထားသည့် တစ်နှစ်အတွင်း အရက်၊ ဆေးလိပ်၊ ဘီယာကြော်ငြာများ ရိုက်ကူးခွင့်မရှိဟုဆို

ရတနာ ၊ ရန် ကုန် ၊ စက်တင်ဘာ(၉)
===========================
Miss Supranational ပြိုင်ပွဲမှ Title ဆုလေးဆုရ ခင်ဝင့်ဝါကို အရက်၊ ဆေးလိပ်၊ ဘီယာကြော်ငြာများ အား စာချုပ်ချုပ်ထားသည့် တစ် နှစ်အတွင်း ရိုက်ကူးခွင့်ပြုမည်မ ဟုတ်ကြောင်း Miss Supranational Myanmar အော်ဂနိုက် ဇေးရှင်းမှ သိရသည်။

''ကျွန်မတို့ အခုလို သူ့ကို ဆေးလိပ်၊ အရက်နဲ့ဘီယာကြော် ငြာတွေ မရိုက်ခိုင်းတာက မစ်မော် ဒယ်တစ်ဦးအနေနဲ့ ရှိသင့်ရှိထိုက် တဲ့ အရည်အချင်းတွေပျောက် ပျက်သွားမှာစိုးလို့ပါ။ တကယ်လို့ အစ်မတို့နဲ့စာချုပ်ချုပ်ထားတာ ပြည့်ပြီးသွားရင်တော့ သဘော ပေါ့နော်။ အစ်မကအခု သူဆုယူ ပြီး ပြန်လာတော့လဲ သိပ်ဝမ်းသာ တယ်။ အချိန်ကလဲသိပ်မရဘူးဆို တော့လေ။ ဘာပဲဖြစ်ဖြစ် အခု လို MISS တွေကိုမွေးထုတ်ပေး ပြီး နိုင်ငံတကာကိုယှဉ်ပြိုင်နိုင် တာက မြန်မာကိုကမ္ဘာကသိ အောင်ဆိုတဲ့စိတ်နဲ့ပါ''ဟု ယင်း အဖွဲ့အစည်းမှ မဖူးဝေခိုင်ကပြော သည်။

Miss Supranational အော် ဂနိုက်ဇေးရှင်းအဖွဲ့သည် နှစ်စဉ် နှစ်တိုင်း မော်ဒယ်များကို မွေး ထုတ်ပေးမည်ဖြစ်ပြီး ယင်းမှရရှိ သည့် အကျိုးအမြတ်များအား မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြား ၌ ပရဟိတလုပ်ငန်းများကို တတ် နိုင်သလောက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အော်ဂနိုက်ဇေး ရှင်းမှာ ၂၀၁၃ခုနှစ် မေလပိုင်းမှ စတင်ပြီး လူငယ်များဖြင့်ဖွဲ့စည်း ထားသည့် အဖွဲ့တစ်ခုဖြစ်ကာ မြန်မာနိုင်ငံမှ ကိုယ်စားပြုယှဉ် ပြိုင်သည့် ခင်ဝင့်ဝါသည် Miss Internet, Most Beautiful Girl In The World, People Choice Award, Face of Miss Supranational များရရှိခဲ့ခြင်း ဖြစ်သည်။

 
မြဝတီ-

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D