နာမည်ကြီး ပင်လယ်ဓားပြ သဘာဝ နယ်လွန် ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့ Pirate of
the Carribean ဆိုတာ ကို ပြော လိုက်ရင် ဇာတ်လိုက် ကျော်ကြီး ကပ္ပတိန်
ဂျက်စပဲရိုး( မင်းသား ဂျော်နီဒက်ဖ်) ကို
ချက်ချင်း မျက်စေ့တဲ့ တန်းမြင်ကြ မှာပါ။
သူဟာ ကမ္ဘာပေါ်မှာ ဆန့်ကျင်ဘက်လိင်တွေကို ဆွဲဆောင်မှု အရှိဆုံး အမျိုးသားရယ်လို့လည်း သိထားကြတာပါသူ့ရဲ့ ပင်လယ်ဓားပြ သရုပ်ဆောင်ချက်တွေနဲ့ အတူ သူ့အသုံးအဆောင်၊ သူ့စတိုင်တွေက ကမ္ဘာအနှံ ပျံ့နှံ့ လွှမ်းမိုးခဲ့တာ လည်း ငြင်းမရပါဘူး။တကယ်တော့ ကပ္ပတိန်ဂျက်စပဲရိုး အခုလို ကမ္ဘာကျော် စန်းထ ကံကောင်းရတာက မြန်မာ့ကျေးဇူးကြောင့်ပါ။
သူ့ရဲ့ ဇာတ်လမ်းထဲမှာ ကံကောင်းခြင်း အဆောင် အဖြစ် သူ့ ဦးခေါင်းထက်မှာ အမြတ်တနိုး ထားတာပါ။ အဲဒီ အမြတ်တနိုး သူ့ရဲ့ အဲဒီပစ္စည်းလေးကို ပစ္စည်း ၈ မျိုးပါလို့ Jack Sparrow's piece of eight လို့ အမည်ပေးထားပါတယ်။
ကပ္ပတိန် ဂျက်စပဲရိုးက အဲဒီ အဆောင်လေးကို သူ ပထမဆုံး ပြင်သစ် ဓားပြတိုက်လို့ ရထားတဲ့ ပစ္စည်း ၂ မျိုး ရှိပါ တယ်။ တမျိုးက Moroccan ခေါ် အာရပ်နွယ် လူမျိုးတွေရှိတဲ့ မော်ရိုကိုက ကျောက်ပုတီးစေ့လေး
တွေ နဲ့ နောက်တ မျိုးက Siamese Coin ဆိုတဲ့ ထိုင်းနိုင်ငံက ရှေးဟောင်း ဒင်္ဂါးပြားဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီကံကောင်းခြင်း အဆောင်ပစ္စည်းလေးဟာ The Curse of the Black Pearl ဆိုပြီး ပုလဲနက် တစ္ဆေသင်္ဘောရဲ့ ကျိန်စာမိ ပစ္စည်းလို့ ပထမဆုံး သိလာခဲ့ရတာပါ။
အဲဒီ အရောင်စုံ ကျောက် ပုတီးစေ့တွေနဲ့ သီထားတဲ့ ပုတီးလေးမှာ ရှေးဟောင်း ဒင်္ဂါးပြား တခု ချိတ်ဆွဲ ထားပြီး ကံ ကောင်းခြင်း အဆောင်အဖြစ် သူက ဆောင်ထားတာပါ။
သူ့ရဲ့ အဆောင် မြန်မာ ၅ ပြား စေ့နဲ့ ကျောက်ပုတီဆိုတာဟာ သူ့အတွက် ဘုန်းကံမြင့်ပြီး ရှင်သန်ခြင်း၊ ကံကောင်းခြင်း တွေ ရှိတာကြောင့် ရန်သူတော်တွေကလည်း အဲဒီအဆောင်ကို တစ္ဆေသင်္ဘောက ကပ္ပတိန် ကလည်း လောင်းကြေး ကို အဲဒီ အဆောင်ကိုလိုချင်လို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဒါပေမယ့် နောက်ဆုံးတော့ ကပ္ပတိန် ဂျက်စပဲရိုးလည်း Hector Barbossa ရဲ့ လက်ချက်နဲ့ သူ့အဆောင်
လေး လက်လွှတ်ဆုံးရုံးသွား ချိန်မှာတော့ သူ့ဘ၀ လည်း စုတ်ပြတ်သတ်သွားတော့တာပါ။
သူယုံကြည်တဲ့ ကံကောင်းခြင်း အဆောင်လေးဆိုတဲ့ ပစ္စည်းက ဒင်္ဂါး ဆိုတာကို သေချာ ကြည့်ပါ။ ဇာတ်လမ်း အရ တော့ Siamese Coin ( ထိုင်းနိုင်ငံက ရှေးဟောင်း အကြွေစေ့) လို့ ဆိုထားပေမယ့် တကယ်က မြန်မာနိုင်ငံက ထုတ်ထား တဲ့ ၅ ပြားစေ့ ခြင်္သေ့တံဆိပ် အကြွေစေ့လေးပါ။
၁၉၆၂ ခုနှစ်လောက် က ထုတ်လုပ်ထားတဲ့ ခြင်္သေ့တံဆိပ်နဲ့ ငါးပြား တန် အလေးစေ့ လေးဖြစ်ပါတယ်။
နောက်ဆုံးတော့လည်း ကပ္ပတိန် ဂျက်စပဲရိုးဟာ မြန်မာ့ ငါးပြားစေ့နဲ့ ကံကောင်းနေတာဆိုတော့ မြန်မာ့ အကြွေစေ့က ကမ္ဘာကျော် ပင်လယ်ဓားပြ ဇာတ်ကားကြီးရဲ့ တကယ့် ဇာတ်ဝင်ခန်း ပစ္စည်း ဖြစ်နေပါတော့တယ်။
အိမ့်သံစဉ်
ဧရာဝတီ
NKorea Criticized for ‘Sexist’ Jab at South’s Leader
http://www.irrawaddy.org/archives/29290

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...